December 10, 2012

α€€ာα€€ွα€š်α€›ေး ဦးα€…ီးချုပ် α€’ုတိα€š α€—ိုα€œ်ချူပ်α€™ှူးα€€ြီး မင်းထောင်α€œှိုင် α€…α€…်တက္α€€α€žိုα€œ် ထမှတ်စဉ် ၅၅ α€€ျောင်းဆင်းပွဲတွင် ပြောα€€ြားα€žα€Š့် α€™ိα€”့်ခွα€”်း α€€ောα€€်α€”ုတ်ချα€€်α€™ျား



α€…α€…်တက္α€€α€žိုα€œ် ထမှတ်စဉ် ၅၅ α€€ျောင်းဆင်းပွဲα€™ှာ တပ်မတော်α€€ာα€€ွα€š်α€›ေးဦးα€…ီးချုပ် α€™ှ α€™ိα€”့်ခွα€”်းပြောα€€ြားတဲ့ ထထဲα€€ α€…α€€ားα€œုံးတစ်ချို့α€Ÿာ ဆိုရင် α€…α€…်α€—ိုα€œ်α€œေး တွေ ထတွα€€်α€žာα€™α€€ α€œα€€်α€›ှိα€™ြα€”်α€™ာα€”ိုင်ငံα€›ဲ့ α€”α€š်α€•α€š် α€‘α€žီးα€žီး α€™ှα€–ြα€…်α€”ေတဲ့ ထဖြα€…်တစ်ချို့ ထပြင် ဦးα€…ီးဆောင်α€›ွှα€€်α€žူα€™ျားထတွα€€်ပါ α€™ှတ်α€žားα€…α€›ာတွေ ပါα€œာα€œို့ တစ်ချို့ထချα€€်တွေα€€ို α€€ောα€€်α€”ုတ်α€–ော်ပြα€œိုα€€်ပါα€α€š် ။

(၁)α€€ောင်းα€™ွα€”်တဲ့ α€œုပ်ဆောင် α€™ှုတွေ၊ α€™ှα€”်α€€α€”်တဲ့ ခေါင်းဆောင်α€™ှု တွေα€”ဲ့ α€™ိα€™ိ တာဝန်α€šူ ရတဲ့ α€…α€…်α€žα€Š်တွေα€€ α€™ိα€™ိα€€ို α€žူတို့α€›ဲ့ ခေါင်းဆောင်တစ်ဦး ထဖြα€…် α€‘α€žိထမှတ်ပြု α€œα€€်ခံ α€œာထောင် α€‘α€œုပ်α€”ဲ့ ပြပြီး α€€ွပ်α€€ဲ ခေါင်းဆောင်α€›α€™ှာ α€–ြα€…်α€α€š်။ α€™ိα€™ိတပ်α€–ွဲ့α€€ို ခေါင်းဆောင်α€™ှု ရထောင် ထတင်းထကျပ် α€œုပ်α€šူရင် ထာဏာα€›ှင် ခေါင်းဆောင် α€–ြα€…်α€œာပြီး ထချိα€”်တို ထတွင်း α€™ိα€™ိ ခေါင်းဆောင်α€™ှု α€€ျဆင်း α€žွားα€™ှာ α€–ြα€…်α€α€š်။

  (၂)တပ်မတော်α€Ÿာ တပ်မတော် α€…α€Š်းα€€α€™်း α€₯ပဒေတွေ၊ α€…α€…်α€™ြေပြင် α€…α€Š်းα€€α€™်း တွေα€”ဲ့ α€”α€š်α€˜α€€် ဆိုင်α€›ာ α€…α€Š်းα€€α€™်း α€₯ပဒေတွေα€€ို α€…ံα€”α€™ူα€”ာပြ α€œေးα€…ား α€œိုα€€်α€”ာα€€ြα€›α€™ှာ α€–ြα€…်α€α€š်။ 

 (၃) ဆန္ဒတွေα€€ို α€›ှေ့တန်း တင် α€œွα€”်းရင် α€™α€™ှားα€žα€„့် တာတွေ α€™ှားတတ်α€α€š် ဆိုတာα€€ို ထထူး α€žα€ိပြု α€–ို့ α€œိုα€α€š်။ ဆန္α€’α€€ို ဦးα€…ား မပေးα€˜ဲ α€œုပ်α€žα€„့် α€™α€œုပ်α€žα€„့် α€™ှα€”်α€€α€”်α€…ွာ ဝေα€–α€”်ပိုင်းခြား α€€ြα€›α€™α€š်။ α€œုပ်α€€ိုင် ဆောင်α€›ွα€€်α€›ာ α€™ှာα€œα€Š်း ထခြေထနေ၊ ထချိα€”်ထခါ ထရပ်ရပ်α€€ို α€žေချာα€…ွာ စဉ်းα€…ား ချင့်ချိα€”်ပြီးα€™ှ ထကောင် α€‘α€‘α€Š်α€–ော် ဆောင်α€›ွα€€်α€›α€™α€š်။ ခေါင်းဆောင် α€œုပ်α€žူα€›ဲ့ α€™ူဝါα€’၊ α€œိုα€œားချα€€်α€€ို ထကောင် α€‘α€‘α€Š်α€–ော် ဆောင်α€›ွα€€်α€™ဲ့ α€œα€€်ထောα€€်α€€ α€žေချာ α€žိα€›ှိထောင် ဆောင်α€›ွα€€်ပြီး α€žူတို့α€›ဲ့ α€œိုထပ်ချα€€်တွေ၊ α€–ြα€Š့်α€†α€Š်း ပေးα€›α€™ှာ တွေα€€ို α€–ြα€Š့်α€†α€Š်းပေး ခြင်း၊ ဦးဆောင် α€œα€™်းα€Šွα€”်α€™ှု ပေးခြင်းတို့α€–ြင့် α€›α€Š်α€™ှα€”်းချα€€် တာဝန်တွေα€€ို ထောင်α€™ြင်ထောင် ဆောင်α€›ွα€€်α€€ြ α€›α€™ှာ α€–ြα€…်α€α€š်။ 

 (၄) α€žα€α€„်း α€”α€Š်းα€•α€Šာ တိုးတက်α€™ှု α€™α€›ှိα€žေး ချိα€”်α€™ှာ တိုα€€်α€…ွα€™်းထားα€”ဲ့ ပက်α€žα€€်ရင် α€…α€…်α€€α€…ားα€™ှု၊ ပစ်ထား၊ ထကာထကွα€š်α€”ဲ့ ခေါင်းဆောင်α€™ှု ဆိုတဲ့ ထချα€€် (၄) ချα€€်α€”ဲ့ တိုင်းတာ α€žα€်α€™ှတ် ခဲ့α€€ြပေα€™α€š့် α€šα€”ေ့ခေတ်α€™ှာ α€žα€α€„်း ထချα€€်α€‘α€œα€€် α€›α€›ှိα€‘α€žုံးပြု α€”ိုင်α€™ှု ဆိုတဲ့ ထချα€€်α€€ိုပါ α€‘α€Š့်α€žွင်း စဉ်းα€…ား α€œာα€€ြ α€›α€α€š်။ 

 (၅)α€›α€Š်α€™ှα€”်းချα€€် ထောင်α€™ြင်ထောင် α€œုပ်ဆောင်α€”ိုင်α€–ို့ ဆိုရင် ခေါင်းဆောင် α€œုပ်α€žူα€Ÿာ α€‘α€žိတရား၊ α€žα€ိ တရား α€›ှိα€›ှိα€”ေထိုင် α€œုပ်α€€ိုင်တတ်α€–ို့ α€œိုα€α€š်။ 

 (၆)တို့α€”ိုင်ငံα€›ဲ့ α€žα€™ိုင်းα€€ြောင်းα€™ှာ α€”α€š်ချဲ့တွေα€€ို တွα€”်းα€œှα€”် ချေα€™ှုα€”်းα€–ို့ α€žူ့ခေတ်ထခါα€”ှင့် α€‘α€Šီ ရင်α€˜ောင်တန်း α€”ိုင်တဲ့ α€…ွα€™်းα€›α€Š်α€›ှိတဲ့ တပ်မတော် တစ်ရပ် α€™α€›ှိခဲ့α€œို့ α€œွတ်α€œα€•်α€›ေး ဆုံးα€›ှုံးခဲ့α€› α€–ူးα€α€š်။ α€”ိုင်ငံတော် α€€ာα€€ွα€š်α€›ေး α€…ွα€™်းα€›α€Š် α€™ြင့်α€™ားတိုးတက် α€œာα€…ေα€–ို့ တပ်မတော်α€€ို ခေတ်α€™ီတိုးတက် ပြောင်းα€œဲထောင် ဆောင်α€›ွα€€်α€›ာα€™ှာ Standard Army ထဖြα€…် α€›ောα€€်α€›ှိထောင် α€™ျှော်α€™ှα€”်း ဆောင်α€›ွα€€်α€”ေချိα€”် α€–ြα€…်α€œို့ α€›ဲα€˜ော်တို့ ထနေα€”ဲ့ α€œα€Š်း တို့တပ်မတော်α€›ဲ့ တိုးတက်ပြောင်းα€œဲ ဆောင်α€›ွα€€်α€”ေα€™ှု တွေα€”ဲ့α€‘α€Šီ ထံဝင်ခွင်α€€ျ α€–ြα€…်ထောင် α€€ြိုးα€…ား ဆောင်α€›ွα€€် α€”ေα€€ြα€–ို့ α€œိုα€α€š် ။ 

  (၇)ခေါင်းဆောင် α€„α€š်တွေ ထနေα€”ဲ့ α€…α€…်α€›ေးဆိုင်α€›ာ α€œေ့α€œာ ထာα€›ုံα€…ိုα€€်α€™ှု α€žာα€™α€€ ဆက်α€”ွα€š်α€”ေတဲ့ α€”ိုင်ငံα€›ေး၊ α€…ီးပွားα€›ေး၊ ထုပ်ချုပ်α€›ေးα€”ှင့် α€”ိုင်ငံတကာ α€›ေးα€›ာတွေα€™ှာပါ α€€ျွα€™်းဝင်α€žိα€›ှိ α€”ေထောင် α€šα€ုα€€α€α€Š်းα€€ α€œေ့α€œာ α€žွားα€€ြ α€–ို့ α€œိုα€α€š်။α€’ါα€™ှα€žာ α€”ိုင်ငံတော်α€”ဲ့ တပ်မတော် ထတွα€€် α€‘α€œေးထားရတဲ့ ခေါင်းဆောင်α€€ောင်းတွေ ထဖြα€…် ပေါ်ထွα€”်း α€œာα€™ှာ α€–ြα€…်α€α€š်။

November 25, 2012

α€œွα€™်းα€™ိα€žော ထမိα€…α€…်တက္α€€α€žိုα€œ်

From:Phoe Thar Lay

တစ်ခါတစ်α€œေα€€ျα€œα€Š်းα€—ိုα€œ်α€œောင်းα€˜α€α€€ိုထရမ်းα€œွα€™်းα€α€š်..။ α€™α€”α€€်α€™ိုးα€œα€„်းတာα€”ဲ့ ၅ α€”ာα€›ီ ထချင်α€œα€Š်းထ မထချင်α€œα€Š်းထ..။ α€™α€‘α€œို့ ၅ α€”ာα€›ီခွဲα€œို့α€™ှ တန်းα€…ီα€€ွင်းα€€ို PT dress α€”ဲ့α€™α€›ောα€€်ရင်တော့ "α€Ÿိုα€™ောင်" α€–ားခုα€”်α€œေးα€”ဲ့ဝင်ခဲ့ပါတို့ ၊ ဂျွα€™်းα€”ဲ့ဝင်ပါတို့ α€Ÿိ...။ α€€ျα€™်းα€™ာα€›ေးα€œေ့α€€ျင့်ခန့် ၄၅ α€™ိα€”α€…်α€œုပ်ပီးရင် "α€€ျား" ထိုးပီး α€›ေα€™ိုးချိုးထဝတ်ထစားα€œဲ..။ α€…ားα€›ိပ်α€žာα€™ှာ α€™α€”α€€်ခင်းα€…ာα€™α€…ားα€™ီ " ငါတို့α€žα€Š်α€”ိုင်ငံတော်α€™ှ α€€ျွေးα€žောထမင်းα€™ျားα€€ို α€…ား၍ α€”ိုင်ငံတော်၏ α€žα€…္α€…ာα€€ိုα€…ောင့်α€žိ α€›ိုα€žေပါα€™α€Š်" α€œို့ ၃ α€”ှα€…်α€œုံးα€œုံးα€™α€”α€€်တိုင်း ဆိုα€œာခဲ့တာ..။

 α€™α€”α€€်α€…ာကတော့ ချပါတီ+α€€ြα€€်α€₯+ပဲα€Ÿα€„်း (α€žို့α€™α€Ÿုတ်) ဆီα€€ြော်+α€€ြα€€်α€₯+ပဲα€Ÿα€„်း α€œေးα€…ား.. ထဆင်ပြေα€α€š်α€Ÿ.. α€žုံးα€”ှα€…်α€œုံးα€’ီα€œို α€…ားα€œာရတာ။ ပထမနှα€…်တွေဆို α€”ေ့α€œα€š်ခင်α€…ာ ပဲα€Ÿα€„်းα€€ို α€™α€…ားချင်α€œα€Š်း α€…ားα€›α€α€š်၊ α€…ားချင်α€œα€Š်း α€…ားα€›α€α€š်..။ α€…ေတနာα€€ောင်းတဲ့α€…ီα€”ီα€šာα€”ဲ့ တွေ့ရင် α€žူ့ပန်α€€α€”်ထဲα€€ ပဲပါα€…ားα€–ို့ပေးα€žေး α€α€š်..။α€€ြα€€်α€₯ဆိုα€œα€Š်း α€…ီα€”ီα€šာတွေ α€™α€…ားပဲ α€Šီα€…ားဆို α€€ျွေးတာ α€žα€ိα€›α€žေးα€α€š်..။ α€Ÿီးးးးးးး ။ ပဲα€™α€€ြိုα€€်တဲ့ငါ α€€ြα€€်α€₯α€™α€…ားတဲ့ ငါα€œα€Š်း α€…α€…်တက္α€€α€žိုα€œ် တတိα€šα€”ှα€…် α€›ောα€€်တော့ ပဲα€€ောင်းα€€ောင်းα€…ား တတ်α€”ေပီ..။

 α€€ျေးဇူးတင်α€α€š် α€…ီα€”ီα€šာတွေα€€ို..။α€’ီα€œိုα€”ဲ့α€…ီα€”ီα€šာတွေα€€ိုα€œα€Š်း ချα€…်တတ်ခဲ့α€α€š်၊ α€œေးα€…ားတတ်ခဲ့α€α€š်..။ ထမှားထမှα€”်ခွဲခြားတတ်ထောင် α€›ှေ့ဆောင်α€œα€™်းပြခဲ့တဲ့ α€…ီα€”ီα€šာတွေ ထများα€€ြီးα€™ြင်ရတော့ α€…α€…်တက္α€€α€žိုα€œ်α€€ြီး ထတွα€€် ဂုဏ်α€šူα€α€š်..။ α€€ျောင်းဆင်းတဲ့ထချိα€”်α€™ှာ ငါ့α€›ဲ့α€€ိုα€š်α€‘α€œေးချိα€”်α€Ÿာ ထရမ်းပြောင်းα€œဲပီး ထတိုင်းထတာတစ်ခုထိတော့ α€–ွံ့α€–ြိုးα€œာခဲ့α€α€š်..။

 α€œွα€™်းα€™ိα€α€š် α€…α€…်တက္α€€α€žိုα€œ် α€€ြီးα€›α€š်...။ α€…α€…်တက္α€€α€žိုα€œ်α€›ဲα€›α€Š်α€›ွα€š်ချα€€်α€Ÿာ "α€€ြα€Š်း၊α€›ေ၊α€œေ ထတွα€€် α€œိုထပ်တဲ့ထရာα€›ှိα€€ောင်းα€™ျားα€œေ့α€€ျင့်α€™ွှေးထုတ်ပေးα€›α€”်" α€œို့α€›ေးထားပေ့α€™α€š် α€α€€α€š့်α€›α€Š်α€›ွα€š်ချα€€်တွေ α€…ေတနာတွေကတော့ ထများα€€ြီးα€–ြα€…်α€™α€š်..။

November 24, 2012

ပြα€Š်α€žူ+တပ်မတော်+တိုင်းရင်းα€žားပါတီα€™ျား+NLD+ပြα€Š်ခိုင်α€–ြိုး+တိုင်းရင်းα€žားα€œα€€်α€”α€€်α€€ိုင်တပ်α€–ွဲ့α€™ျား=α€’ီα€™ိုα€€α€›ေα€…ီ


From:α€–ိုးα€žားα€œေး

ငါတို့တွေ α€„α€š်α€„α€š်α€›ွα€š်α€›ွα€š်α€”ဲ့ ထမိထိα€™်၊ ဆွေα€™ျိုးα€žားချင်းတွေα€”ဲ့ခွဲခွာခဲ့α€›α€α€š်။ α€€ိုα€š်α€”ဲ့α€›ွα€š်တူတွေ α€œူα€„α€š်α€˜α€α€€ို ပျော်ပျော်ပါးပါးα€”ေα€”ေရတဲ့ထချိα€”်α€™ှာ α€™ိα€™ိα€‘α€žα€€်တွေα€€ို α€”ိုင်ငံထတွα€€် α€…ွα€”့်α€œွှတ်α€–ို့ α€žα€…္α€…ာဆိုပြီး တပ်မတော်ထဲα€€ို ဝင်α€œာခဲ့α€€ြα€α€š်။ ငါတို့တွေ တပ်မတော်ထဲα€›ောα€€်α€œာα€œို့ တပ်မတော်α€žားα€œို့ခေါ်α€€ြပေα€™α€š့် ငါတို့တွေ ထတွα€€်ကတော့ ပြα€Š်α€žူα€€ α€™ွေးပြီး ပြα€Š်α€žူထဲα€€ ပေါα€€်α€–ွားα€œားတဲ့ ပြα€Š်α€žူ့α€žားα€œို့ ခံα€šူထားα€€ြα€α€š်။

 α€‘ခုချိα€”်α€™ှာ ငါတို့တွေထကောင်းဆုံးα€–ြα€…်ထောင် ဝိုင်းဝန်းα€€ြိုးα€…ားα€”ေα€€ြα€α€š် ။ α€™α€€ောင်းတဲ့α€žူတချို့α€€ြောင့် ငါတို့α€€ိုပါ ဝါးα€œုံးα€›ှα€Š်α€”ဲ့ α€žိα€™်းα€€ြုံးα€›α€™်းခံα€”ေα€›α€α€š်။ ထဲα€œိုα€›α€™်းခံရတာထက် တပ်မတော်α€žားα€”ဲ့ ပြα€Š်α€žူα€€ို ခွဲခြားခံထားရတာα€Ÿာ ငါတို့ထတွα€€် α€…ိတ်α€™α€€ောင်းထဖြα€…်ဆုံး ခံα€…ားရထခက်ဆုံး ထဆိပ်တခွα€€်ပါ။ α€–ြα€…်α€”ိုင်ရင် တပ်မတော်ဆိုတဲ့α€”ေα€›ာα€™ှာတောင် ပြα€Š်α€žူတွေထဲကပြα€Š်α€žူ့တပ်မတော် α€œို့α€žာပြောင်းပေးα€œိုα€€်α€…ေချင်α€α€š် ။ ထားα€œုံးα€Ÿာပြα€Š်α€žူပဲα€™ို့ ငါတို့တွေα€Ÿာ ငါတို့α€”ိုင်ငံα€€ိုချα€…်α€€ြα€α€š်၊ α€”ိုင်ငံα€€ိုα€–ွံ့α€–ြိုးတိုးတက်၊ ထာဝစဉ် ငြိα€™်းချα€™်း α€žာα€šာတာ α€™ြင်ချင်α€€ြα€α€š် ။

α€›α€Š်α€™ှα€”်းချα€€်ချင်းတွေတူα€€ြတာα€™ို့ ပြα€Š်α€žူတွေထဲα€€ ထဖွဲ့α€‘α€…α€Š်းတွေα€™ှာ α€™α€€ောင်းတဲ့α€žူတွေ့ရင်တောင် α€žွေးခွဲ ပစ်α€•α€š်α€žα€œို α€–ြα€…်α€™α€š့်α€…α€€ားတွေα€€ို α€›ှောင်α€›ှားပြီး ထေးဆေးα€…ွာα€”ဲ့ α€–ြေα€›ှင်းα€›α€™α€š့် α€€ောင်းα€žော ထောα€€်ပြα€™ှုα€™ျားα€”ဲ့ ဝိုင်းဝန်းပြုပြင်α€žွားα€€ြα€›α€™α€š်။ α€šα€ုα€™ျα€€်α€™ှောα€€်α€€α€”ေစပြီး ငါတို့တွေ ထချင်းချင်း α€Šီရင်းထကိုပမာ α€žွေးα€…α€Š်းα€Šီα€Šွတ်α€…ွာ α€”ားα€œα€Š်α€™ှုထပြα€Š့်α€”ဲ့ ချα€…်ချα€…်ခင်ခင် ဆက်ဆံα€žွားα€”ိုင်ထောင် ငါတို့ ဝိုင်းဝန်းα€€ြိုးα€…ားα€€ြα€™α€š်။ α€”ောα€€်α€˜α€š်ထဖွဲ့α€‘α€…α€Š်း ၊ ပုဂ္ဂိုα€œ်α€€α€™ှ α€€ိုα€š့်ပြα€Š်α€žူထချင်းချင်းပေါ်α€™ှာ ထနိုင်α€€ျင့်၊ တစ်α€–α€€်α€žα€်ဆက်ဆံတာα€™ျိုးတွေα€™α€›ှိထောင် α€€ိုα€š့် α€”ီးစပ်α€›ာထဖွဲ့α€‘α€…α€Š်းα€€α€”ေပြီး α€α€šောα€€်α€”ဲ့α€α€šောα€€် ဝိုင်းဝန်းထိα€”်းα€žိα€™်းα€€ာ ထကောင်းဆုံးα€–ြα€…်ထောင်α€€ြိုးα€…ားα€žွားα€€ြα€™α€š်။

 α€”ောα€€်တပ်မတော်α€žားဆိုပေα€™α€š့် ထခြားα€€ျα€”်တဲ့ပြα€Š်α€žူတွေα€œို ခံα€…ားချα€€်α€›ှိတဲ့ α€žာα€™α€”်α€œူα€žားတွေα€–ြα€…်α€žα€œို ပြα€Š်α€žူထဲကပေါα€€်α€–ွားα€™ွေးထွα€€်α€œာတဲ့ ပြα€Š်α€žူα€€α€™ွေးတဲ့ပြα€Š်α€žူ့α€žားတွေα€™ို့ ပြα€Š်α€žူပါပဲ။ပြα€Š်α€žူတွေ တပ်မတော်ထပေါ် α€™α€€ျေမနပ်တာတွေα€›ှိခဲ့ရင်α€œဲ ထခုချိα€”်α€™ှာ α€€ျေα€œα€Š်ပေးပါ။ α€™α€€ောင်းတဲ့α€žူα€›ှိα€”ေရင်တောင် ထဖွဲ့α€‘α€…α€Š်းတခုα€œုံးα€€ို ထိခိုα€€်တာထက် α€€ိုα€š့်ပြα€Š်α€žူ၊ပြα€Š်α€žားα€€ို ပစ်α€•α€š်α€žα€œိုα€–ြα€…်α€”ေတာ၊ α€žီးခြားα€–ြα€…်α€”ေပြီး α€…ိတ်α€žα€˜ောထားα€€ွဲα€œွဲα€”ေα€€ြတာတွေα€€ို α€™α€–ြα€…်ထောင်α€€ြိုးα€…ားα€™α€š်။ α€œူ့α€˜ောင်ထဖွဲ့α€‘α€…α€Š်းတိုင်းα€™ှာ α€œα€€်ထတိုထရှα€Š်α€™α€Šီα€žα€œို α€œူတွေα€›ဲ့ α€…ိတ်ဓတ်တွေα€Ÿာα€œဲ ထမျိုးα€™ျိုးပဲα€™ို့ ထမြင်ချင်းα€€ွဲပြီး α€žα€˜ောထားမတိုα€€်ဆိုင်တာα€œေးတွေ α€›ှိα€”ေတက်α€žα€œို α€€ောင်းတဲ့α€žူα€”ဲ့ α€™α€€ောင်းတဲ့α€žူ α€›ောα€”ေတက်ပါα€α€š်။

 α€‘ဲα€œိုα€™α€€ောင်းတဲ့α€žူα€›ှိα€”ေရင်တောင် ငါတို့တွေα€€ α€žူတို့တွေα€€ို တက်α€”ိုင်α€žα€œောα€€် α€”ားα€œα€Š်α€™ှုပေးပြီး α€…ိတ်ထားα€™ေတ္တာထမှα€”်α€”ဲ့ ထောα€€်ပြပေးရင် α€œα€€်တွဲခေါ်α€žွားα€”ိုင်α€™α€š်။ တပ်မတော်α€€ြီးα€™ှာα€œဲ မတစ်ထောင်α€žားတွေα€”ဲ့ α€–ွဲ့α€…α€Š်းထားတော့ α€œူα€™ျိုးပေါင်းα€…ုံ၊ α€…ိတ်ဓတ်α€™ျိုးα€…ုံα€”ဲ့ ရင်ဆိုင်α€–ြတ်α€žα€”်းခဲ့ရတာတွေ မတူα€€ြတာα€€ြောင့် α€œိုထပ်ချα€€်α€œေးတွေ ထမြဲα€œိုα€œို α€›ှိα€”ေတက်ပါα€α€š်။ α€šα€ုα€œα€€်α€›ှိα€™ှာ ငါတို့တွေα€žေချာပြောα€”ိုင်တာကတော့ ငါတို့တွေထားα€œုံးα€Ÿာ ထဲα€’ီα€œိုထပ်ချα€€်α€œေးတွေα€€ို ထကောင်းဆုံးပြα€Š့်α€…ုံα€€ောင်းα€™ွα€”်α€”ေထောင် α€€ြိုးα€…ားα€”ေα€€ြα€α€š်။ တပ်မတော်α€žားα€œဲ ပြα€Š်α€žူပဲα€–ြα€…်တာα€™ို့ ပြα€Š်α€žူα€›ဲ့ ခံα€…ားချα€€်α€€ို α€€ောင်းα€€ောင်းα€”ားα€œα€Š်ပါα€α€š်။ ပြα€Š်α€žူ့α€˜α€€်α€€α€”ေထကောင်းဆုံးရပ်α€α€Š်ပေးα€žွားα€”ိုင်ထောင် α€€ျွα€”်တော်တို့α€™ျိုးဆက်α€žα€…်တွေα€™ှာ α€€ြိုးα€…ားα€žွားချင်တာα€€ြောင့် တပ်မတော်α€žားပြα€Š်α€žူα€”ဲ့ α€”ိုင်ငံတွင်းα€€α€€ျα€”်တဲ့ပြα€Š်α€žူတွေα€”ဲ့ ခွဲခြားတာα€™ျိုးတော့α€™α€–ြα€…်α€…ေချင်ပါ။

 α€‘ခုချိα€”်ထိ α€€ောင်းထောင်α€œုပ်ချင်α€€ြိုးα€…ားα€”ေချင်တဲ့α€žူတွေပါ α€›ောα€›ောင်α€™ိုးα€™ွှα€”်ထောင် ဆဲခံရတာထက် ထရင်α€”ှα€…်၂၀ကျော် α€€ျွα€”်တော်တို့ α€€α€œေးα€˜α€α€€α€œိုထပ်ချα€€်တွေ α€–ြα€…်ပျα€€်ပြီးခဲ့တဲ့ ထိုးα€”ှα€€်ချα€€်တွေα€”ဲ့ α€€ိုα€š့်α€œူα€™ျိုးချင်းခွဲခြားခံα€”ေရတာ α€€ြိုးα€…ားချင်α€…ိတ်α€›ှိတဲ့α€žူတွေα€™ှာတောင် ထားထင်α€™α€›ှိထောင် ခံα€…ား ရင်α€”ာα€™ိα€›α€α€š်။ α€”ောα€€်α€šα€ုα€œူα€„α€š်တွေα€Ÿာ α€”ောင်တခောတ်α€›ဲ့ ထနာဂတ်α€™ြα€”်α€™ာα€”ိုင်ငံတော်α€€ို ပုခုံးပြောင်းတာဝန်α€œွှဲပြောင်းα€šူα€›α€™α€š့် α€žူတွေα€–ြα€…်တာα€€ြောင့် ခုချိα€”်α€™ှာတော့ ထချင်းချင်းထမြင်α€™α€€ြင်α€œα€„်တာα€œေးတွေ ကင်းα€›ှင်းα€žα€„့်ပြီ။ ထရေးထခင်းတွေα€–ြα€…်တုα€”်းα€€ တပ်မတော်ပေါ်α€™α€€ျေနပ်ခဲ့တာတွေα€›ှိα€™α€š်။

 α€€ျွα€”်တော်တို့α€”ားα€œα€Š်ပါα€α€š် ထားα€œုံးα€›ဲ့ခံα€…ားချα€€်တွေα€€ို။ α€”ောα€€်ထဲα€’ီထချိα€”်α€™ှာα€œဲ တပ်မတော်α€žားတွေα€›ဲ့ထမျိုးတွေα€‘α€žα€€်မပါα€˜ူးα€œို့ α€˜α€š်α€žူပြောα€”ိုင်α€™α€œဲ???။ α€”ိုင်ငံတစ်α€”ိုင်ငံα€™ှာ α€”ိုင်ငံα€›ေးα€™α€α€Š်ငြိα€™်α€™ှုတွေα€–ြα€…်α€œာရင် ထတက်α€”ိုင်ဆုံး α€€ောင်းα€™ွα€”်α€…ွာ ငြိα€™်းငြိα€™်းချα€™်းချα€™်းα€”ဲ့ ထေးဆေးα€–ြေα€›ှင်းα€›α€™α€š့်α€”α€Š်းα€€ိုα€žုံးα€”ိုင်ရင်ထကောင်းဆုံးပါ။ α€–ြα€…်ခဲ့တာတွေကတော့ ထစိုးα€›α€€ော၊ ထတိုα€€်ထခံα€˜α€€်α€€α€€ော α‚α€˜α€€်α€œုံးα€€ α€œိုထပ်ချα€€်တွေα€›ှိခဲ့α€œို့ပဲ။

 α€”ောα€€်α€™ြα€”်α€™ာα€œူα€™ျိုးတချို့α€›ဲ့ ထမြင့်α€›ောα€€်ရင် နထင်α€žွေးα€›ောα€€် α€˜α€α€„်α€™ြင့်α€œေα€Ÿα€•်ချင်α€€ြα€α€š်။ စင်ပေါ်α€›ောα€€်ရင် α€Ÿောα€€်ချင်α€α€š်၊α€Ÿိα€”်းချင်α€α€š်၊ ပါဝါပြချင်α€α€š်.. ထဲα€’ီα€™α€€ောင်းတဲ့α€…ိတ်ဓတ်တွေα€€ို ပြင်α€›α€™α€š် (α€€ျွα€”်တော့်α€€ိုတောင် ပါဝါပြα€Ÿောα€€်တာα€€ိုα€š်တွေ့ခံခဲ့α€›α€–ူးα€α€š် α€–ြα€…်ပုံကတော့ α€€ျွα€”်တော်ဦးα€œေးα€α€šောα€€်α€€ားα€”ဲ့တုα€”်းα€€ α€œα€™်းချပေးမရတဲ့ α€œα€™်းα€€ျဉ်းα€€ျဉ်းα€œေးα€™ှာ ဆိုင်α€€α€š်α€”ဲ့ ထဖွဲ့α€‘α€…α€Š်းတခုα€€ α€™α€œောα€€်α€œေး α€™α€œောα€€်α€…ားα‚α€šောα€€်α€€ α€Ÿောα€€်α€…ားα€œုပ် ပါဝါပြα€žွားα€α€š်)။

 α€α€•်မတော်α€žားထဲα€™ှာα€œဲ α€›ှိα€€ောင်းα€›ှိα€”ေα€”ိုင်ပါα€α€š်။ α€›ှိα€”ေရင်α€œဲ ဝိုင်းဝန်းထိα€”်းα€žိα€™်းα€€ြα€›α€™ှာ α€€ျွα€”်တော်တို့တာဝန်α€–ြα€…်α€žα€œို ထားα€œုံးα€›ဲ့α€Šီα€Šွတ်α€™ှုα€”ဲ့ ဝိုင်းဝန်းပူးပေါင်းဆောင်α€›ွα€€်α€€ြα€›α€™α€š်။ ထဲα€œိုα€…ိတ်ဓတ်တွေα€Ÿာ တပ်မတော်ထဖွဲ့α€‘α€…α€Š်းတခုထဲα€™ှာα€™ှ α€›ှိတက်တာα€™α€Ÿုတ်ပါα€˜ူး၊ ထခြားထဖွဲ့α€‘α€…α€Š်းတွေ၊ α€€ျα€”်တဲ့ပြα€Š်α€žူတွေα€™ှာα€œဲ ထပုံα€€ြီးပါ။ α€”ောα€€်တပ်မတော်ဆိုတာα€€ ပြα€Š်α€žူဆိုတဲ့ α€…α€€်α€›ုံထဲα€€ ထွα€€်α€œာတဲ့ ပြα€Š်α€žူတွေပါ။ ခြေα€™α€™α€€ောင်းခြေမပေါ့။ α€”ိုင်ငံα€™ှာတပ်α€€ိုခွဲထုတ်ပစ်ပါα€š်ထားα€œို့α€œဲ α€™α€›α€”ိုင်α€žα€œို ပြα€Š်α€žူα€€ို တပ်မတော်α€€α€œဲ ပစ်ထားα€œို့မရပါ။

 α€•ြα€Š်α€žူချα€…်တဲ့ ထားα€€ိုး ထားထားရတဲ့ တပ်မတော်α€–ြα€…်ထောင်α€œဲ α€€ျွα€”်တော်တို့ α€šα€ုထချိα€”်α€™ှာ ထတက်α€”ိုင်ဆုံး ပြα€Š်α€žူα€šုံα€€ြα€Š်α€™ှုα€›ှိထောင် ထထက်ထောα€€်α€…α€Š်းα€œုံးα€Šီα€Šာα€…ွာα€”ဲ့ ဝိုင်းဝန်းα€€ြိုးα€…ားα€žွားချင်ပါα€α€š်။ ထမြဲတမ်း တပ်မတော်α€€ ပြα€Š်α€žူ့α€˜α€€်ကရပ်α€α€Š်α€€ာα€€ွα€š်ပေးα€€ာ ပြα€Š်α€žူα€€ို α€™ိα€˜α€•α€™ာ ဦးထားဂိုဏ်းထားα€€ာ ဆက်ဆံα€žွားချင်α€žα€œို ပြα€Š်α€žူ့α€˜α€€်α€€α€œဲ တပ်မတော်α€žားα€™ျားထပေါ် α€”ားα€œα€Š်α€™ှုထပြα€Š့်ထဝနဲ့ α€œိုထပ်ချα€€်α€›ှိα€”ေတဲ့ တပ်မတော်α€žားတချို့ α€›ှိရင်တောင် α€Šီရင်းထကိုပမာ α€α€šောα€€်α€”ဲ့α€α€šောα€€် ဝိုင်းဝန်းထိα€”်းα€žိα€™်းပေးပြီး ထချင်းချင်းα€œေးα€…ားα€™ှုα€œေးတော့α€›ှိပေးပါ။ α€œူတိုင်းα€™ှာ ထမှားα€€ိုα€š်α€…ီမကင်းα€€ြပါα€˜ူး α€€ိုα€š်α€€ိုα€š်တိုင်တောင်ထမှားကင်းထောင်α€”ေα€–ူးα€œားဆိုတောင် α€€ိုα€š်တိုင်ပြα€”်α€™ေးα€€ြα€Š့်ပါ??? ထဲ့တော့ ခံα€…ားချα€€်α€€ို α€”ောα€€်α€™ှာထားပါ ခု α€œα€€်တွဲα€–ို့α€œိုတဲ့ချိα€”်α€™ှာ α€œα€€်တွေα€€ို တစ်α€šောα€€်α€”ဲ့တစ်α€šောα€€်α€šုံα€€ြα€Š်α€…ွာα€€α€™်းα€œိုα€€်α€€ြပါα€—ျာ။

α€€ိုα€š်α€…ီα€€ိုα€š်α€…ီ α€€ိုα€š်တိုင် ပြုပြင်α€žွားရင်းα€”ဲ့α€™ှ α€€ိုα€š်α€œိုချင်တာα€€ို α€›α€™ှာပါ ။α€žူ့α€€ြောင့် ငါ့α€€ြောင့် α€œα€€်α€Šှိုးα€œိုα€€်ထိုးα€œိုα€€် α€œူတကာα€€ို ထပြα€…်α€œိုα€€်α€›ှာα€œိုα€€် ထပြα€…်ပုံချα€œိုα€€်α€”ဲ့ကတော့ α€œိုချင်တဲ့α€šုံα€€ြα€Š်α€™ှုတွေα€α€Š်ဆောင်α€”ိုင်α€™ှာα€™α€Ÿုတ်ပါα€˜ူး။ ထရေးα€€ြီးဆုံးကတော့ α€™ိα€™ိα€€ိုα€š်α€žာ α€™ိα€™ိ α€œိုထပ်တာတွေα€€ို ပြုပြင်α€€ြα€–ို့ပါ ။ α€”ောα€€်ခုချိα€”်α€™ှာ α€€ျွα€”်တော်တို့တပ်မတော်α€žားတွေထားα€œုံးα€Ÿာα€œဲ α€”ားα€œα€Š်α€™ှုα€α€Š်ဆောင်α€”ိုင်ထောင် ထတက်α€”ိုင်ဆုံးα€€ြိုးα€…ားα€”ေα€€ြပါα€α€š်။α€˜α€š်α€žူတွေတက်တက် α€”ိုင်ငံထတွα€€် α€˜ာတွေα€™ျားα€œုပ်ပေးα€”ိုင်α€™α€œဲဆိုတာα€€ိုပဲ α€…ောင့်α€€ြα€Š့်α€”ေတာပါ ။တပ်မတော်α€žားတွေထတွα€€်ကတော့ α€˜α€š်α€žူထုပ်ချူပ်α€”ေပါα€…ေ α€€ျα€›ာတာဝန်α€€ို ထမ်းဆောင်α€›α€™ှာပါ။ ထဲα€’ီတာဝန်α€€α€œဲ α€šα€ုချိα€”်α€€α€…၍ ပြα€Š်α€žူα€€ိုα€€ာα€€ွα€š် ထရေးပေး ပြα€Š်α€žူ့ဆန္α€’α€€ို ထရင်ဆုံးα€€ြα€Š့်တဲ့ တပ်မတော်α€–ြα€…်α€žွားထောင် α€€ျွα€”်တော်တို့တွေ α€€ြိုးα€…ားα€žွားချင်α€α€š်။

 α€•ြα€Š်α€žူတွေထနေα€”ဲ့ တပ်မတော်α€žားထဲα€€ α€™α€Ÿုတ်α€™α€™ှα€”်တာα€œုပ်တဲ့α€žူα€›ှိα€α€š်ဆိုရင်တောင် ထချα€€်α€‘α€œα€€်ပြα€Š့်ပြα€Š့်α€…ုံα€…ုံ တိတိα€€ျα€€ျα€”ဲ့ ထဖွဲ့α€‘α€…α€Š်းတခုα€œုံးα€€ို ထပြα€…်ပြောတာα€™ျိုးα€™α€Ÿုတ်ပဲ တိα€€ျα€…ွာ ထောα€€်ပြပါ ထချို့α€žောα€žူတချို့α€›ဲ့ ထဲα€’ီα€œိုထပ်ချα€€်တွေα€€ြောင့် ပြα€Š်α€žူα€”ဲ့ တပ်မတော် α€žွေးခွဲခံα€›α€™ှာ α€™ို့ပါ။ ထဲα€œိုα€žူတွေα€›ှိα€”ေရင်α€œဲ ထားα€œုံးဝိုင်းပြီး ထရေးα€šူα€žွားα€”ိုင်ထောင် α€€ျွα€”်တော်တို့ကပါ ဝိုင်းဝန်းα€€ူα€Šီဆောင်α€›ွα€€် တိုα€€်α€–ျα€€်α€žွားပါ့α€™α€š်။

α€”ောα€€်ထရင်α€€ α€œိုထပ်ချα€€်α€™ျိုးတွေα€›ှိခဲ့ရင်တောင် ထဲα€’ါα€™ျိုးတွေ α€šα€ုα€™ျα€€်α€™ှောα€€်α€™ှာ α€€ျွα€”်တော်တို့ α€™α€–ြα€…်ထောင် α€€ြိုးα€…ားα€žွားα€™α€š်။ ထချို့α€žူတွေα€€ α€…α€…်တပ်α€€ို α€€ြα€Š့်α€™α€›α€˜ူးတွေ α€˜ာတွေ ပြောα€”ေရထောင် ပြီးတော့ α€žူα€™ျားα€”ိုင်ငံတွေα€€ိုတိုးတက်α€α€š်ပြောရထောင် ၊ α€€ိုα€š့်α€”ိုင်ငံα€™ှာ ထဲα€œိုα€žူα€™ျိုးတွေα€˜α€š်α€žူα€€α€›ော α€œိုα€œိုα€œားα€œားα€”ဲ့ α€…α€…်α€™ှုထမ်းα€–ို့ ပြင်ဆင်ထားα€€ြα€œို့α€œဲ α€…α€…်α€™ှုတစ်α€›α€€်တောင် မထမ်းα€–ူးတော့ တပ်မတော်α€žားတွေα€›ဲ့ α€”ေα€›ာα€™ှာ ဝင်မခံα€…ားα€˜ူးတော့ ထရင်α€”ာα€€ျα€Š်းချα€€်တွေα€”ဲ့ α€šα€ုတိုင်တဖက်ထစွα€”်းα€›ောα€€်α€€ြα€Š့်α€”ေတာα€Ÿာ α€€ောင်းထောင်α€€ြိုးα€…ားα€”ေချင်တဲ့α€žူတွေα€€ိုပါ ထိုးα€”ှα€€်α€™ှုတခုα€–ြα€…်ပေါ်α€…ေα€”ိုင်ပါα€α€š်။

 α€‘ဲα€’ါα€€ြောင် α€™ိα€™ိα€žာ ထဓိα€€ α€–ြα€…်α€žα€Š် α€™ိα€™ိတစ်ဦးတစ်α€šောα€€်ချင်းα€€ောင်းα€™ှ တိုင်းပြα€Š်တိုးတက်α€™α€Š်။ ပြα€Š်α€žူထားα€œုံးα€€α€œဲ α€…α€…်တပ်α€€ို α€™α€™ုα€”်းα€˜ူးဆိုတာ α€šုံပါα€α€š်။α€…α€…်တပ်ဆိုတာ α€”ိုင်ငံα€›ဲ့α€‘α€žα€€်ပါ.. ထဲα€’ီα€‘α€žα€€်α€€ α€α€œွဲα€–ြα€…်α€”ေခဲ့တာတွေα€›ှိခဲ့ရင်တောင် ထကောင်းဆုံး တပ်မတော်α€”ဲ့ ပြα€Š်α€žူα€œα€€်တွဲပြီး ပူးပေါင်းပြင်ဆင်α€žွားα€€ြα€™α€š်။α€”ောα€€်α€™ြα€”်α€™ာα€œူα€™ျိုးထချို့α€›ဲ့ α€€ိုα€š်တိုင်α€€α€˜ာα€™ှα€™α€œုပ်ပဲ ထပြα€…်တင်α€žာပြောတက်ပြီး α€–ြေα€›ှင်းα€–ို့α€€ို α€…ိတ်မဝင်α€…ားα€€ြတာα€œေးတွေα€€ိုပြင်α€›α€™α€š်။(α€₯ပမာ ထခြားα€œူα€α€šောα€€်α€‘α€œုပ်α€œုပ်တာα€€ြာရင် ထရမ်းα€”ှေးα€€ွေးα€α€š်တဲ့၊ α€€ိုα€š့်α€‘α€œှα€Š့်α€€ျတော့ α€…ေ့စပ်α€žေချာတာတဲ့။ α€€ိα€…္စတခုα€€ို ထခြားα€žူα€™α€œုပ်ချင်ရင် ပျင်းတာတဲ့၊ α€€ိုα€š်α€™α€œုပ်တော့ α€‘α€œုပ်α€™ျားα€œို့တဲ့။ ထခြားα€žူα€α€šောα€€်α€›ဲ့α€‘α€šူထဆကို ထကြောα€€်ထကန်ပြောα€”ေရင် တဇောα€€်α€€α€”်းα€α€šူα€žα€”်တဲ့၊ α€€ိုပြောရင်α€€ျတော့ α€žα€˜ောထားပြတ်α€žားခိုင်α€™ာတာတဲ့။

 α€‘ခြားα€œူα€α€šောα€€် ထစဉ်α€‘α€œာα€€ျင့်ဝတ်α€€ိုα€–ောα€€်α€–ျα€€်ရင် α€šα€‰်α€€ျေးα€™ှုα€™α€›ှိတာတဲ့၊ α€€ိုα€š့်α€‘α€œှα€Š့်α€€ျတော့ α€€ိုα€š့်ပုံα€…ံα€”ဲ့α€€ိုတဲ့။ ထဲα€œိုα€…ိတ်ဓတ်တွေပြင်α€›α€™α€š်။ α€€ိုα€š်α€€ိုတိုင်α€€ α€œူα€™ျားα€€ိုပြောချင်ရင် ပြောချင်တဲ့α€Ÿာα€™ှာ ထကောင်းဆုံးα€–ြα€…်ထောင်ထရင်α€€ြိုးα€…ားပါ။ပုဂ္ဂိုα€œ်ဆွဲ မထားα€€ြပါα€”ဲ့။ α€‘α€šူ ထဆ မတူတဲ့ ထချိα€”်α€™ျိုးတွေα€™ှာ တင်းα€™ာα€™ှုဆိုတာα€›ှိα€œာα€”ိုင်α€α€š်.။ ထဲα€œိုချိα€”်α€™ှ တဖက်ဆီα€€ ခံα€…ားချα€€်α€€ိုα€š်α€…ီα€€ို α€”ားα€œα€Š်ပေးပြီး α€šုံα€€ြα€Š်α€™ှု ထာဝစဉ်α€α€Š်α€™ြဲα€”ေထောင်α€α€Š်ဆောα€€်α€›α€™α€š်။ တပ်မတော်ဆိုတာ ပြα€Š်α€žူထဲα€€ ပါပဲ .။ တစ်α€”ိုင်ငံα€œုံးα€€ ဝန်ထမ်းတွေα€€ ပြα€Š်α€žူတွေပေးတဲ့ α€œα€…ာ α€”ဲ့ ပြα€Š်α€žူ့ ဝန်ထမ်းဆိုတဲ့ α€”ာα€™α€Š်α€€ို ခံα€šူထားα€žα€™ျှတော့ ပြα€Š်α€žူ့ α€‘α€žံ ပြα€Š်α€žူ့ α€œိုထပ်ချα€€်α€€ို α€‘α€Š့်စဉ်းα€…ားပေးα€”ေရပါ့α€™α€š်။

 α€’ါα€™ှα€œဲ ပြα€Š်α€žူ့α€›ဲ့ α€™ေတ္တ္တာထပြα€Š့်ထ၀ α€šုံα€€ြα€Š်α€™ှုα€›α€™ှာ α€žေချာပါα€α€š်။ α€”ောα€€်ပြα€Š်α€žူ့ထတွα€€်တပ်မတော်α€–ြα€…်ထောင်ဝိုင်းဝန်းα€€ြိုးα€…ားချင်α€”ေα€€ြတဲ့ α€šα€ုα€œိုα€™ျα€€်α€™ှောα€€်α€™ှာတော့ α€žိα€™်းα€€ြုံးပြီးပြောတာα€™ျိုးα€€ို α€˜α€š်α€žူα€™ှα€œα€€်ခံα€™ှာα€™α€Ÿုတ်ပါα€˜ူး.။ α€˜α€š်α€œောα€€်ပဲ α€™α€€ောင်းα€™ြင်ခံရခံα€› α€€ြိတ်α€™ှိတ်ပြီးα€œုပ်α€”ေတဲ့ ပြα€Š်α€žူ့ဝန်ထမ်းα€€ောင်းတွေထများα€€ြီးα€›ှိα€α€š်.။ α€žူတို့တွေα€€ α€˜α€š်α€œောα€€် α€œုပ်α€œုပ် ခြုံပြောα€œိုα€€်တာα€€ α€žူတို့α€€ို α€‘α€œုပ်α€œုပ်ချင်α€…ိတ်α€œျော့α€žွားထောင် ၊α€…ေတနာα€œျော့α€žွားထောင်α€œုပ်α€œိုα€€်တာα€”ဲ့ထတူတူပဲ.။

 α€…α€…်α€žားထဲα€™ှာα€œα€Š်း α€›ှေးα€€α€›ော ထခုα€›ော α€™ျိုးချα€…် α€…α€…်α€žားတွေ α€›ိုα€€်α€žα€်α€™α€€ုα€”်α€˜ူး.။ α€’ါပေα€™α€š့် တို့တွေα€€ α€…α€€ားပြောတာ ပြတ်α€α€š်.။ α€’ဲ့α€’ိုးပဲပြောတတ်α€α€š်.။ ငါတို့α€˜α€š်α€œောα€€်ပဲα€œုပ်ခဲ့α€œုပ်ခဲ့ ထကောင်းα€™α€™ြင်α€€ြပါα€˜ူးα€€ွာ α€œို့ထင်α€žွားတဲ့တစ်α€”ေ့ တိုင်းပြα€Š် α€”ွံα€”α€…်တဲ့α€”ေ့α€–ြα€…်α€žွားα€™ှာ α€‘α€žေချာပဲα€™ို့ ထဖွဲ့α€‘α€…α€Š်းတခုα€œုံးα€€ို ထိခိုα€€်α€…ေတာα€™ျိုးα€™α€Ÿုတ်ပဲ α€™α€€ောင်းတဲ့α€žူတွေα€€ို α€žာတိတိα€€ျα€€ျα€”ဲ့ α€–ော်ထုတ်ထရေးα€šူα€”ိုင်ထောင်α€€ြိုးα€…ားတာထကောင်းဆုံးပါ။ တပ်မတော်ထဲα€™ှာα€œဲ α€α€€α€š့်α€€ို α€‘α€›α€Š်ထချင်းပြα€Š့်ဝပြီး α€œα€€်α€›ုံးα€›α€Š်α€›ော α€”ှα€œုံးα€›α€Š်ပါ ပြα€Š့်ဝတဲ့ထရာα€›ှိတွေထများα€€ြီးα€›ိုα€€်α€žα€်α€™α€€ုα€”်ထောင်α€›ှိα€”ေပါα€α€š်.။

ပြောချင်တာကတချို့α€žူတွေα€›ဲ့ α€€ျဉ်းα€™ြောင်းတဲ့ထဖွဲ့α€‘α€…α€Š်းα€›ေးα€…ိတ်ဓါတ်တွေα€”ဲ့ တပ်မတော်α€€ိုတော့ ထားα€œုံးα€€ α€™α€€ောင်းα€˜ူးဆိုတော့ပုံα€…ံα€™ျိုးα€”ဲ့တော့ မပုတ်ခတ်ပါα€”ဲ့။ α€’ါ့ပြင်တပ်မတော် မပါဝင်ပဲ α€˜α€š် α€”ိုင်ငံα€™ှ မရပ်α€α€Š်α€”ိုင်ပါα€˜ူး.။ α€”ိုင်ငံတိုင်းα€€ိုα€œα€Š်း ပြα€Š်α€žူတွေα€™ွေးထုတ်ပေးခဲ့တဲ့ တပ်မတော်ကပဲ α€α€Š်ထောင်α€œာα€€ြတာပါ.။တပ်မတော် ထင်ထားα€”α€Š်းပါးရင် ချိα€”ဲ့α€”ေရင် α€’ေα€žα€ွင်းα€™ှာတောင် α€œူα€™α€œေးခွေးမခန့် α€œုပ်ခံရတတ်ပါα€α€š်.။α€’ါပေα€™α€š့်တပ်မတော်ထနေα€”ဲ့α€œဲ ပြα€Š်α€žူ့ထပေါ်α€€ို α€™ိα€˜α€‘α€›α€„်းပမာ ဆက်ဆံα€žွားα€›α€™α€š်ဆိုတာ ထမှα€”်ပဲ။ α€…α€…်တပ်α€”ဲ့ပြα€Š်α€žူ တစ်α€žားထဲα€–ြα€…်α€–ို့ α€„α€š်စဉ်ထဲα€€ α€œα€€်α€œှα€™်းα€™ှီတဲ့ α€žူα€”ဲ့ ဆွေးα€”ွေး ခွင့်တွေ α€šα€ုα€œိုရထောင်α€œုပ်ပေးα€žα€„့်ခဲ့တာပါ။

 α€’ါα€™ှ တစ်ချိα€”် α€”ိုင်ငံတော်ထုပ်ချုပ်တဲ့ ထခါ ထောα€€်α€žα€€်α€€ြေတဲ့ α€”ိုင်ငံခေါင်းဆောင်α€€ောင်းတွေ၊ ပြα€Š်α€žူ ချα€…်တဲ့ ပြα€Š်α€žူ့ တပ်မတော်α€žားတွေα€–ြα€…်α€œာα€™α€š်။ ထရေးα€€ြီးဆုံးကတော့ α€žα€™ိုင်းα€€ိုပြα€”်α€œှα€”်ပြီး α€œα€€်တွဲα€›α€™ှာα€€ိုα€€ြောα€€်α€›ွံα€”ေα€™α€š်ဆိုရင် α€˜α€š်တော့α€™ှ α€…α€Š်းα€œုံးα€Šီα€Šွတ်α€™ှု ငြိα€™်းချα€™်းα€™ှု α€€ိုα€™α€›ောα€€်α€”ိုင်ပါ။ ငါα€žα€Š်တပ်မတော်α€žား၊ ထေး…α€”ောα€€် မင်းα€œဲ ပြα€Š်α€žူ ငါα€œဲပြα€Š်α€žူပဲα€€ွ၊ ငါတို့α€…α€…်α€žားတွေ ထကောင်းဆုံးα€–ြα€…်ထောင်α€€ြိုးα€…ားα€”ေα€€ြα€α€š် ထခုα€™ျα€€်α€™ှောα€€်α€™ှာ။ပြα€Š်α€žူထနေα€”ဲ့α€œဲ ထခုချိα€”်α€™ှာ α€…α€…်α€žားဆိုပြီး ထရင်α€€α€€ြောα€€်α€”ေခဲ့ရင်တောင် ထခုချိα€”်α€™ှာ α€™α€€ြောα€€်တော့ပဲ α€Šီထကိုရင်း α€žွေးရင်းα€žားပမာ ဆက်ဆံα€…ေချင်α€α€š် ။

ငါတို့တွေ ထဲα€œိုα€žα€˜ောပဲထားα€α€š်။ α€α€€α€š်တော့α€—ျာ α€”ိုင်ငံα€€ောင်းα€–ို့ထတွα€€် ထားα€œုံးα€œα€€်တွဲα€žα€„့်α€”ေပါပြီ....α€™α€šုံα€€ြα€Š်α€™ှုတွေα€›ှိခဲ့တာတွေα€€ို α€™ေ့ပျောα€€်ပြီး ခုချိα€”်α€™ှာ α€šုံα€€ြα€Š်α€™ှုတွေα€”ဲ့ α€œα€€်တွဲα€žွားရထောင်။ ထခုဆိုထားα€œုံးα€›ဲ့α€žα€˜ောထားတွေပွင့်ပွင့်α€œα€„်းα€œα€„်း α€žိα€œာပြီ ။α€Ÿို ထရင်ထဲα€€ α€”ှα€…်α€–α€€်တိုα€€်ခိုα€€်α€œာα€€ြတာ α€’ီဇတ်α€œα€™်းတွေα€˜ဲ ထချင်းချင်းα€”ောα€€်α€€ြောင်းပြα€”်ဆွေα€”ွေးα€™ှုတွေα€€ြီး α€˜ဲα€–ြα€…်α€”ေခဲ့α€α€š် ထဲ့တော့ α€€ား ခုချိα€”်α€™ှာ α€€ိုα€š့်α€˜α€€်α€žူ α€˜α€€်α€”ားα€œα€Š်α€™ှုထပြα€Š့်α€”ဲ့ α€”ိုင်ငံα€€ောင်းထောင် ထကောင်းဆုံးα€€ြိုးα€…ားα€€ြရထောင်။့α€”ောင်တော် α€Šီထကို ထဖွဲ့တွေα€€ို α€šုံα€α€š်α€’ီချိα€”်α€™ှာ α€œိုထပ်α€”ေတာ ငြိα€™်ချα€™်းα€›ေးပါ။α€Ÿိုးးးခေတ်α€€α€Ÿာတွေပြောα€”ေရထောင်α€œဲခုα€™ျα€€်α€™ှောα€€်α€™ှာα€œူα€„α€š်တွေα€€ြီးပဲα€˜α€š်α€žူα€™ှα€™α€žိα€œိုα€€်တဲ့ထချိα€”်α€€α€Ÿာတွေα€€ိုα€œဲα€‘α€Š့်ပြောα€”ေမထူးခြားα€œာပါα€˜ူး ။

 α€žα€™ိုင်းα€€ိုα€žာα€žိထားα€žα€„့်ပြီး ထတိတ်α€€α€œိုထပ်ချα€€်α€™ျိုးတွေ ထနာဂတ်α€™ှာα€–ြα€…်α€™α€œာα€–ို့ ထရေးα€€ြီးဆုံးပါ။ခုချိα€”်α€™ှာα€œူα€„α€š်တွေα€€ ထမြင်ထတွေးခေါ်ထရမ်းα€€ောင်းα€€ြα€α€š် တစ်α€šောα€€်α€”ဲ့တစ်α€šောα€€်α€€ြံα€Šα€်ပေးပြီး α€žα€„့်α€žα€„့်α€™ြတ်α€™ြတ်α€–ြα€…်ထောင်α€€ြိုးα€…ားတာα€€ောင်းပါα€α€š်။ထဲα€’ီα€œို ငြိα€™်းချα€™်းα€–ို့ထတွα€€် α€™α€€ျေα€œα€Š်တဲ့α€žူα€™ျားα€›ှိα€”ေရင်α€œဲ α€€ွα€”်တော်တို့α€€α€”ားα€œα€Š်ပေးပြီး α€œα€€်α€€α€™်းα€€ြိုဆိုα€œျα€€်ပါ။ ငြိα€™်းချα€™်းα€›ေးα€€ို α€œိုα€α€š်ဆို ပြα€Š်α€žူα€”ဲ့ တပ်မတော် ပြα€Š်α€žူα€”ဲ့ ထာဏာα€› α€žα€™္မတ α€œα€€်တွဲ α€–ို့α€œိုα€α€š် ။ ပြα€Š်α€žူ့ α€œိုထပ်ချα€€်α€€ို α€žα€™္မတ α€€ α€–ြα€Š့်α€†α€Š်းဆောင်ရပေးα€›α€žα€œို ပြα€Š်α€žူ့ ထေးချα€™်းα€α€Š်ငြိα€™်α€›ေးα€”ဲ့ α€”ိုင်ငံတော်ထတွα€€် တပ်မတော်α€€ ဆောင်α€›ွα€€်α€–ို့ α€œα€€်α€€α€™်းပေးα€–ို့ α€œိုα€α€š်။

 α€α€…်α€šောα€€်α€…ိတ်α€€ိုတစ်α€šောα€€်ဖတ်ပြီး α€žူထပြော α€€ိုα€š်ထပြောα€€ိုα€”ားα€œα€Š်ရင် α€–ြα€…်ချင်တာα€œေးတွေα€€ို α€–ြα€Š့်α€†α€Š်းပေးα€œိုα€€်α€€ြရင် ထဆင်ပြေα€œာα€™α€š်။ တပ်မတော်α€žားတွေα€˜α€€်α€€α€œဲ ပုံတွေတင်ပီး α€Ÿိုα€œိုα€’ီα€œိုတွေထစား α€Ÿိုဆိုα€€်α€’်α€’ီဆိုα€€်α€’်α€€ို α€™ျှဝေα€”ေα€™α€š့်ထစား α€‘α€žိα€Šα€်α€™ြင့်α€™ားα€™ဲ့α€…α€€ားα€œေးတွေ ပြောα€…ေချင်α€žα€œို ထတိုα€€်ထခံတချို့α€˜α€€်α€€α€œဲ ထဲα€œိုα€”ားα€œα€Š်α€™ှုα€™ျိုးα€”ဲ့ α€€ောင်းα€žောα€œူပီα€žα€žော α€…α€€ားတွေα€”ဲ့ ထဆင်ပြေထောင်α€Šှိα€”ှိုင်း α€”ေα€žွားရင် α€€ွα€”်တော်တို့α€œိုချင်တဲ့ α€…α€Š်းα€œုံးα€Šီα€Šွတ်α€™ှုတွေα€›α€œာα€™α€š်။

 α€α€€α€š်တော့ α€—ိုα€œ်ချုပ်α€žာα€›ှိရင် ထားα€œုံးα€…α€Š်းα€…α€Š်းα€œုံးα€œုံးα€”ဲ့ α€…ိတ်ဝမ်းα€™α€€ွဲ α€žွေးα€…α€Š်းα€Šီα€Šွတ် တန်းတူထခွင့်ထရေးα€™ျိုးα€€ို α€™ြင်α€…ေချင်α€™ှာα€€ို α€™α€™ေ့α€€ြပါα€”ဲ့α€—ျာ။ပြα€Š်α€žူ+တပ်မတော်+တိုင်းရင်းα€žားပါတီα€™ျား+ ပြα€Š်ခိုင်α€–ြိုး+NLD+တိုင်းရင်းα€žားα€œα€€်α€”α€€်α€€ိုင်ထဖွဲ့α€™ျား= α€’ီα€™ိုα€€α€›ေα€…ီα€žာဆိုထမှα€”်တိုးတတ်ပါပီα€—ျာ α€€ျွα€”်တော်တို့α€œိုထပ်α€”ေတာ α€α€€α€š်တော့ α€”ားα€œα€Š်α€™ှုα€œေး α€α€Š်ဆောα€€်ခြင်းပါα€˜ဲ။ ထဲα€œိုα€™ှα€™α€Ÿုတ်ရင် α€€ဲα€’ီα€”ိုင်ငံမတိုးတတ်α€”ိုင်ပါ့α€™α€œား။

ထားα€œုံးα€…α€Š်းα€œုံးα€Šီα€Šွတ်α€™ှုα€”ဲ့ α€’ီα€™ိုα€€α€›ေα€…ီα€œα€™်းα€€ြောင်းα€”ဲ့ထတူ α€—ိုα€œ်ချုပ်ပြောတဲ့ α€α€œွဲဆံပင်α€€ောင်းတွေα€žာ ပြင်ပြီးα€™ြα€”်α€™ာဆိုတာ α€€α€™္α€˜ာα€™ှာ α€œα€„်းα€œα€€်ဆုံး α€€ြα€š်α€œေးတပွင့်ထဖြα€…်ထင်α€›ှားα€€ျော်α€€ြားα€œာထောင် α€œုပ်α€€ြα€–ို့ α€€ျွα€”်တော်တို့α€™ှာ တာဝန်α€›ှိα€œာပြီ၊ ထချိα€”်α€€ြပြီ α€–ြα€…်တာα€™ို့ α€œα€€်တွဲα€…α€Š်းα€œုံးα€€ြα€–ို့ α€€ျွα€”်တော်တို့ α€œα€€်α€€α€™်းα€€ြိုဆိုα€œျα€€်ပါ α€Šီα€”ောင်α€žားချင်းα€™ျား။ α€—ိုα€œ်ချုပ်ပြောတဲ့ α€…α€€ားα€€ိုထမြဲα€žုံးα€žံုံးα€”ေတဲ့ α€œူတွေα€–ာα€”ိုင်ငံဆိုတာα€€ြီးα€€ို ငါတို့α€›ှောင်α€€ွင်းα€”ိုင်ပြီး တိုင်းပြα€Š်တိုးတတ်α€™ှုတွα€€်α€€ျေနပ်ထပြုံးα€œေးတစ်ခ α€α€™α€œွα€”်α€€α€—ိုα€œ်ချုပ်α€”ဲ့ ငါတို့ တိုင်းပြα€Š်α€€ောင်းα€€ျိုးထတွα€€် ဝိုင်းဝန်း α€€ြိုးα€…ားα€œိုα€€်α€€ြα€…ို့။

α€€ြα€š်ပွင့်α€œေးα€™ျား α€€ြွေα€œွင့်ခြင်း

From:ထချα€…်α€€ြီးα€žူ


α€žα€…်α€›ွα€€်α€œေးတွေα€™ြေပေါ်α€€ြွေα€€ျα€”ေα€žα€œို
α€…α€…်α€™ြေပြင်α€™ှာα€œα€Š်း α€…α€…်α€žα€Š်တွေ α€™ြေခခဲ့ပေါင်း
α€™ျားခဲ့ပါပြီ.....

α€›ှေ့တန်းထပြα€”်α€…ောင့်α€™ျှော်α€”ေα€™α€š့် α€žα€„်တို့α€™ိα€žားα€…ုα€›ဲ့
α€™ျှော်α€œα€„့်တကြီး α€™ျα€€်α€œုံးတွေα€€ို α€˜α€š်α€œို α€…α€€ားα€œုံး
α€”ဲ့ ငါα€–ြေα€žိα€™့် α€™ှုတွေပေးα‡α€™α€œဲ...

α€€ောင်းကင် α€€ α€€ြα€š်α€œေးတွေα€€ြွေα€€ျ α€”ေα€žα€œို
ထိα€™်ဦးနတ် တွေ α€€ြွေ α€œွင့်α€žွားတဲ့α€žα€„်တို့ α€™ိα€žားα€…ုတွေα€›ဲ့
α€‘α€œα€„်းα€›ောင်α€€α€œα€Š်းပျောα€€်ဆုံးα€žွားα€€ြပြီα€œေ...

တောထဲတောင်ထဲα€™ှာ α€€ျα€”်ခဲ့တဲ့ α€žα€„်တို့α€›ဲ့ α€™ြေပုံတွေα€Ÿာ
ထထီးα€€ျα€”်ပေα€™α€š့် ထကျα€Š်း မတန်α€˜ူး ထိုα€…α€…်α€žα€Š်...
α€˜α€α€•ေးα€™α€€ောင်းခဲ့ပေα€™α€š့် α€…ိတ်ထားα€€ောင်းခဲ့α€€ြα€α€š်α€œေ..
α€žေဆုံးခြင်းα€Ÿာမခမ်းα€”ားပေα€™α€š့် α€žα€„်တို့α€›ဲ့ ပေးဆပ်α€žွားတဲ့
α€˜α€ ထစိတ်ထပိုင်းတွေကတော့ α€™ြင့်α€™ြတ်ခဲ့ α€α€š်α€œေ...
α€žα€™ိုင်း α€™ှာ α€€α€—ျα€Š်း မတင် ရင်တောင် α€žα€„်တို့ α€™ိα€žားα€…ု α€™ှာတော့
α€žူα€›ဲα€€ောင်းတွေ α€–ြα€…်α€€ြα€™ှာပါ...
α€œူ့α€œောα€€ α€™ှာ α€€ိုα€š့် α€žα€™ိုင်းα€€ို α€›ေးα€€ြတဲ့ထခါ α€žα€„်တို့α€›ဲ့α€œα€€်တွေ
α€€ြα€™်းတမ်းα€œို့ α€–ောင်တိα€”်α€€ို α€‘α€žုံးမပြုα€˜ဲ α€žေနတ်α€”ဲ့ ထစားထိုး
α€›ေးခဲ့α€€ြပေα€™α€š့် α€žα€„်တို့α€›ဲ့ α€…ာα€œုံး။ α€žα€်ပုံတွေ α€Ÿာα€œှပကောင်းα€™ွα€”်
ခဲ့α€€ြ ပါα€α€š်...

α€€ျဆုံးα€žွားတဲ့α€…α€…်α€žα€Š် α€™ိα€žားα€…ုတွေα€›ဲ့ α€”ေα€›ာα€™ှာ ဝင်α€›ောα€€်ခံα€…ား
ပေးပါα€œို့ မတောင်းဆိုချင်ပေα€™α€š့် α€”ားα€œα€Š် α€™ှုတော့ α€›ှိα€€ြα€™ှာပါα€œို့
α€…ိတ်ထဲα€™ှာ α€›ေ α€›ွတ်ရင်း.....







α€…α€…်α€žားα€˜α€α€‘α€™ှတ်တရများ..........


From:ပုံα€›ိပ်α€…α€…်

α€™ိုးα€œေး α€€ ခပ်α€–ျောα€€်α€–ျောα€€်α€›α€š်........။ ပတ်ဝန်းα€€ျင် တခုα€œုံးတိတ်ဆိတ်α€œို့။α€™ြင်α€€ွင်းတဆုံးα€€ α€œα€Š်း α€™ဲα€™ှောင်α€”ေပြီ။α€€ြောα€€်α€…ိတ်ထက် α€…ိုးα€›ွံ့α€…ိတ်α€€ ပိုα€”ေα€žα€Š်။ α€›ုတ်ချα€Š်း ထေးα€…α€€်α€œာα€žော α€‘α€žိα€…ိတ်α€”ှင့်ထတူ ထတွေးတို့ရပ်α€žွားα€žα€Š်။α€™ှေးငိုα€€်α€œာα€žော α€™ျα€€်ဝန်းα€€ို α€žα€ိပေးα€”ေα€™ိα€žα€Š်။တချα€€်တီး ထချိα€”်ဆို ထိပ်ချင်α€…ိတ်α€€α€œα€Š်း α€€ြီးα€…ိုးα€™ြဲ။α€œေပြင်းပြင်းα€œေး တိုα€€်ပါα€…ေα€œို့α€œα€Š်း ဆုတောင်းα€™ိα€žα€Š်။α€œေα€”ုထေးα€™ျားα€”ှင့်ထတူ α€™ိုးα€…α€€်တို့ ထိတွေ့α€€ာα€œေα€™ှ ထိပ်ချင်α€…ိတ်တို့ ပြေပျောα€€်α€”ေပေα€™α€Š်α€™α€Ÿုတ်α€œား။

α€žα€…်α€›ွα€€်ခြောα€€်α€žံα€™ျား α€™ြα€Š်α€žံα€€ြားα€œျှင် α€…ိတ်တို့α€€ ပိုα€”ိုးα€€ြားα€›α€žα€Š်။ခြုံတိုး α€žံα€€ြားα€œျှင် ပိုα€™ျα€€်α€…ိ α€›ှင်α€›ှင်ထားα€›α€žα€Š်။ထချိα€”်တွေα€€ိုα€žာ α€™ြα€”်α€™ြα€”် α€€ုα€”်ဆုံးα€…ေချင်ပြီ။ ထတန်α€€ြာ တိတ်ဆိတ်ခြင်း တို့α€€ြီးα€…ိုးα€žွားပြα€”်α€žα€Š်။α€‘α€”α€Š်းα€„α€š်α€…ိတ်α€žα€€်α€žာခြင်းα€”ှင့် ထတူ α€žα€ိထားα€…ိတ်α€€ို α€œျှော့ချα€™ိα€žα€Š်။ခံတွင်း ချဉ် α€œာခြင်းα€”ှင့် ထတူ ဆေးα€œိပ်α€žောα€€်ချင်α€™ိα€žα€Š်။α€Šာα€–α€€် ထကျီ ထိပ်ကပ် ထဲα€™ှာ ၂ α€œα€€်မခန့် α€€ျα€”်α€žေးα€žော ဆေးα€œိပ်α€€ိုထုတ်α€œိုα€€်α€žα€Š်။α€‘α€žုံးပြုα€”ေα€€ျ α€”ို့ဆီα€—ူး α€€ို α€šူα€€ာ α€€ာα€—ာ*α€œုပ်ပြီး α€žောα€€်α€Ÿα€”်ပြင်α€œိုα€€်α€žα€Š်။α€™ီးခြα€…်α€€ို α€šူα€€ာ α€€ိုα€š်α€”ဲ့ α€€ွα€š်ပြီး ခြα€…်α€œိုα€€်α€žα€Š်။ ဆေးα€œိပ်α€žောα€€်α€žော်α€œα€Š်း α€™ီးခိုးငွေ့α€™ျားα€€ို α€œွα€š်α€œွα€š် မထုတ်α€›ဲ။α€–ြα€Š်းα€–ြα€Š်းခြင်း α€›ှိုα€€် α€œိုα€€်α€žα€Š်။ခက်ခဲα€œိုα€€်α€žα€Š့် ထဖြα€…်။

 α€’ီကင်းα€…ောင့်α€”ေα€›ာα€œေးα€€ တော်α€šုံတော့α€™α€Ÿုတ်။α€žူα€™α€›ောα€€်ခင် α€œα€•ိုင်းα€‘α€œိုα€€ α€›ဲα€˜ော်တစ်α€šောα€€် α€€ျα€žွားα€žα€Š့် ဆက်α€žွα€š်α€›ေးα€™ြောင်း။α€™ိုးတွင်းα€€ာα€œα€™ို့ ခြုံα€™ျားα€€ α€žα€”်α€œွα€š်α€žα€Š်။ထမှα€”်α€α€€α€š် α€›ှေ့α€€ိုα€€် (၁၀၀)ခန့် ထပြောင်α€›ှင်းထားα€”ိုင်α€™ှα€žာ α€™ြင်α€€ွင်းα€€ောင်းα€…ွာ α€€ြီးα€…ိုးα€”ိုင်α€™α€Š်α€™α€Ÿုတ်α€œား။ထမင်းချα€€်α€›α€”်ထတွα€€် α€žောα€€်α€žုံးα€›ေα€€ို α€œျှိုထဲα€™ှ ခပ်α€šူချိα€”်ထတောထတွင်း ပင် ကင်းတို ကင်းα€›ှα€Š်α€™ျား α€…ွာα€‘α€žုံးပြုα€›α€žα€Š်။α€€ိုα€€်(၁၀၀)α€€ α€™ြα€€်ပင်α€™ျားα€€ို ထပြောင်α€›ှင်းα€–ို့ဆိုα€žα€Š်α€™ှာ α€‘α€”α€Š်းα€„α€š် α€…ွα€”့်α€…ားα€œွα€”်းα€›ာα€€ျα€žα€Š်။ α€žို့α€žော် α€žူα€›ောα€€်ပြီ α€™α€€ြာ။တပ်ရင်းα€™ှူး၏ α€…ီα€™ံချα€€်α€–ြင့် ဆက်α€žွα€š်α€›ေးα€™ြောင်း (၃)α€™ြောင်းα€”ှင့်ထတူ α€˜α€”်α€€ာ* (၆)ခု၊α€›ှေ့α€€ိုα€€် ပတ်ပတ်α€œα€Š် α€™ီတာ(၅၀) ထပြောင်α€›ှင်းထားα€…ေα€žα€Š်။α€’ီစခန်းα€™ှာ α€”ေα€žα€Š့် ထချိα€”်α€€ာα€œα€‘α€ွင်း α€™ြေပြင်ပေါ်α€€ို ခြေမချα€–ူးချေ။α€™ြေထောα€€် ခါး တပိုင်းα€€ျော်α€”ီးပါး α€”α€€်α€žော ဆက်α€žွα€š်α€›ေးα€™ြောင်း ထတွင်းα€žာ ထမြဲမပျα€€်α€žွားα€œာα€›α€žα€Š်။

 α€™ီတာ (၅၀)ထိ ထပြောင်α€›ှင်းထားα€žော α€€ွင်းပြင်α€€ျα€š် α€™ို့ α€‘α€”α€Š်းα€„α€š်တော့ α€…ိတ်α€žα€€်α€žာα€›ာ α€›α€™ိα€žα€Š်။ပတ်ပတ်α€œα€Š် α€œူထင်ထား (၂၀)မပြα€Š့်α€žα€Š့် α€’ီα€”ေα€›ာ α€™ှာ တိုα€€်α€…α€…်ထပြα€Š့်α€–ြင့်ဆိုα€œျှင်တော့ ခံα€”ိုင်α€›α€Š်α€›ှိα€™α€Š်မထင်။α€žို့α€žော် α€’ီα€”ေα€›ာα€™ှာ α€žူတို့၏ ထင်ထားα€€ို ထပြα€Š့် ထ၀ α€™α€žိα€”ိုင်ခြင်းα€€ ထားα€žာချα€€်ပင်။α€‘α€€α€š်၍α€žာ................. α€œူ(၁၀၀)α€œောα€€် ထင်ထားα€–ြင့် α€—ျူα€Ÿာα€™ြောα€€်α€œာခဲ့α€œျှင်...... α€žောα€€်α€œα€€်α€… ဆေးα€œိပ်α€€ို ချα€€ာ α€™ြင်α€€ွင်းα€€ို ပိုα€…ူးα€…ိုα€€်α€œိုα€€်α€žα€Š်။ α€™ြင်α€€ွင်းတွေα€€α€žာ α€›ှေ့α€žို့α€€ြα€Š့်α€”ေα€™ြဲα€–ြα€…်α€žော်α€œα€Š်း ထတွေးတို့α€€ မရပ်α€žေးချေ။α€™α€”α€€် α€™ိုးα€œα€„်းα€œာα€žα€Š်α€”ှင့် α€…ားα€žောα€€်α€–ို့ α€Ÿα€„်းα€œျာထတွα€€် ခေါင်းခဲရပေဦးα€™α€Š်။α€α€€α€š်တော့ α€žူတို့ တပ်စခန်းα€€ တပ်α€™ ထတွα€€် α€”ောα€€်ဆုံး ခံα€…α€…်စခန်းα€–ြα€…်α€”ိုင်α€žα€Š်။

α€›ဲα€˜ော်α€™ျား α€‘α€žေထကြေထများဆုံးα€€α€œα€Š်း စခန်းထတွα€€် α€žα€…်ဝါးခုတ်ချိα€”်α€™ျားတွင်α€žာ။α€™ိုးတွင်း α€€ာα€œ တနှα€…်α€…ာ α€’α€”်ပင်* α€œာပုံပြီးချိα€”် တွင်တော့ ထစားα€‘α€žောα€€်α€™ျားα€œုံခြုံα€›ေးထတွα€€် α€žα€…်ဝါးα€™ျား α€›ှာα€›α€™ြဲ။α€›α€”်α€žူ α€…ောင့်α€€ြα€Š့်α€”ေα€”ိုင်α€žα€Š်α€€ို α€žိα€žိပင် α€™α€œုပ်α€™α€–ြα€…်α€žော ထရာα€€ို α€œုပ်α€”ေα€›α€žα€Š့်ထတွα€€် α€™ိα€™ိα€žာ α€™α€€ α€›ဲα€˜ော်α€™ျား ထားα€œုံးထတွေးα€™ှာα€œα€Š်း α€–ြα€…်α€™ှα€–ြα€…်α€›ော့α€žာ α€Ÿုထတွေးα€™ျိုးတွေးထားα€Ÿα€”် α€›ှိချေα€œိα€™့်α€™α€Š်ဆိုα€žα€Š်α€™ှာ α€™ုချ α€™α€œွဲα€™α€žွေပင်။ α€žောα€€်α€žုံးα€›ေ α€žα€Š်ပင် α€›ှားပါးα€”ေချိα€”်၌ ချိုးα€›ေ ထတွα€€်ဆို ပိုဆိုးα€žα€Š်α€žာ။တောင်ထောα€€်တွင်တော့ α€α€žွင်α€žွင် α€…ီးဆင်းα€”ေα€žα€Š့်ချောင်းα€žံα€€ိုα€€ြားα€›α€žα€Š်။

α€žို့α€žော် α€›ေချိုး α€–ို့ တခုα€α€Š်းထတွα€€်တော့ α€™ိα€™ိα€‘α€žα€€်α€€ို α€™α€Š်α€žူα€™ျှ α€œောင်းα€€ြေး မထပ်α€›ဲ ။ထချိα€”်α€€ြာα€œာα€žα€Š်α€”ှင့် ထမျှ ထထီးα€€ျα€”်α€žα€Š့်ဒဏ်α€€ို α€œူးα€œိα€™့်α€”ေထောင်ခံα€…ားα€›α€žα€Š်။α€žို့α€žော် ထပျော်ဆုံး ထချိα€”်တချိα€”်တော့α€›ှိα€žα€Š်။ပေးတပ်α€–ွဲ့*α€œာα€œျှင်တော့ ပျော်α€›α€žα€Š်။α€žူα€™ျားα€œို ချα€…်α€žူတွေ ဆီα€€ α€…ာα€œာα€œို့ α€™α€Ÿုတ်။ဆေးα€œိပ် α€œှှိုင်α€œှှိုင် α€›α€žα€Š်α€™α€Ÿုတ်α€œား။ ထထီးα€€ျα€”်α€”ေချိα€”်α€™ှာ α€α€€α€š်တော့ ထဖော် ပေးα€”ိုင်α€žူα€€ α€žူ့ထတွα€€် ဆေးပြင်းα€œိပ်α€žာα€–ြα€…်ခဲ့α€žα€Š်α€œေ။ α€’ီစခန်းα€œေးα€™ှာ တပ်ရင်းα€™ှူး တစ်α€šောα€€် ၊α€…ီα€”ီα€šာတစ်α€šောα€€် ၊α€žူα€”ှင့် α€›ဲα€˜ော် α€‘α€šောα€€် (၂၀)မပြα€Š့်။

တနေ့ α€€ုα€”်α€žွားချိα€”်တိုင်းတွင်ပင် တစ်α€šောα€€်α€™ျα€€်α€”ှာ တစ်α€šောα€€် α€…ုံထောင် α€™ြင်ခွင့်α€™α€›။ပေးထပ်ထားα€žော ကင်းထချိα€”် တွင် ကင်းα€…ောင့်။ချα€€်ပြုတ်α€žα€Š့် α€›ဲα€˜ော် α€€ ချα€€်ပြုတ်။ထချိα€”်α€”ှင့် α€”ေα€›ာ α€™α€œα€•်ထောင် α€žူ့တာဝန်α€žူα€€ျေထောင်α€”ေα€›α€žα€Š်။ α€€ိုα€š်α€œို α€œူပျိုα€œူα€œွတ် တစ်α€šောα€€်α€žα€Š်ပင် ထထီးα€€ျα€”် ခံα€…ားα€™ှု့α€™ျိုး ခံα€…ားα€›α€™α€Š်ဆိုα€œျှင် ထိα€™်ထောင်α€›ှိ ဆရာα€€ြီးα€™ျားα€”ှင့် α€›ဲα€˜ော်α€™ျားထတွα€€်ဆို ဆိုα€–ွα€š်α€›ာα€™α€›ှိပါတော့ချေ။ တခါα€€ α€€ြုံα€–ူးα€žα€Š်။α€Ÿα€„်းချα€€်α€…α€›ာ ပြα€€်α€žွားတော့ ငှα€€်ပျောထူချα€€်α€…ားα€€ြα€žα€Š်။တခါ တရံ ထတွα€€်α€žα€Š်တော့ α€‘α€œွα€”်α€€ောင်းα€žα€Š်။α€”ူးα€Šံα€”ေα€žα€šောင် α€‘α€›α€žာα€€ တမျိုးတဖုံ ဆွဲဆောင်α€™ှု့α€›ှိα€žα€Š်။α€™ြို့α€™ျားတွင်တော့ α€™ုα€”့်α€Ÿα€„်းခါးချα€€်ပြုတ်α€›ာတွင် တချို့α€’ေα€žα€™ျားတွင် α€…ားα€–ူးα€…ားα€€ျပေα€œိα€™့်α€™α€Š်။တခါα€™α€Ÿုတ် ထခါα€™ျားα€œာα€žောထခါ ဝမ်းချုပ်α€žα€Š့်ဒဏ်α€€ို α€‘α€œူးα€‘α€œဲခံα€…ားα€›α€žα€Š်။ငှα€€်ပျောပင် α€€ုα€”်α€žα€Š့် ထခါ α€™ြေထောα€€် α€€ ငှα€€်ပျောခေါင်း*α€€ို တူးပြီး α€…ားα€›α€žα€Š်။

ထို့ ထချိα€”်α€™ျားတွင်ပင်α€œျှင် ပေါပေါ α€œျှံα€œျှံ α€™α€Ÿုတ်။α€‘α€Šီထမျှ ခွဲဝေα€€ာ α€…ားα€žောα€€်α€›α€žα€Š်။ α€žူα€€ဲ့α€žို့ α€…α€…်α€™ြေပြင်α€’ေα€ž α€‘α€žီးα€žီးတွင် တာဝန်ထမ်းဆောင်α€”ေα€€ျα€žော α€…α€…်α€žα€Š်α€›ဲα€˜ော် ၊ထရာα€›ှိတွေ α€™α€Š်α€™ျှ α€›ှိα€”ေα€œိα€™့်α€™α€Š်α€œဲ ဆိုတာ α€™α€žိချေ။α€Šα€”ေα€…ောင်း α€œာα€žα€Š့်α€”ှင့် α€™ီးα€™ျားငြိα€™်းα€€ာ ဓါတ်α€™ီး α€€ိုခပ်ထုပ်ထုပ်ထွα€”်းပြီးα€”ေα€›α€žောထခါ α€™ီးα€™α€›၍ ဆန္ဒပြα€”ေα€žα€Š့်α€žα€α€„်းα€€ြားα€žော် α€žူα€›ီ(α€›α€š်)ချင်α€™ိα€žα€Š်။ဆက်α€žွα€š်α€›ေး α€™ြောင်းထတွင် း ကင်းချိα€”်α€™α€›ှိα€œျှင် ပါα€œာα€žα€Š့် α€›ေα€’ီα€šို α€œေး α€€ို α€–ွင့်α€€ာ FM α€”ားထောင်α€”ေα€œျှင်α€”ေ ၊α€žα€α€„်း α€”ားထောင် α€”ေα€œျှင်α€”ေα€›α€žα€Š်။ ထင်တာα€”α€€်α€™ြα€”်α€”ှုα€”်း ဆိုα€žα€Š်α€€ိုα€œα€Š် း α€žူα€™α€žိ။α€žူ့α€›ဲα€˜ော်α€™ျား ဆိုα€œျှင်ပိုဆိုးချေတော့α€™α€Š်α€™α€Ÿုတ်α€œား.....။ α€™ြα€”်α€™ာα€”ိုင်ငံတွင် α€’ီα€™ိုα€€α€›ေα€…ီα€€ α€œူα€žုံးα€™ျားα€”ေα€žα€Š်။ α€’ီα€™ိုα€€α€›ေα€…ီα€€ ဆင်းα€›ဲα€”ေα€žူα€€ို ချα€™်းα€žာα€œာထောင်α€œုပ်ပေးα€”ိုင်α€œား α€žူα€™α€žိချေ။ α€›ုတ်ချα€Š်း ထေးα€…α€€်α€œာα€žော α€‘α€žိα€…ိတ်α€”ှင့်ထတူ ထတွေးတို့ရပ်α€žွားα€žα€Š်။

α€™ှေးငိုα€€်α€œာα€žော α€™ျα€€်ဝန်းα€€ို α€žα€ိပေးα€”ေα€™ိα€žα€Š်။တချα€€်တီး ထချိα€”်ဆို ထိပ်ချင်α€…ိတ်α€€α€œα€Š်း α€€ြီးα€…ိုးα€™ြဲ။α€œေပြင်းပြင်းα€œေး တိုα€€်ပါα€…ေα€œို့α€œα€Š်း ဆုတောင်းα€™ိα€žα€Š်။α€œေα€”ုထေးα€™ျားα€”ှင့်ထတူ α€™ိုးα€…α€€်တို့ ထိတွေ့α€€ာα€œေα€™ှ ထိပ်ချင်α€…ိတ်တို့ ပြေပျောα€€်α€”ေပေα€™α€Š်α€™α€Ÿုတ်α€œား။α€žα€…်α€›ွα€€်ခြောα€€်α€žံα€™ျား α€™ြα€Š်α€žံα€€ြားα€œျှင် α€…ိတ်တို့α€€ ပိုα€”ိုးα€€ြားα€›α€žα€Š်။ခြုံတိုး α€žံα€€ြားα€œျှင် ပိုα€™ျα€€်α€…ိ α€›ှင်α€›ှင်ထားα€›α€žα€Š်။ထချိα€”်တွေα€€ိုα€žာ α€™ြα€”်α€™ြα€”် α€€ုα€”်ဆုံးα€…ေချင်ပြီ။

 α€˜α€”်α€€ာ=α€™ြေα€žားα€–ြင့်α€žော်α€œα€Š်းα€€ောင်း ၊α€žα€…်α€žားα€™ျားα€–ြင့်α€žော်α€œα€Š်းα€€ောင်း ထခိုင်ထမာပြုα€œုပ်ထားα€žော ကတုတ်α€€ျင်း

 α€’α€”်ပင်= α€›ိα€€္ခာα€™ျား (α€…α€…်α€žုံး ဝေါα€Ÿာα€›)

ပေးတပ်α€–ွဲ့= α€›ှေ့တန်းα€…α€…်စခန်းα€™ျားထား α€›ိα€€္ခာ၊α€œα€…ာα€™ျား ပေးပို့α€›α€žα€Š့်တပ်

ငှα€€်ပျောခေါင်း=ငှα€€်ပျောပင်ထား ထပင်ခြေရင်းα€™ှခုတ်α€–ြတ်ပြီးα€žα€€ာα€œ α€™ြေထောα€€်တွင်α€€ျα€”်α€›α€…်α€”ေα€žော ထမြα€…်။...............




November 22, 2012

Defence Services Academy

From:Sithu Aung

DSA ထရှေ့တောင်ထာα€›ှ α€™ှာ ၁ α€€ျောင်းပဲ α€›ှိတဲ့ α€…α€…်α€•α€Šာ α€”ဲ့ထတတ်α€•α€Šာ α€žα€„်α€€ြားပေးα€”ေတဲ့...
α€€ျောင်းဆင်းα€™ျား α€˜α€š်α€œို α€…ိတ်ဓါတ်α€›ှိα€α€š် ဆိုတာ ပြα€Š်α€žူတွေ α€‘α€žိပါ......
α€˜α€š်α€œို ခံα€šူချα€€်α€”ဲ့တပ်မတော်ထဲ α€€ို α€›ောα€€်ခဲ့ α€›ောα€€်ခဲ့....
α€€ျောင်းဆင်း ရင် " ၁ α€žွေး ၊ ၁ α€žံ ၊ ၁ α€™ိα€”့်" α€”ိုင်ငံ α€™ှ ပေးထပ်တဲ့တာဝန်α€€ို α€€ျα€›ာα€”ေα€›ာα€™ှ ထမ်းဆောင်α€”ေα€€ျα€α€š်.....

α€„α€š်α€›ွα€š်တဲ့α€˜α€ α€‘α€žα€€် ၁၆ α€”ှα€…်α€™ှာ တိုင်းပြα€Š်တာဝန် ပခုံးထမ်း α€–ို့ α€”ွေးထွေးတဲ့α€™ိα€˜ ရင်ခွင် α€€α€”ေထွα€€်ခွါခဲ့တာပါ....
α€œူα€„α€š်α€˜α€ ၊ α€œူα€„α€š် ၁ α€šောα€€်α€›ဲ့ခံα€…ားချα€€် α€˜ာα€™ှα€”်း α€™α€žိပဲ ၊ ခက်ခဲတဲ့ထတတ်α€•α€Šာ α€žα€„်α€€ြားရင်းတိုင်းပြα€Š်တာ ဝန်ထမ်းဆောင်α€–ို့ α€€ြိုးα€…ား α€žα€„်α€šူခဲ့α€€ျα€α€š်...
 
" ခက်ခဲတဲ့α€•α€Šာ "

α€…α€…်α€•α€Šာ ဆိုတာ α€€ျα€€်α€™ှတ်α€œို့α€™α€›α€˜ူး ၊ ထတွေ ထကြုံပေါ်α€™ူα€α€Š်α€α€š်.. ၊ α€žα€ျာၤα€•α€Šာα€œို တွα€€်ချα€€်α€™ူ့α€›ှိα€α€š် ၊ α€›ူပဗေα€’ α€œို α€žα€˜ောတရားတွေ α€›ှိα€α€š် ၊
α€–ြα€…်ပေါ်α€”ေတဲ့ထခြေ ထနေ ထရပ်ရပ်α€€ို စဉ်းα€…ားခြင့်ချိα€”်α€›α€α€š် ၊ α€…ွα€™်းα€›α€Š် ( ၃ ) ရပ်α€€ို ထခြေခံပီး α€™ှ α€…α€…်α€•α€Šာα€€ို α€žα€„်α€€ြားခဲ့တာ ၊
ငါတို့တက်တဲ့ထတက် ၊ငါတို့α€œα€€်α€™ှာ α€›ှိတဲ့ α€žေနတ် α€œူα€žα€်α€–ို့α€žα€„်α€šူတာ ၊ α€€ိုင်ဆောင်တာ α€™α€Ÿုတ်α€˜ူး ငါတို့α€”ိုင်ငံα€€ို α€€ာα€€ွα€š်α€–ို့α€‘α€žုံးပြုတာ...
α€€ိုα€š်α€œα€€်α€€ြံခိုင်α€™ူ့ ၊ ဉာဏ်α€›α€Š်ထက်α€™ြတ်α€™ူ့၊ α€…ိတ်ဓါတ်α€€ြံခိုင်α€™ူ့၊
α€œူ့α€œောα€€ α€™ှာ α€šောင်္α€€ျား...
α€šောင်္α€€ျားα€™ှာ α€…α€…်α€žား..
α€…α€…်α€žား α€™ှာ α€…α€…်α€—ိုα€œ်...
α€‘α€žα€€် ထရွα€š် α€„α€š်α€›ွα€š်ပေα€™ဲ့α€€ြီးα€œေးတဲ့တာဝန်α€€ို ထမ်းဆောင် α€”ိုင်ခဲ့α€œို့α€…α€…်α€—ိုα€œ်α€–ြα€…်α€œာတာ...
ရတဲ့α€˜ွဲ့ α€‘α€žိထမှတ်ပြုα€–ို့ထက် ဦးဏှောα€€်α€…ွα€™်းα€›α€Š်α€™ြင့်α€™ားα€–ို့α€€ိုα€‘α€œေးပေးα€α€š်...
ငါတို့α€€ိုα€™ွေးပေးခဲ့α€™ိခင်α€Ÿာ ငါတို့α€›ဲ့ ပထမ α€™ိခင်ပါ...
ငါတို့α€€ို α€€α€™်းα€œှα€™်းခဲ့တဲ့တပ်မတော်α€Ÿာ α€’ုတိα€š α€™ိခင်ပါ..
ငါတို့α€€ို α€žα€„်α€€ြားပေးခဲ့တဲ့ DSA ဆိုတာ ငါတို့α€›ဲ့ တတိα€š α€™ိခင်ပါ..
ငါတို့တတိα€š α€™ိခင် α€›ဲ့ α€›α€Š်α€›ွα€š်ချα€€်α€€....
"Train a new generation of highly educated and well-rounded officers for Myanmar's armed forces who are capable of leading the nation"
တတိα€š α€™ိခင်α€€ြီးα€›ဲ့ α€žားတွေ α€Ÿာ ....
α€€ြα€™်းတမ်းတဲ့α€˜α€α€€ို α€„α€š်စဉ်α€€ α€α€Š်းα€€ ခံα€…ားα€žိα€›ှိခဲ့ α€α€š်...
α€™ိα€˜ ရင်ခွင်α€Ÿာ α€˜α€š်α€œောα€€်α€”ွေးထွေးα€α€š်ဆိုတာထရွα€š်မတိုင်ခင်α€α€Š်း α€€α€žိခဲ့α€α€š်...
α€žွေးမတော်α€žားမစပ် α€Šီ ထစ်α€€ိုတွေ α€žွေးα€…α€Š်းα€™ူ့α€›ှိα€α€š်....
α€€ြီးα€žူα€€ို α€›ိုα€žေ ၊ α€›ွα€š်α€žူα€€ို α€œေးα€…ား ၊ α€„α€š်α€žူα€€ို α€žα€”ား α€Šှာတာα€™ူ α€›ှိα€α€š်...
★★★ ♥♥♥ ★★★
 
☆☆☆ ♥♥♥ ☆☆☆
ခြောα€€်တိုင်းα€™α€€ြောα€€် ၊ α€™ြှောα€€်တိုင်းα€™α€™ြောα€€်...
α€žွေး α€‘α€žα€€် ပေး ထပ်ခါ ၊ α€…ောင့်α€›ှောα€€်α€”ေα€žα€Š်..
α€žားα€€ောင်း ဇာα€”α€Š် ထောင်α€…α€…်α€žα€Š်...

၀မ်းα€žာ ဝမ်းα€”α€Š်း


From:Sithu Aung

α€’ီပုံα€œေးα€€ြα€Š့်ပီး ...
α€€ြα€Š်α€”ူး α€žα€œို ၊ ဝမ်းα€”α€Š်း α€žα€œိုα€–ြα€…်α€™ိα€α€š် ...


α€˜ာ့α€€ြောင့် α€€ြα€Š်α€”ူး ရတာα€œဲ ..... ?

α€žေမင်း တမန် တံခါး ဝရောα€€်ရင် ၊ ထချင်းချင်း α€‘α€žα€€်α€€ို α€€ာα€€ွα€š်ပီး α€€ိုα€š့် α€‘α€žα€€်α€€ို စတေးα€›ဲα€žူ .....
α€Šီထစ်α€€ို ထချင်းချင်းα€€ို ချα€…်ခင် α€žα€œို ၊ တစ်α€žွေး ၊ တစ်α€žံ ၊ တစ်α€™ိα€”့်α€”ဲ့ပြα€Š်α€žူ α€”ှင့် α€”ိုင်ငံတော်α€€ို α€€ာα€€ွα€š်α€žူ .....
ခြောα€€်တိုင်း α€™α€€ြောα€€် ၊ α€™ြှောα€€်တိုင်း α€™α€™ြောα€€် ၊ α€žေမင်း α€›ှေ့α€›ောα€€်α€”ေα€œα€Š်း α€”ိုင်ငံတော် တွα€€် α€‘α€žα€€်ပေးα€›ဲα€žူ .....
α€›ိα€€္ခာ ၊ α€œα€€်α€”α€€် ပျα€€်α€œα€€်α€”ေα€œα€Š်း ၊ α€žွေးα€žား ၊ α€‘α€žα€€် ခန္ဓာ ကပ်α€œျှင် α€›ှေ့ဆက် တိုα€€်ခိုα€€်α€›ဲα€žူ .....

α€žွေးမတော် α€žားမစပ် ၊
α€™ ၁၀၀၀ α€žား ၊ α€Šီထစ်α€€ိုα€™ျား α€€ .....
α€žွေးတော်α€žားစပ် α€™ောင်α€”ှα€™ α€™ျားထက် ၊ ချα€…်ခင် α€…α€Š်းα€œုံး
ထစား တစ်α€–α€€် ၊ တစ်α€šောα€€် တစ်ဝက် ၊ α€‘α€žα€€်ဆက် α€žူ .......
 


α€˜ာ့α€€ြောင့် ဝမ်းα€”α€Š်း ရတာα€œဲ ..... ? 

တိုင်းတပါး ထားα€€ိုး ၊ α€€ျွα€”်ပြုα€™ျိုးα€€ ၊
ပေးဆပ်α€™ူ့α€™α€žိ ၊ α€›α€šူခြင်း ထတိα€”ဲ့၊
ခွေး α€”ဲ့α€”ှိုင်းပီး α€›ိုင်းချင်တိုင်းα€›ိုင်း ၊
ခွေး α€›ဲ့ α€žα€…္α€…ာ ၊ ခွေး ထက်α€žာα€œျှင် ၊
ထပြော α€™α€Ÿုတ် ၊ α€‘α€œုပ်ပြα€œေ ....

α€€ိုα€š်α€€ျိုးα€™α€–α€€် ၊ တိုင်းပြα€Š်ထတွα€€် ၊
ပေးဆပ်ခြင်း ၊ α€‘α€œျှင်း α€™α€žိ .....
ပြα€Š်ပ α€’ေါ်α€œာ ၊ ငါ ထိတ်α€žာဝင် ၊
ငါခုံမင်၍ ....
တိုင်းပြα€Š် α€™α€€ောင်း ၊ α€…α€…် α€€ောင်းမပြု ၊
ပြα€Š်α€žူα€€ α€€ျွေး ၊ ပြα€Š်α€žူα€™ွေးတဲ့ ၊
ပြα€Š်α€žူ့α€žားα€™ျားထား ၊ α€…ော်α€€ား ပါα€œေ .....
 

α€…α€…်α€žား တစ်α€šောα€€် ၏ ပေးဆပ်α€™ှု


From:α€‘α€˜α€₯α€€္α€€α€€ိုα€€ို

ထမင်းထိုးα€€ြီးတွေ့တော့ တပ်မတော်α€žားတွေα€›ဲ့
α€…ိတ်ဓါတ် ခံα€šူချα€€်α€€ို α€œေးα€…ားα€›ေးα€žားα€™ိα€α€š်..။


ထမင်းတစ်α€œုပ်တွα€€် ငါတို့α€œုပ်တာα€™α€Ÿုတ်α€–ူး
α€…ားခဲ့ရတဲ့ α€’ီဆန်α€€ြα€™်းα€œေး α€žဲα€”ဲ့α€›ောα€”ေပါα€…ေ
ငါတိုင်းပြα€Š်တိုးတတ်α€–ို့ ငါထားα€›ှိα€–ို့α€›ာထတွα€€်ငါတို့α€…ား၏။

α€’ီα€œα€™်းα€€ြα€™်းα€€ ဆူးα€α€œုတ်တွေ α€˜α€š်α€œောα€€်α€€ြα€™်းပါα€…ေ
α€›ှိα€žα€™ျှ ထားα€œေး α€…ုα€…α€Š်းα€α€Š်ဆောα€€် α€œα€™်းα€€ိုα€–ောα€€်
ငါတိုင်းပြα€Š် α€œα€™်းα€€ြောင်းα€€ောင်းα€™ွα€”်α€–ို့α€›ာငါα€™ျော်α€œα€„့်၏။

ဆက်α€žွα€š်α€›ေးတွα€€် α€‘α€œွα€”်ခက်ခဲ ထမေ့α€€ိုα€œွα€™်း
ထချα€…်α€”ဲ့α€œှα€™်းα€œα€Š်းα‚α€žိα€”်းတန်α€–ုα€”်းα€”ဲ့တစ်ပြα€Š်α€œုံး
α€’ီပြα€Š်တစ်ခွင်ဆက်α€žွα€š်α€”ိုင်α€›α€”်တိုင်ပေါင်းα€™ျားα€…ွာ
ငါတို့ထောင်၏။

ထရှေ့α€”ဲ့ထနောα€€် တောင်α€”ဲ့α€™ြောα€€် α€žားα€žα€™ီးα€€ိုခွဲ
ငါတို့α€›ောα€€်α€œα€Š်း ဇနီα€—ာတုံးတစ်တုံးဆီထမ်းα€€ာ
α€’ီပြα€Š်ရထားα€œα€™်း α€€ောင်းα€™ွα€”်α€›ေးတွα€€် ငါတို့ချွေးတွေပေး၏။

တိုင်းပြα€Š်တွα€€် α€…α€…်ခွေးမင်းတို့ပြောα€…α€€ား ငါတို့α€€ြားα€œα€Š်း
ထပြုံးမပျα€€် ချွေးတစ်α€…α€€်α€”ဲ့ α€žွေးα€žားα€™ျားα€…ွာ
α€’ီပြα€Š်α€žာα€šာα€›ေးထတွα€€် ငါတို့ပေး၏။

α€™ီးα€™α€›ှိ α€›ေα€—ူးတစ်α€—ူးα€”ှင့် α€…ီα€€α€›α€€်α€™α€”ေ ထကြα€™်းα€€ိုခဲα€€ာ
ငါတို့ပေးဆပ် α€˜α€š်α€žူα€™α€žိ α€”ေပါα€…ေ α€žα€Š်α€™ောင်α€šောα€€ျာၤး
α€’ီတိုင်းပြα€Š်တွα€€် α€€ျα€›ာα€”ေα€›ာ α€™ာα€”်α€Ÿα€”်တင်းα€€ာဆက်α€œုပ်၏။

ငါ၏α€™ာα€”်α€™α€›ှိ α€’ီထမင်းတစ်α€œုပ်တွα€€် ထားထင်α€™α€›ှိα€€ုα€”်ဆုံးချိα€”်α€›ောα€€်
α€‘α€žα€€်ပျောα€€်α€€ တိုင်းပြα€Š်တွα€€် α€’ီα€…α€€ားα€žာ ငါဆိုချင်၏
α€’ီတိုင်းပြα€Š်α€€ြီးα€™ီးα€™ှα€”် α€–ုα€”်းα€”ဲ့ α€œူတိုင်းα€€ိုင်α€”ိုင်ပါα€…ေ။

α€’ီထမင်းတစ်α€œုပ် ငါတို့α€…ားα€›ျ် တိုင်းပြα€Š်တွα€€်α€‘α€œုပ်α€œုပ်
α€’ီထမင်းတစ်α€œုပ် ငါတို့α€…ားα€›ျ် ပြα€Š်α€žူတွα€€်α€œα€™်းတွေα€–ောα€€်
α€’ီထမင်းတစ်α€œုပ် ငါတို့α€…ားα€›ျ် α€œူα€™ျိုးတွα€€် α€‘α€žα€€်α€€ိုα€…ွα€”့်၏။

α€’ီပကာα€žα€” ငါα€™α€žိ ငါ၏α€‘α€žိငါတို့α€…ိတ်α€α€š် ငါα€•α€Šာရပ်
ငါα€…ွα€™်းα€›α€Š်α€™ျား ငါထားထင်α€™ျားα€žα€Š်α€’ီထမင်းတစ်α€œုပ်α€€ို α€™α€›α€Š်α€…ူး တိုင်းပြα€Š်ချα€…်α€…ိတ်α€”ဲ့ထမျိုးတွα€€်α€€ိုα€š်ထတ္တကိုα€…ွα€”့်ထာဝစဉ် ငါတွေး၏။

တန်ပါα€žα€œော တန်ပါα€žα€œော တန်ပါα€žα€œော တန်ပါα€žα€œော
မင်းα€‘α€›α€Š်ချင်းမင်းα€•α€Šာα€”ဲ့ ချွေးတွေα€‘α€žα€€်ပေးα€™ိα€˜α€”ဲ့ဝေး
ထချα€…်α€™α€žိ α€›ေα€™α€›ှိα€˜ဲ α€žဲα€™ြေရင်ကတုတ်α€œုပ်တန်ပါα€žα€œော

ပြα€Š်α€žူ့ α€…α€…်ခွေးငါတို့တွα€€် ပြα€Š်α€žူα€€ောင်းα€…ားထေးချα€™်းα€™α€š်ဆို
တန်ပါα€α€š်α€˜α€š်α€€ြောင့်ဆိုα€žော် ငါတို့ ထမျိုးα€˜ာα€žာ
α€žာα€žα€”ာα€€ိုချα€…်α€…ိတ်α€€ိုα€”ှα€…်α€žော်α€€ြောင့် ထာဝစဉ်တို့တွα€€် တန်ပါ၏။

*တပ်မတော်α€žα€Š် တိုင်းပြα€Š်တွα€€်
တိုင်းပြα€Š်α€žα€Š် တပ်မတော်တွα€€်α€™α€Ÿုတ်
*α€…α€Š်းα€€α€™်း α€™α€›ှိတဲ့ α€…α€…်တပ်α€›ှိα€”ေα€™ဲ့ ထစား
ထဲ့α€’ီα€…α€…်တပ်α€™α€›ှိတာ တိုင်းပြα€Š်တွα€€်ပိုα€€ောင်းα€α€š်
α€—ိုα€œ်ချုပ်α€…α€€ား α€”ှα€œုံးα€žွင်းα€€ာ တိုင်းပြα€Š်တွα€€် α€‘α€žα€€်α€€ိုပေး
ချွေးပေါင်းα€™ျားα€…ွာ ပေးဆပ်α€”ေတဲ့ α€…α€Š်α€€α€™်းα€›ှိα€žော် α€›ဲα€˜ော်α€›ဲα€˜α€€်
α€™ျား α€™ိα€˜α€”ဲ့ချα€…်α€žူ ဇနီ α€žာα€™α€šားα€”ဲ့ α€žေα€€ွဲ α€›ှင်α€€ွဲ ကင်းဝေးα€€ြပါα€…ေ။

ထချα€…် α€”ှင့် α€…α€…် (любовь ΠΈ Π²ΠΎΠΉΠ½Π°)


From:α€€ိုပုα€žိα€™်α€žားα€œေး

ချα€…်α€žူ...

α€€ိုတို့ α€”ှα€…်α€šောα€€် တွေ့α€œို့α€™ှ α€™α€α€žေးခင်α€™ှာ α€Œာα€”ေα€€ို ပြα€”်ရတော့α€™α€š်... α€Šှိုးα€„α€š်α€”ေတဲ့

မင်းα€™ျα€€်α€”ှာα€œေးα€€ို ငါ α€€ြα€Š့်α€™ိα€œိုα€€်စဉ်α€™ှာ ငါ့ရင်ထဲα€™ှာ α€™ီးတောင်တစ်α€œုံးပေါα€€်α€žွားα€α€š်...

...
α€Šα€”ေခင်းα€‘α€œှα€€ ငါ့ထတွα€€် မထေးα€™ြα€”ိုင်α€…ေα€˜ူးα€€ွာ... မင်းα€™ျα€€်ဝန်းα€€ α€™ျα€€်α€›α€Š်စတွေα€€

ငါ့ထတွα€€် တန်α€–ိုးα€€ြီးα€œွα€”်းပါα€α€š် ချα€…်α€žူα€›α€š်...

ချα€…်α€žူ...

α€€ိုတို့ α€”ှα€…်α€šောα€€် ထခုα€œα€€်α€›ှိα€™ှာ ခဏဝေးα€”ေတာα€Ÿာ တစ်α€˜α€α€…ာထတွα€€်ပါα€œို့ α€žိα€…ေချင်α€α€š်...

ငါ့ရင်ထဲα€™ှာမင်း မင်းရင်ထဲα€™ှာငါ ထစဉ်ထာဝရ α€α€Š်α€›ှိα€”ေα€žα€›ွေ့ α€€ိုတို့ α€”ှα€…်ဦးα€Ÿာ α€˜α€š်တော့α€™ှ

မဝေးပါα€˜ူး ချα€…်α€žူ... α€™ိုင်ထောင်α€žောင်း ဝေးα€€ွာα€”ေပါα€…ေဦးတော့...

မင်းα€€ိုငါ ထရမ်းချα€…်α€α€š် ချα€…်α€žူ....

”α€…α€…်α€”ှင့် α€…α€…်α€žား“


 

From:တိုင်းပြα€Š်α€€α€”ုα€”ု α€™ုα€”်တိုင်းကထန်ထန်

α€…α€…်ပွဲα€Ÿူα€žα€Š် α€”ိုင်ငံα€›ဲ့ဝါα€’α€€ို တစ်α€”α€Š်းတစ်α€˜ာα€žာထားα€–ြင် ဆက်α€œα€€် ထကောင်α€‘α€‘α€Š်α€–ော် α€€ျင့်α€žုံးခြင်းα€žာα€–ြα€…်α€žα€Š်။α€”ိုင်ငံတစ်ခုα€žα€Š် α€™ိα€™ိα€›ဲ့ ဝါα€’α€œα€™်းα€…α€₯ၤထရ ထခြားတိုင်းပြα€Š် တစ်ပြα€Š်α€€ို α€œွှα€™်းα€™ိုးα€›α€”် α€€ြိုးပမ်းα€›ာတွင် ထခြားα€”α€Š်းα€œα€™်းα€–ြင့် မထောင်α€™ြင်α€žောထခါ α€œα€€်α€”α€€်ထင်ထားα€–ြင့်α€–ိ α€œာတက်α€žα€Š်။ ... ထိုα€”α€Š်းထတူ α€”ိုင်ငံα€›ေး ထဖွဲ့α€‘α€…α€Š်းတစ်ခုα€žα€Š် α€™ိα€™ိα€›ဲ့ ဝါα€’α€œα€™်းα€…α€₯ၤထရ တိုင်းပြα€Š် ထတွင်း α€œွှα€™်းα€™ိုးα€›α€”် α€€ြိုးပမ်းα€›ာ ထခြားα€”α€Š်းα€œα€™်းα€–ြင့် မထောင်α€™ြင်α€žောထခါ ထိုတိုင်းပြα€Š် ထစိုးရထား α€œα€€်α€”α€€်ထားα€€ိုးα€–ြင့် α€–ြုတ်ချα€›α€”် α€€ြိုးα€…ားα€œာတက်α€žα€Š်။ 

ထိုထခါ α€…α€…်ပွဲα€Ÿူα€žα€Š် ပေါ်ပေါα€€်α€œာα€›α€žα€Š်။ α€™α€Š်α€žို့ပင်α€–ြα€…်α€…ေ α€…α€…်ပွဲ စပြီဆိုα€žα€Š်α€”ှင့် ပထမဆုံးα€žော α€€ျα€Š်ဆန်α€žα€Š် ထိုတိုင်းပြα€Š်၏ α€…α€…်α€žားထား ချိα€”်α€›ွα€š်ပီး ပစ်α€œွှတ်α€œိုα€€်ခြင်းပင် α€–ြα€…်α€žα€Š်။ ထို့α€€ြောင့် ထရေးထခင်းα€€ို ဦးဆုံးပြေးပီး တွေ့α€›α€žူα€žα€Š် α€…α€…်α€žားပင် α€–ြα€…်α€›α€žα€Š်။ ထိုα€…α€…်α€žားထဖို့α€™ှာတော့ α€™α€Š်α€žူα€€ α€™ှားα€žα€Š်၊ α€™α€Š်α€žူα€€ α€™ှα€”်α€žα€Š်α€Ÿူα€žော ထချα€€်α€žα€Š် ပြα€žα€”ာα€™α€Ÿုတ်ပါ။α€™α€Ÿုတ်α€”ိုင်တော့ပါ။ ထိုα€…α€…်α€žားα€žိα€–ို့၊ α€”ားα€œα€Š်α€–ို့၊ α€šုံα€€ြα€Š်α€–ို့ တစ်ခုα€žာα€›ှိα€žα€Š်။ ထဲα€’ါα€€ α€™ှားα€žα€Š်α€–ြα€…်α€…ေ၊ α€™ှα€”်α€žα€Š်α€–ြα€…်α€…ေ ငါ်၏ တိုင်းပြα€Š်α€”ှင့် ငါ်၏ တပ်မတော်။

α€…α€…်α€žား α€™ျားα€›ဲ့α€˜α€


From:α€–ိုးα€žားα€œေး

α€…α€…်α€žားတစ်ဦးရင်α€™ှာ ***

ကင်းတို ကင်းα€›ှα€Š်၊ α€žα€Š်တပ်α€™ြေα€™ှာ

α€Šှေင့်α€…ူးα€α€œုပ်၊ ကတုပ်ဆင့်ခံ

...
α€…ီα€™ံα€€ွပ်α€€ဲ၊ မထိα€›ဲထောင်

α€žူα€α€Š်းα€šောα€€ျာၤး၊ α€™α€Ÿုတ်α€Šားα€™ို့

ငါα€œα€Š်းα€…α€…်α€žား၊ ပြα€Š်α€žူ့α€žားα€œို့

α€–ျα€€်α€™ှောင့်α€›α€”်α€…ွα€š်၊ α€‘α€žွα€š်α€žွα€š်α€€ို

တားဆီးα€›α€”်α€€ာ၊ ပြα€Š့်တွα€€်α€œို့α€žာ

α€…ိတ်α€α€š်ခိုင်α€€ြα€Š်၊ α€›α€Š်α€™ိα€žော်α€œα€Š်း

α€”ှα€œုံးဆီα€™ှာ၊ α€œွα€™်းα€œှပါα€žα€Š်

ထိα€™်α€žူα€žα€€်ထား၊ α€žားα€™α€šားα€€ို

ရင်α€™ှာ α€žိα€™်းထုပ်၊ α€…ောင့်ချူပ်ထိα€”်းα€œα€Š်း

α€œွα€™်းα€…ိတ်ထတိ၊ ရင်α€™ှာထိα€œို့

ဆွေးα€™ိα€α€š်α€œေး......။



α€™ိုးတဖွဲα€–ွဲ၊ α€›ွာα€žွα€”်းဆဲα€™ှာ

α€—ွα€€်ထိုင်α€›ွံ့α€Šွှံ၊ α€™ှတ်ခြင်α€šα€„်α€”ှင့်

ခြုံα€”ွα€š်α€…ူးα€Šှောင့်၊ α€›α€”်α€žူပေါင်းထပ်

ထရပ်ရပ်α€€ို၊ ရင်α€™ြေကတုပ်

α€‘α€Ÿုတ်α€™ှတ်α€œို့၊ α€™ိုးα€”ှα€š်ထပြိုင်

α€€ျα€Š်ဆံα€œှိုှု်င်၍၊ α€…ိα€”်ပြောင်းα€—ုံးα€žံ

α€˜α€α€‚်α€Šံထောင်၊ α€€ွဲပျံα€™ြောα€€်ချီ

α€™ြα€Š်α€Ÿီးα€žော်α€œα€Š်း၊ α€˜α€š်α€α€š်α€€ြောα€€်α€…ိတ်

α€…ိုးထိတ်မပေါ်၊ α€›ဲα€žော်α€™ာα€”်α€œွင့်

α€›ဲα€žွေးဆင့်α€œို့၊ α€…ွα€”်α€…ားတိုα€€်α€™α€Š်

ထိုထိုα€…α€…်ပွဲ၊ တစ်α€›ာα€”ွဲα€œα€Š်း

ထောင်ပွဲဆင့်ဆင့်၊ α€šူα€€ာဝံ့α€œို့

ရင်α€™ှထရေး၊ ပြα€Š့်ထရေးα€€ို

α€žာ၍ထမ်းα€™α€Š်၊ α€›α€Š်α€™ိα€žော်α€œα€Š်း

ထိα€™်α€žူα€žα€€်ထား၊ α€žားα€™α€šားα€€ို

α€žူတို့ထရေး၊ တွေးပူα€™ိတော့

α€œွα€™်းα€…ိတ်ထတိ၊ ရင်α€™ှာထိα€œို့

ဆွေးα€™ိα€α€š်α€œေး......



ထချိα€”်α€›ှα€Š်α€œျား၊ α€›ှေးခါα€™ျားα€€

α€›ဲα€™α€€်α€…α€…်α€žား၊ ဇာα€”α€Š်α€˜ွားα€œို

တရားα€žောα€…α€…်၊ ငါတို့ခေတ်α€™ှာ

α€™ုချထောင်α€žα€Š်၊ α€”ိုင်ပွဲဆီα€žို့

တက်ချီα€œှα€™်းα€œျှောα€€်၊ α€”ိုင်ပွဲα€›ောα€€်၍

မပျောα€€်ခန္ဓာ၊ α€™ြဲα€žα€€်တာα€”ှင့်

ပေးထပ်တာဝန်၊ α€€ျေပွα€”်α€œေα€™ှ

α€žားα€”ှင့်α€™α€šား၊ α€žူတို့α€™ျားα€€ို

ရင်ခွင်α€™ှာထား၊ α€™ေတ္တာတရားα€”ှင့်

α€œွှα€™်းခြုံα€›α€…်ပတ်၊ တထားα€–α€€်α€œို့

ဆွေးα€…ိတ်α€œွα€™်းα€…ိတ်၊ α€€ြောင့်α€€ြα€…ိတ်α€›α€š်

α€žောကဒဏ်α€›ာ၊ ထဖြာα€–ြာα€€ို

ချα€…်α€™ေတ္တာα€”ှင့်

α€”ှα€…်α€žိα€™့်ငြိα€™်းα€…ေပါα€™α€Š့်α€œေး....။
(
 
α€žားပစ် α€™α€šားပစ် α€›ှေ့တန်းα€…α€…်α€™ြေα€™ှာ ထမိα€”ိုင်ငံတော်α€€ို α€‘α€žα€€်ပေးα€€ွာα€€ွα€š်α€”ေα€žော တပ်မတော်α€žား ထောင်ပွဲα€›α€œို့ α€™ိα€žားα€…ု α€”ဲ့ထပြα€”်ဆုံး ပြα€”်α€œα€Š် ဆုံတွေ α€”ိုင်α€€ြပါα€…ေ)

November 21, 2012

α€…α€…်α€™ှုထမ်းထဖြα€…် α€žα€…္α€…ာပြုခြင်း

  
α€€ျွα€”်ုပ်α€žα€Š် α€–ွဲ့α€…α€Š်းပုံ ထခြေခံ α€₯ပဒေα€€ို α€™ိα€™ိ၏ α€‘α€žα€€်α€…ွα€”့်၍ပင် ထိα€”်းα€žိα€™်းα€…ောင့်α€›ှောα€€်ပါα€™α€Š် α€Ÿူ၍α€œα€Š်းα€€ောင်း တပ်မတော်တွင် ဝင်α€›ောα€€် ထမှုထမ်း၍ α€€ုα€”်းα€€ြောင်းခရီးα€–ြင့်α€–ြα€…်α€…ေ α€›ေα€€ြောင်းခရီးα€–ြင့် α€–ြα€…်α€…ေ α€œေα€€ြောင်း ခရီးα€–ြင့်α€–ြα€…်α€…ေ α€™α€Š်α€žα€Š့် α€”ေα€›ာ ထရပ်α€žို့မဆို ထမိα€”့်ပေးα€žα€Š့်ထတိုင်း α€™ိα€™ိ၏ α€‘α€žα€€်α€…ွα€”့်၍ပင် α€žွားα€™α€Š်α€Ÿူ၍ α€œα€Š်းα€€ောင်း α€™ိα€™ိα€€ို ထုပ်ချုပ်α€žော ထထက်ထရာα€›ှိ တစ်ဦးဦး၏ ထမိα€”့်ထားα€œုံးα€€ို α€™ိα€™ိ၏ α€‘α€žα€€်α€…ွα€”့်၍ပင် α€”ာခံပါα€™α€Š် α€Ÿူ၍ α€œα€Š်းα€€ောင်း ကတိα€žα€…္α€…ာ ပြုပါα€žα€Š်။

DSA 53 Intake 

α€”ောင်တစ်ခေတ်၏ ထောင်α€…α€…်α€žα€Š်α€™ျားα€™ွေးထုတ်α€›ာ α€…α€…်တက္α€€α€žိုα€œ်


α€™ြα€”်α€™ာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်α€€ြα€žα€Š့် ထရာα€›ှိα€”ှင့် α€…α€…်α€žα€Š်ထဆင့်ထတန်းထားα€œုံးထတွα€€် α€…α€…်α€•α€Šာရပ်α€™ျား α€€ျွα€™်းα€€ျင်ပြα€Š့်ဝစေα€›α€”် α€žα€„်တန်းα€™ျားα€–ွင့်α€œှα€…်၍ α€œေ့α€€ျင့်α€žα€„်α€€ြားပေးα€›α€”် α€€ျောင်း/တပ်/စခန်းα€‘α€žီးα€žီး α€α€Š်ထောင်ထားα€›ှိပါα€žα€Š်။ ၎င်းα€žα€„်တန်းα€€ျောင်းα€™ျားထနက် α€…α€…်α€•α€Šာα€”ှင့် α€…ာပေα€•α€Šာ α€…ွα€š်α€…ုံα€€ျွα€™်းα€€ျင်α€žα€Š့် α€™ြα€”်α€™ာ့တပ်မတော်ထရာα€›ှိα€€ောင်းα€™ျား α€™ွေးထုတ်ပေးα€”ိုင်α€›ေးထတွα€€် α€…α€…်တက္α€€α€žိုα€œ်α€€ို α€α€Š်ထောင်ထားα€›ှိခြင်း α€–ြα€…်ပေα€žα€Š်။

α€α€Š်α€”ေα€›ာ
α€…α€…်တက္α€€α€žိုα€œ်α€€ို ၁၉၅၄ခုα€”ှα€…်၊ α€žြဂုတ်α€œ(၁)α€›α€€်α€”ေ့တွင် α€›ှα€™်းပြα€Š်α€”α€š်၊ ဗထူးတပ်α€™ြို့၌ စတင်α€α€Š်ထောင်α€–ွင့်α€œှα€…်ခဲ့α€žα€Š်။ ၁၉၅၇ခုα€”ှα€…်၊ ဇွα€”်α€œ(၂၀)α€›α€€်α€”ေ့တွင် ပထဝီထနေထထားထရ ပိုα€™ိုα€žα€„့်α€œျော်α€™α€Š့် α€™α€”္α€α€œေးတိုင်း၊ ပြင်ဦးα€œွင်α€™ြို့α€žို့ ပြောင်းα€›ွှေ့ α€–ွင့်α€œှα€…်ခဲ့α€žα€Š်။

α€–ွဲ့ α€…α€Š်းပုံ
α€…α€…်တက္α€€α€žိုα€œ်α€€ို α€—ိုα€œ်α€™ှူးချုပ်ထဆင့်α€›ှိα€žော α€€ျောင်းထုပ်α€€ြီးတစ်ဦးα€™ှ α€€ွပ်α€€ဲထုပ်ချုပ်ပါα€žα€Š်။ α€€ျောင်းα€Œာနချုပ်တွင် α€€ျောင်းထုပ်α€€ြီးထပြင် α€—ိုα€œ်α€™ှူးα€€ြီး ထဆင့်α€›ှိ ထရာα€›ှိတစ်ဦးα€™ှ α€’ုတိα€šα€€ျောင်းထုပ်α€€ြီးထဖြα€…် တာဝန်α€šူဆောင်α€›ွα€€်α€œျα€€် α€›ှိပါα€žα€Š်။ α€…α€…်တက္α€€α€žိုα€œ်တွင် α€œေ့α€€ျင့်α€›ေးα€Œာα€”၊ α€…ာပေα€Œာα€”α€”ှင့် ထုပ်ချုပ်α€™ှုα€Œာα€”α€Ÿူ၍ α€Œာα€”α€€ြီး(၃)ခုα€›ှိα€žα€Š်။ α€œေ့α€€ျင့်α€›ေးα€Œာနတွင် α€’ုတိα€šα€—ိုα€œ်α€™ှူးα€€ြီးထဆင့်α€›ှိ α€”α€Š်းပြα€™ှူးချုပ်တစ်ဦး၊ α€…ာပေα€Œာနတွင် α€—ိုα€œ်α€™ှူးα€€ြီးထဆင့်ုα€›ှိ α€…ာပေα€Šွှα€”်α€€ြားα€›ေးα€™ှူး တစ်ဦးတို့α€€ α€…α€…်တက္α€€α€žိုα€œ်၏ α€›α€Š်α€™ှα€”်းချα€€်တာဝန်α€™ျား ပြီးα€™ြောα€€်ထောင် ထကောင်α€‘α€‘α€Š်α€–ော်α€›ေးα€”ှင့် α€œα€€်α€›ုံးα€›α€Š်၊ α€”ှα€œုံးα€›α€Š်ပြα€Š့်α€…ုံα€žော ထရာα€›ှိα€€ောင်းα€™ျား α€™ွေးထုတ်ပေးα€”ိုင်α€›ေးထတွα€€် တာဝန်α€šူα€€ြီးα€€ြပ် α€€ွပ်α€€ဲα€œေ့α€€ျင့် α€žα€„်α€€ြားα€œျα€€်α€›ှိα€žα€Š်။

α€œေ့α€€ျင့်α€›ေးα€Œာα€”
α€œေ့α€€ျင့်α€›ေးα€Œာနတွင် α€’ုတိα€šα€—ိုα€œ်α€™ှူးα€€ြီးထဆင့်α€›ှိ α€”α€Š်းပြα€™ှူးချုပ်α€žα€Š် α€—ိုα€œ်α€œောင်းတပ်ရင်း၏ တပ်ရင်းα€™ှူးထဖြα€…် တာဝန်α€šူα€€ွပ်α€€ဲထုပ်ချုပ်α€žα€Š်။ α€€α€Œာα€” တွင် α€—ိုα€œ်α€œောင်းတပ်ခွဲ(၈)ခွဲထပြင် α€œα€€်α€”α€€်α€žα€„်α€Œာα€”၊ α€…α€…်α€›ေးပြα€Œာα€”α€”ှင့်α€€ြံ့ခိုင်α€›ေး α€Œာနတို့α€›ှိα€žα€Š်။ α€—ိုα€œ်α€œောင်းတပ်ခွဲတစ်ခွဲα€…ီတွင် α€—ိုα€œ်α€™ှူးထဆင့်α€›ှိ တပ်ခွဲα€™ှူးတစ်ဦးα€€ α€€ွပ်α€€ဲပြီး α€—ိုα€œ်α€œောင်းတပ်α€…ုငါးα€…ု ပါဝင်α€žα€Š်။ α€—ိုα€œ်α€œောင်းတပ်α€…ုတစ်α€…ုချင်းα€€ို α€—ိုα€œ်α€€ြီးထဆင့်α€›ှိ တပ်α€…ုα€™ှူးတစ်ဦးα€…ီα€€ တာဝန်ခံထုပ်ချုပ်α€žα€Š်။ α€—ိုα€œ်α€œောင်းတပ်ခွဲ တိုင်းα€€ို ပထမနှα€…်α€™ှ α€”ောα€€်ဆုံးα€”ှα€…်ထထိ α€žα€„်တန်းα€žားα€—ိုα€œ်α€œောင်းα€™ျားα€–ြင့် α€–ွဲ့ α€…α€Š်း ထားα€žα€Š်။ α€”ှα€…်ရင့်α€—ိုα€œ်α€œောင်းα€™ျားα€€ α€”ှα€…်α€„α€š်α€—ိုα€œ်α€œောင်းα€™ျားα€€ို ဆင့်α€€ဲထိα€”်းα€€ျောင်း α€žα€Š့်α€…α€”α€…်α€œα€Š်း ထားα€›ှိα€…ေα€žα€–ြင့် α€—ိုα€œ်α€œောင်းα€™ျား၏ တစ်α€€ိုα€š်α€›ေα€…α€Š်းα€€α€™်း၊ α€…ိတ်ဓာတ်၊ α€€ျα€”်းα€™ာα€›ေး၊ α€žα€€်α€žာချောင်ချိα€›ေးα€”ှင့် α€…α€…်α€•α€Šာ၊ α€…ာပေα€•α€Šာတိုးတက်α€™ှုထတွα€€် ထထောα€€်ထကူပြုα€…ေပါα€žα€Š်။

α€…ာပေα€Œာα€”
α€…ာပေα€Œာနတွင် α€—ိုα€œ်α€™ှူးα€€ြီးထဆင့်α€›ှိα€žော α€…ာပေα€Šွှα€”်α€€ြားα€›ေးα€™ှူးတစ်ဦးα€€ α€€ွပ်α€€ဲပါα€žα€Š်။ α€…ာပေα€Œာနတွင် ဝိဇ္ဇာα€”ှင့် α€žိပ္ပံα€˜ာα€žာရပ်α€‘α€œိုα€€် α€Œာα€”(၁၀)ခုα€›ှိα€žα€Š်။ ၎င်းα€Œာα€”α€™ျားα€™ှာ ဝိဇ္ဇာα€˜ာα€žာရပ်ထတွα€€် ပထဝီα€Œာα€”၊ α€žα€™ိုင်းα€Œာα€”၊ α€˜ောဂဗေα€’α€Œာα€”α€”ှင့် α€…ိတ်α€•α€Šာα€Œာနတို့α€–ြα€…်α€€ြပြီး α€žိပ္ပံα€˜ာα€žာရပ်ထတွα€€် α€žα€„်္ချာα€Œာα€”၊ α€›ူပဗေα€’α€Œာα€”၊ ဓာတု α€—ေα€’α€Œာα€”α€”ှင့် α€€ွα€”်ပျူတာα€Œာနတို့ α€–ြα€…်α€€ြα€žα€Š်။ α€˜ာα€žာα€…α€€ားဆိုင်α€›ာα€Œာနထဖြα€…် α€™ြα€”်α€™ာα€…ာα€Œာα€”α€”ှင့် ထင်္α€‚α€œိပ်α€…ာα€Œာနတို့ α€›ှိα€€ြα€žα€Š်။ α€…ိတ်α€•α€Šာα€Œာα€”α€™ှα€œွဲ၍ α€€ျα€”်α€Œာα€”α€™ျား α€€ို α€’ုတိα€šα€—ိုα€œ်α€™ှူးα€€ြီးထဆင့်α€›ှိ ပါα€™ောα€€္ခတစ်ဦးα€…ီα€€ တာဝန်α€šူα€€ြီးα€€ြပ် α€žα€„်α€€ြား ပေးα€žα€Š်။ α€…ာပေα€Šွှα€”်α€€ြားα€›ေးα€™ှူး၏ထောα€€်တွင် α€’ုတိα€šα€—ိုα€œ်α€™ှူးα€€ြီးထဆင့်α€›ှိ α€œα€€်ထောα€€်α€…ာပေα€Šွှα€”်α€€ြားα€›ေးα€™ှူးတစ်ဦးα€€ တာဝန်ခံα€€ြီးα€€ြပ်ပါα€žα€Š်။ α€…ာပေα€Œာα€” တွင် α€…ာα€€ြα€Š့်တိုα€€်တစ်ခုα€”ှင့် ပုံα€”ှိပ်α€…α€€်တစ်α€œုံးα€œα€Š်း α€žီးခြားထားα€›ှိပါα€žα€Š်။

α€…α€…်တက္α€€α€žိုα€œ်α€˜ွဲ့ α€”ှင်းα€žα€˜α€„်ထခမ်းထနား
α€…ာပေα€Œာနတွင် α€—ိုα€œ်α€œောင်းα€™ျားထား တက္α€€α€žိုα€œ်ထဆင့် α€…ာပေα€•α€Šာရပ်α€™ျား α€€ျွα€™်းα€€ျင်α€”ှံ့စပ်α€…ွာ တတ်α€™ြောα€€်α€›ေးထတွα€€် တာဝန်α€šူα€žα€„်α€€ြားပေးα€€ာ တတိα€šα€”ှα€…် ထောင်α€™ြင်ပြီးα€…ီးပါα€€ ဝိဇ္ဇာα€˜ွဲ့ α€žို့α€™α€Ÿုတ် α€žိပ္ပံα€˜ွဲ့ α€€ို ထပ်α€”ှင်းပါα€žα€Š်။ α€€ျောင်းဆင်းထရာα€›ှိα€™ျားထား α€™α€Š်α€žα€Š့်α€œα€€်α€›ုံး/ဝန်ထမ်းတပ်α€–ွဲ့ ဆိုင်α€›ာ α€žα€„်တန်းα€™ျားα€€ိုမဆို α€œွα€š်α€œα€„့်တကူ ဆက်α€œα€€်α€†α€Š်းပူးα€”ိုင်α€›ေးထတွα€€်α€œα€Š်း α€›α€Š်α€›ွα€š်α€žα€„်α€€ြားပေးပါα€žα€Š်။ α€…ာပေα€Œာနတွင် α€žα€„်α€€ြားပြα€žα€œျα€€်α€›ှိα€žော α€…α€…်α€˜α€€်/α€”α€š်α€˜α€€် ဆရာ/ဆရာα€™α€™ျားထား α€™α€Ÿာဝိဇ္ဇာ/α€™α€Ÿာα€žိပ္ပံα€˜ွဲ့ α€™ျား α€›α€›ှိα€”ိုင်α€›ေး ထတွα€€် α€•α€Šာဆက်α€œα€€်α€†α€Š်းပူးခွင့်α€€ို α€…ီစဉ်ဆောင်α€›ွα€€်ပေးပါα€žα€Š်။

ထုပ်ချုပ်α€™ှုα€Œာα€”
α€€α€Œာနတွင် α€—ိုα€œ်α€œောင်းα€™ျားα€œေ့α€€ျင့်α€›ေး၊ α€…ာပေα€žα€„်α€€ြားα€›ေးα€”ှင့် α€…α€…်တက္α€€α€žိုα€œ်တစ်ခုα€œုံး၏ α€œိုထပ်α€žα€Š့် ထုပ်ချုပ်ထောα€€်ပံ့α€™ှုα€™ျား ဆောင်α€›ွα€€်ပေးα€”ိုင် α€›α€”် α€—ိုα€œ်α€™ှူးတစ်ဦးα€™ှ တာဝန်ခံα€€ြီးα€€ြပ်ဆောင်α€›ွα€€်ပါα€žα€Š်။ α€žα€›ုပ်ပြတပ်ခွဲ၊ တပ်ထောα€€်တပ်α€…ု၊ α€™ော်တော်α€šာဉ်တပ်α€…ု၊ ဆေးတပ်α€…ု၊ ထထွေထွေတပ်α€…ုα€”ှင့် α€…α€…်တီးဝိုင်းတပ်ခွဲတို့α€€ိုα€œα€Š်း α€‘α€žီးα€žီးα€–ွဲ့ α€…α€Š်းထားα€›ှိပါα€žα€Š်။

α€€ြီးα€€ြပ်α€Šှိα€”ှိုင်းα€›ေးα€€ော်မတီ
ထထက်ပါα€Œာα€”α€žုံးခုထပြင် α€…α€…်တက္α€€α€žိုα€œ်α€€ြီးα€€ြပ်α€Šှိα€”ှိုင်းα€›ေး α€€ော်မတီα€€ို α€œα€Š်း α€–ွဲ့ α€…α€Š်းထားα€›ှိပါα€žα€Š်။ α€€α€€ော်မတီα€žα€Š် α€—ိုα€œ်α€œောင်းα€™ျား၏ α€žα€€်α€žာ ချောင်ချိα€›ေး၊ α€…α€…်α€•α€Šာ၊ α€…ာပေα€•α€Šာα€žα€„်α€€ြားα€›ေးဆိုင်α€›ာ α€€ိα€…္α€…α€™ျားထတွα€€် α€Šှိα€”ှိုင်း ဆောင်α€›ွα€€်ပေးရပါα€žα€Š်။ α€€ျောင်းထုပ်α€€ြီးα€žα€Š် α€…α€…်တက္α€€α€žိုα€œ်ထတွα€€် ထပြα€Š့်ထ၀ တာဝန်α€›ှိα€žူα€–ြα€…်ပြီး α€€α€€ော်မတီα€”ှင့် ဆွေးα€”ွေးα€Šှိα€”ှိုင်းα€€ာ α€œုပ်ငန်းα€€ိα€…္စရပ်α€™ျားα€€ို ထောင်α€™ြင်α€…ွာ ထကောင်α€‘α€‘α€Š်α€–ော် ဆောင်α€›ွα€€်ရပါα€žα€Š်။

DSA 53 Intake 

α€€ျွα€”်တော်α€žိα€žော α€…α€…်α€—ိုα€œ်တစ်α€šောα€€်α€–ြα€…်α€–ို့ဆိုα€œျှင်



α€‘α€”α€Š်းဆုံးတော့ တက္α€€α€žိုα€œ်ဝင်တန်းα€€ို α€‘α€›α€Š်ထချင်းပြα€Š့်α€™ှီα€…ွာα€–ြင့် ထောင်ရပါα€™α€š်။ တက္α€€α€žိုα€œ် ဝင်တန်း ထောင်ပြီးတဲ့α€”ောα€€်α€™ှာတော့ ထရှα€€်ကင်းα€™ဲ့ဇုα€”် ထင်α€œျားα€€α€”်α€˜ောင်α€™ှာ ထပျော်α€€ြူးα€”ိုင်တဲ့ ထခွင့် ထရေး၊ တစ်α€”ှα€…်α€™ှာ တစ်α€œ α€…ာα€žα€„်α€šုံα€”ဲ့ α€˜ွဲ့တစ်ခု α€›α€”ိုင်တဲ့ ထခွင့်ထရေး ၊ α€œူα€„α€š်တစ်ဦးပီα€žα€…ွာα€–ြင့် ပါα€œေα€›ာ α€œုပ်α€”ိုင်တဲ့ ထခွင့်ထရေးα€™ျားα€€ို α€…ွα€”့်α€œွှတ်α€–ို့ ဆုံးα€–ြတ်α€”ိုင်ရပါα€™α€š်။ ပင်ပန်းα€™α€š်၊ ဆင်းα€›ဲα€™α€š်၊ α€€ိုα€š်α€œα€€်ထင်္ဂါတွေ ပေးဆပ်α€›α€™α€š်၊ α€‘α€žα€€်တောင် ပေးဆပ်α€›α€™α€š်ဆိုတဲ့ α€…ွα€”့်α€œွှတ်တတ်တဲ့ α€…ိတ်ထားα€€ို ပိုင်ဆိုင်α€–ို့ α€€ြိုးα€…ားရပါα€™α€š်။ ထဲα€’ီထချα€€်တွေ ပြα€Š့်α€…ုံပြီဆိုရင်တော့ α€‘α€›α€Š်ထချင်း α€…α€…်ဆေးတဲ့ ဝင်ခွင့်α€…ာα€™ေးပွဲα€€ို α€žα€€်ဆိုင်α€›ာ တိုင်းα€‘α€œိုα€€်α€™ှာ α€–ြေဆိုα€–ို့ α€œျှောα€€်α€œွှာတင် ရပါတော့α€™α€š်။

 α€‘α€›α€Š်ထချင်း α€›ှိα€œို့ α€›ေးα€–ြေထောင်ခဲ့ပြီဆိုရင်တော့ ခန္ဓာα€€ိုα€š် α€€ြံ့ခိုင်α€™ှု၊ α€…ိတ်ပိုင်းဆိုင်α€›ာ α€€ောင်းα€™ွα€”်α€™ှု၊ ပူးပေါင်းေ ဆာင်α€›ွα€€် တတ်α€™ှု၊ ထထွေထွေα€—α€Ÿုα€žုတ α€›ှိα€™ှုတွေα€€ို α€…α€…်ဆေးပြီး ထောင်α€™ြင်ခဲ့ရင်တော့ α€…α€…်တက္α€€α€žိုα€œ်α€€ို တက်α€›ောα€€်α€”ိုင်တဲ့ α€™ြα€”်α€™ာတစ်α€”ိုင်ငံα€œုံးα€™ှာ α€†α€š်တန်းေ ထာင် တဲ့ α€œူα€„α€š်α€šောα€€ျ်ားေ α€œး ဝ.၁ α€›ာခိုင်α€”ှုα€”်း α€™ှာ ပါဝင်ပြီ α€–ြα€…်ပါα€α€š်။ α€…α€…်ဆေးခြင်း မပြီးဆုံးα€žေးပါα€˜ူး။ ခန္ဓာα€€ိုα€š်တွင်းα€™ှာ ထေ၊α€˜ီ၊α€…ီ α€›ောဂါပိုးတွေ α€›ှိ၊α€™α€›ှိ ၊ α€žα€်α€™ှတ် ထရပ်၊ ခန္ဓာα€€ိုα€š် α€‘α€œေးချိα€”် α€›ှိ/α€™α€›ှိα€œα€Š်း α€…α€…်ဆေးရပါထုံးα€™α€š်။ ပိα€”်α€œွα€”်း၊α€žေးα€œွα€”်း၊α€α€œွα€”်း ရင်တော့ ပြင်ဦးα€œွင် α€€ို α€œα€Š်ပတ်ပြီး ပြα€”်α€›α€™ှာ α€–ြα€…်ပါα€α€š်။ ဆေးα€…α€…်ဆေးချα€€် ထဖြေ မထွα€€်ခင်α€™ှာတော့ ထိα€™်α€™ှာ ထိပ်ပြီး α€…ောင့်α€”ေ α€œို့ မရပါα€˜ူး။ α€žα€်α€™ှတ်ချိα€”်α€™ှာ ထိပ်α€›α€™α€š်၊ ထိပ်α€›ာ α€‘α€›α€™α€š်၊ α€€ျα€”်းα€™ာα€›ေး ထားα€€α€…ား α€œုပ် α€›α€™α€š်၊ ထခြေခံ α€œေ့α€€ျင့်ခန်းတွေ α€žα€„်ရပါထုံးα€™α€š်။ ထိုထတောထတွင်းα€™ှာ α€™ှ α€›ောဂါα€œα€Š်းကင်း၊ α€…ိတ်ဓာတ်α€€α€œα€Š်း ခိုင်α€™ာပြီ ဆိုရင်တော့ တိုင်းပြα€Š်α€€ို ခေါင်းဆောင် α€€ာα€€ွα€š်α€”ိုင် α€™α€š့် α€…α€…်တက္α€€α€žိုα€œ် α€€ျောင်းα€žား တစ်ဦးα€–ြα€…်ပါပြီ။ 

 α€žာα€™α€”် α€€ျောင်းα€žားα€œိုတော့ မထင်ပါα€”ဲ့။ α€›ဲα€˜ော်α€žα€…် α€€ျောင်းα€žားပါ။ α€…α€…်တပ်ထဲα€™ှာ α€™ိုးα€€ျα€›ွှေα€€ိုα€š် α€…α€…်α€—ိုα€œ် ဆိုတာ α€™α€›ှိပါα€˜ူး။ ထောα€€်ခြေα€€α€žာ တက်α€œှα€™်းα€›α€™ှာ α€–ြα€…်ပါα€α€š်။ α€žα€…္α€…ာ α€œေးချα€€်α€€ို α€œα€€်ခံ α€šုံα€€ြα€Š်ပြီး α€”ိုင်ငံတော်α€‘α€œံα€€ို ထိα€€ိုင် α€€ျိα€”်ဆိုပြီးတဲ့α€”ောα€€်α€™ှာတော့ α€€ိုα€š်ပိုင်α€”ံပါတ် တစ်ခု α€›α€›ှိပြီး α€…α€…်α€žα€Š် α€›ဲα€˜ော် တစ်α€šောα€€် α€–ြα€…်α€œာα€™ှာ α€–ြα€…်ပါα€α€š်။ α€žူα€„α€š်ချင်းတွေ α€™ိα€˜α€‘ိα€™်α€™ှာ α€…ားα€œိုα€€်၊ ထချို့α€€ေ တာ့ α€žα€„်တန်းတွေ α€›ွေးတက်α€œိုα€€် α€œုပ်ချိα€”်α€™ှာ α€’ီα€…α€…်α€žα€Š်α€™ျားα€Ÿာ ထခြေခံα€…α€…်α€•α€Šာα€€ို စတင် α€žα€„်α€šူα€”ေ ရပါပြီ။ α€˜α€š်၊α€Šာ ခြေα€œှα€™်း α€œှα€™်းတတ်ထောင်၊ α€žေနတ်α€˜α€š်α€œို α€€ိုင်ရထောင်၊ ထထက်ထောα€€် α€˜α€š် α€œို α€œေးα€…ား တတ်ထောင် α€”ေ့ပိုင်းα€™ှာ α€žα€„်ပြီး α€Šα€•ိုင်းα€™ှာတော့ α€žα€„်ခန်းα€…ာတွေ ပြα€”်α€œေ့α€œာရင်း α€…ီα€”ီα€šာα€™ျားα€›ဲ့ ဆုံးα€™α€€ွပ်α€€ဲα€™ှုα€”ဲ့ α€”ေ့α€…ွဲတွေα€€ို α€–ြတ်α€žα€”်းရပါα€α€š်။ 

 α€…α€…်ထခြေခံα€€ာα€œα€‘α€ွင်း ထွα€€်ပြေးတဲ့α€žူတွေ၊ ပင်ပန်းα€œို့ α€”ောα€€်α€€ျα€”်ခဲ့α€žူတွေα€œα€Š်း α€™α€”α€Š်းပါα€˜ူး။ ထားα€œုံး α€€ို α€€ျော်α€–ြတ်α€”ိုင်ပြီဆိုရင်တော့ α€…α€…်တက္α€€α€žိုα€œ်α€›ဲ့ α€—ိုα€œ်α€œောင်းα€”ံပါတ်တစ်ခုα€€ို ပိုင်ဆိုင်α€› တဲ့ α€”ောင်တစ်ခောတ်α€›ဲ့ ထောင်α€…α€…်α€žα€Š် ပထမနှα€…် α€—ိုα€œ်α€œောင်း α€–ြα€…်α€œာပါပြီ။ α€™α€”α€€် α€™ှာ α€€ြံ့ခိုင်α€›ေး၊ α€€ြံ့ခိုင်α€›ေးပြီးရင် ဝတ်α€…ားဆင်α€šα€„်α€™ှု α€…α€…်ဆေးခြင်း၊ α€…α€…်α€žီချင်းα€”ဲ့ α€€ျောင်းα€€ိုα€žွား၊ ထပြင် တက္α€€α€žိုα€œ် α€™ျားα€”ဲ့ တန်းတူ α€€ိုα€š်α€›ွေးချα€š်α€›ာ α€˜ာα€žာရပ်α€™ျားα€€ို α€žα€„်α€€ြား၊ ပြα€”်α€œာရင်တော့ α€€ြံ့ခိုင်α€›ေး(၃ α€™ိုင်၊ ၅ α€™ိုင် ထပြေးေ α€œ့α€€ျင့်)၊ α€Šα€…ာα€€ြα€Š့်ချိα€”်α€™ှာ α€…ာα€€ြα€Š့်ပြီး α€™ီးပိတ်ချိα€”်α€™ှာ ထိပ်α€›ာဝင်α€œို့ α€”ေ့တစ်α€”ေ့ α€€ို α€’ီα€œို α€–ြတ်α€žα€”်း ရပါα€α€š်။ α€…α€…်α€•α€Šာတစ်α€–α€€်၊ α€€ျောင်းα€…ာတစ်α€–α€€် α€œူတိုင်းα€™α€œုပ်α€”ိုင်α€œို့ α€”ှα€…်α€‘α€œိုα€€် α€€ျα€”်ခဲ့တဲ့α€žူတွေ α€™α€”α€Š်းပါ α€˜ူး။ α€…ာပေα€•α€Šာ၊ α€…α€…်α€•α€Šာα€”ဲ့ ခေါင်းဆောင်α€™ှု α€•α€Šာတွေα€€ို တတ်α€€ျွα€™်းα€”ားα€œα€Š်ထောင် α€žα€„်ရတာα€™ို့ ထားα€œα€•် ချိα€”် ဆိုတာ ခပ်α€›ှားα€›ှားပါပဲ။

 α€…α€…်ပွဲတစ်ပွဲα€€ို ဦးဆောင်တတ်ထောင်၊ α€œူ တစ်α€…ု α€€ို α€€ွပ်α€€ဲတတ် ထောင်၊ α€›ုံးα€…ာတွေα€€ို α€”ားα€œα€Š်ထောင်၊ α€•α€Šာရပ်တွေα€€ို α€”ားα€œα€Š်တတ်α€€ျွα€™်းထောင် α€žα€„်ပြီးα€€ာα€™ှ ပုခုံးပေါ်α€™ှာ α€€ြα€š်တစ်ပွင့်ဆီα€€ို တင်ပေးပြီး ပြα€”်တမ်းဝင်ထရာα€›ှိ ထဖြα€…် ခန့်ထပ်ခံရပါတော့α€α€š်။ α€€ြα€š်α€œေး တစ်ပွင့်α€…ီ α€€ို α€€ြα€Š့်ပြီး α€™ိα€˜α€ွေ၊ α€Šီထစ်α€€ိုတွေα€€ α€€ျေနပ်α€”ေချိα€”်α€™ှာ α€€ြα€š်α€œေးထောα€€်α€™ှာα€›ှိတဲ့ α€…α€…်α€…ိα€™်းα€›ောင် α€šူα€”ီα€–ောင်းα€€ α€€ျင့်ဝတ်( ၆၀) α€”ဲ့တွဲပြီး ချုပ်ထားα€α€š်ဆိုတာ α€…α€…်α€žားတွေပဲ α€žိပါα€α€š်။ α€”ိုင်ငံတော်၊ ထကြီးထကဲ၊ α€›ဲα€˜ော်α€›ဲα€˜α€€်၊ α€›α€”်α€žူ၊ တစ်ဦးချင်း α€…ောင့်α€žိα€›α€™α€š့် α€€ျင့်ဝတ်တွေα€Ÿာ α€€α€™္α€˜ာα€€ိုတောင် ထုပ်α€…ိုးα€œို့ ရပါα€α€š်။ ထားα€œုံးဆူα€€ြ၊ ဆန္ဒပြα€€ြ ၊ ငါα€œα€Š်းထဖမ်းခံα€™α€š်၊ မင်းတို့α€œα€Š်း ထဖမ်းခံဆိုပြီး ဆုတံဆိပ်ပေါင်း α€™ျားα€…ွ ာပို င်α€žော တိုင်းပြα€Š်ခေါင်းဆောင်ချင်α€žူေ တွထက် မင်းα€œα€Š်းα€žα€ိထား၊ ငါα€œα€Š်း α€žα€ိထား ၊ ခြေတစ် α€œှα€™်း၊ α€…α€€ား တစ်ခွα€”်း၊ ဆုံးα€–ြတ်ချα€€်တစ်ခုα€™ှာ α€‘α€žα€€်ပေါင်းα€™ျားα€…ွာထတွα€€်α€€ို စဉ်းα€…ားပြီးα€™ှ α€‘α€œုပ်α€œုပ် တဲ့α€žူတွေα€€ ပိုပြီး စဉ်းα€…ားတတ်ပါα€α€š်။ α€œူα€…ုပြီး α€œα€™်းပေါ်ထွα€€်α€œျှောα€€်တာα€€ို ခေါင်းဆောင်α€šုံα€”ဲ့ တပ်α€…ု၊ တပ်ခွဲ၊ တပ်ရင်းထဲα€€ α€›ဲα€˜ော်၊ α€›ဲα€™ေ α€™ိα€žားα€…ုတွေα€›ဲ့ α€…ားဝတ်α€”ေα€›ေး၊ α€•α€Šာα€›ေး၊ α€€ျα€”်းα€™ာα€›ေး၊ α€žာα€›ေး၊ α€”ာα€›ေး α€™ျိုးα€…ုံ စဉ်းα€…ားဆောင်α€›ွα€€်ခဲ့ α€žူα€Ÿာ α€€ွာα€€ို α€€ွာပါα€α€š်။ α€…α€…်α€žား α€…α€€ားα€”α€Š်းပြီး α€‘α€œုပ်α€”ဲ့ α€žα€€်α€žေပြရပါα€α€š်။

 α€’ါα€œေးတွေα€€ို စဉ်းα€…ားရင်း α€€ိုမင်းα€€ိုα€”ိုင်ပြောခဲ့တဲ့α€…α€€ားα€€ို α€žα€ိα€›α€™ိα€α€š်။ ပြင်ဦးα€œွင်α€…α€…်တက္α€€α€žိုα€œ်α€€ ရတဲ့ α€˜ွဲ့ကပဲ α€œူα€œုပ်α€œို့ ရတာα€œား.... တိုင်းပြα€Š်α€€ြီးα€€ို α€žူတို့ပဲ ထာဝရ ထိα€”်းα€€ျောင်း α€€ိုင်တွα€š်α€”ိုင်α€žα€ဲ့α€œား... ထရပ်α€žားတက္α€€α€žိုα€œ်တွေα€€ ထွα€€်တဲ့ α€˜ွဲရတွေα€€ α€˜α€š်တော့α€™ှ တိုင်းပြα€Š် α€€ို ထုပ်ချုပ်ခွင့်မရတော့α€˜ူး α€œား... α€‘α€›α€Š်ထချင်းα€™α€›ှိα€˜ူးα€œား....... ထရပ်α€˜α€€်α€œူ့ ထဖွဲ့α€‘α€…α€Š် းတွေ ထား α€€ောင်းα€…ေ ချင်α€α€š်ဆိုတာ ထဲα€’ီထချα€€်တွေα€€ြောင့်ပါ........... ထရပ်α€žား တွေ α€α€€α€š် ထားα€€ောင်းပြီဆိုရင် α€šူα€”ီα€–ောင်းဝတ် α€œα€€်α€”α€€်α€€ိုင်တွေα€€ို α€™ျα€€်α€”ှာချင်းဆိုင် α€™ျα€€်α€œုံးချင်းဆိုင်ပြီးတော့ ပြα€”်α€€ြα€Š့်α€œို့ရတဲ့ ခေတ်α€™ျိုးα€€ို α€€ျွα€”်တော် α€œိုချင်ပါα€α€š်..

DSA 53 Intake 

"ထုတ်တစ်ချပ် α€™α€–ြα€…်ပေα€™ဲ့ α€žဲတစ်ပွင့်ပါ"


From:α€€ိုရင် α€žြ

α€€ျွα€”်တော်α€Ÿာ တက္α€€α€žိုα€œ်ဝင်တန်း α€…ာα€™ေးပွဲထပြီးα€™ှာပါ..α€›ဲရင့်α€™ှုတွေ၊ တက် α€€ြွ α€™ှုေ တွα€”ဲ့၊ α€œα€”်းဆန်းα€”ုပျိုတဲ့ α€œူα€„α€š်α€œေးထနေα€”ဲ့α€žα€€်ဆိုင်α€›ာ တိုင်း ပြα€Š် α€”α€š် α€‘α€žီးα€žီးα€™ှာ ဝင်ခွင့်α€…ာα€™ေးပွဲတွေα€–ြေဆိုရင်း α€”ောင်တစ်ခေတ်α€›ဲ့ ထောင်α€…α€…်α€žα€Š် α€–ြα€…်α€–ို့ ထတွα€€်ထိပ်α€™α€€်ေ တွ ထပြ α€Š့် α€”ဲ့ ပျော်α€›ွှင်α€”ေတဲ့ α€œူα€„α€š်α€œေးထဖြα€…် α€€ျွα€”်တော့်α€™ျα€€်α€”ှာα€™ှာ α€œα€”်းဆန်းα€œို့ပါ.… α€›ွα€š်တူ ထပေါင်းα€‘α€žα€„်း α€žူα€„α€š်ချင်းတွေα€€ α€˜ာα€œုပ်α€–ို့ ဝင်α€™ှာα€œဲα€€ွာ …α€”ေ့α€žေα€™ှα€”်း α€Šα€žေα€™ှα€”်းα€œဲ α€žိတာ α€™α€Ÿုတ်α€˜ူး.. α€˜α€š်တော့ α€€ိုα€š်ထင်္ဂါတွေ ပြတ်တောα€€်α€™α€œဲ ဆိုပြီး α€…ိတ်ပူα€”ေα€›α€žေးα€α€š်… α€…α€žα€Š်α€–ြင့် တားα€™ြα€…်α€™ှုတွေα€€ြားα€™ှာ α€…ိုးα€›ိα€™်ပူပန်α€™ှု တွေဝေα€™ှုα€™α€›ှိα€˜ဲ α€›ဲα€›ဲα€€ြီး ဆုံးα€–ြတ်ခဲ့ပါα€α€š်.. α€…ိတ်ထားထက်α€žα€”်α€…ွာα€”ဲ့ ထားပေးခဲ့တဲ့ α€™ိα€˜α€ွေα€›ှိα€žα€œို၊α€žားတွေα€›ဲ့ဆန္α€’α€€ို မတားα€›α€€်α€œို့ α€œိုα€€်α€œျောပေးခဲ့တဲ့ α€™ိα€˜α€ွေ α€œα€Š်းα€›ှိပါα€žေးα€α€š်..

ငါ့α€žားα€œေး α€™α€€ောင်းတာ α€œုပ်တာα€™ှ α€™α€Ÿုတ်ပဲ. .ထမေဂုဏ် α€šူပါα€α€š်ဆိုပြီး α€™ျα€€်α€›α€Š်တွေα€”ဲ့ ခွင့်ပြုခဲ့တဲ့ α€™ိα€˜α€ွေα€œဲ α€›ှိခဲ့တာပါပဲ ဝင်ခွင့် α€…ာα€™ေး ပွဲတွေ ထောင်α€™ြင်α€žွားα€œို့ ပျော်α€›ွှင်α€”ေတဲ့ α€žူတို့ ၊ ထကြောင်းα€€ြောင်းα€€ြောင့် α€—ိုα€œ်α€›ွေးα€…ာα€™ေးပွဲα€€ို ဆက်α€œα€€်ေ α€–ြဆိုခွင့်မရတဲ့ α€žူα€„α€š်ချင်းတွေα€€ို ထားပေးရင်း ထိပ်α€™α€€်တွေα€€ို α€–α€”်ဆင်းခဲ့α€€ြα€α€š်…. α€…α€…်တက္α€€α€žိုα€œ် ဆိုတာ α€˜α€š်α€œိုα€”ေα€›ာပါα€œိα€™့်ဆိုပြီး စဉ်းα€…ားရင်း α€€ျွα€”်တော်တို့ ထိပ်α€›ာဝင်ခဲ့α€€ြα€α€š်… ထိပ်α€™α€€်တွေα€›ဲ့ထဆုံးα€™ှာဆိုα€€္α€€ာနင်းတဲ့ ဖခင်α€€ α€€ိုα€š့်α€žားα€žေတ္တာα€€ို ဆိုα€€္α€€ားပေါ်တင်α€œို့ α€—ိုα€œ်α€›ွေး α€…ာα€™ေးပွဲ α€žွားα€–ြေα€™α€š့် α€žားα€€ို ထားပေးα€”ေα€žα€œို α€œα€š်α€œုပ်တဲ့ဖခင် α€€α€œဲ ထော်α€œာဂျီပေါ် α€žေတ္တာတင်α€œို့ α€€ားဂိတ် ထရောα€€်α€œိုα€€်ပို့၊ α€€ြွα€š်ဝတဲ့ α€™ိα€žားα€…ုတွေα€€α€œဲ α€€ိုα€š်ပိုင် α€€ားတွေα€”ဲ့ α€œိုα€€်ပို့၊ α€›ွာဦးα€€ျောင်းဆရာတော်α€€ို α€€α€”်တော့ပြီး α€™ိα€˜α€™ောင်α€”ှမတွေ α€œိုα€€်ပို့တဲ့ α€€ြပါα€α€š် ၊α€’ါပေα€™α€š့် α€€ျွα€”်တော်တို့α€™ိα€˜α€ွေထားα€œုံးα€›ဲ့ α€›α€Š်α€›ွα€š်ချα€€်α€€ ငါတို့α€žားေ α€œး α€”ောင်တစ်ခောတ် α€›ဲ့ ထောင်α€…α€…်α€žα€Š် တစ်α€šောα€€်α€–ြα€…်α€…ေα€–ို့.. ငါ့α€žားα€€ြိုးα€…ားα€€ွာ.. ထဖေထပင်ပန်းခံပြီး α€žα€„်ပေးခဲ့ရတဲ့ α€•α€Šာတွေထတွα€€် ငါ့α€žား α€”ိုင်ငံထတွα€€် ထကျိုးα€›ှိထောင်၊ ထဖေတို့α€œဲ ဂုဏ်α€šူα€”ိုင်ထောင် α€€ြိုးα€…ားα€€ွာ α€œို့ပြောα€”ေတဲ့ ထဖေα€€ို α€œူα€€ြားထဲα€™ှာ α€€ျွα€”်တော်ထိုင်α€€α€”်တော့ပြီး α€”ှုတ်ဆက်ခဲ့ပါα€α€š်.... α€—ိုα€œ်α€›ွေးထဲα€€ိုα€…α€›ောα€€်တာα€”ဲ့ တစ်α€žα€€်α€œုံးα€”ှα€…် α€œα€€်မထောα€€် α€™α€›ောα€€်α€–ူးတဲ့ဆံပင်α€€ို α€…α€…်α€žားပုံ α€…α€žွင်း ချိα€”် α€™ှာ မထီα€™α€œα€Š်α€”ဲ့ တစ်α€šောα€€်ပုံ တစ်α€šောα€€်α€€ြα€Š့်ပြီး α€…α€”ောα€€်ပျော်α€›ွှင်ခဲ့ရပါα€žေးα€α€š် α€…α€…်ဆေးα€™ှုတွေ ထမျိုးα€™ျိုး ထပြီးα€™ှာတော့ α€…α€…်တက္α€€α€žိုα€œ်α€—ိုα€œ်α€œောင်း ဆိုတဲ့ α€”ေα€›ာတစ်ခုထတွα€€် ထိပ်α€™α€€်α€žα€…် တစ်ခု စတင်ပြα€”်α€›ော.

.Defence Services Academy (DSA) ဆိုတာ α€˜ာα€€ြီးပါα€œိα€™့်ပေါ့.. α€˜α€š်α€œိုα€”ေα€›ာ α€™ျိုးα€œဲပေါ့.. ပြင်ဦးα€œွင်ဆိုတာ α€€ိုα€›ောα€€်ရင် α€˜ာα€œုပ်α€™α€š်ဆိုပြီး α€…ိတ်α€€ူတွေ α€€ိုα€š်α€…ီα€”ဲ့α€žူတို့၊ ထစ်မတို့ α€žားα€œေး α€…α€…်α€—ိုα€œ်α€–ြα€…်တော့α€™ှာဆို α€˜α€š်တော့ပြင်ဦးα€œွင် α€žွားα€›α€™ှာα€œဲ၊ ထစ်α€™α€žားα€œေးα€€ α€…α€…်α€—ိုα€œ်α€›ုပ်α€œေး၊ ထစ်α€™α€žား ကတော့ တာဝန်α€€ျေပြီ၊ ထိα€™်α€€α€€ောင်ကတော့ α€…ာα€™ေးပွဲတောင် မထောင်α€žေးα€˜ူး…စတဲ့ ပတ်ဝန်းα€€ျင်α€€ α€…α€€ားတွေα€€ြားα€™ှာ ဂုဏ်α€šူα€€ျေနပ်α€”ေတဲ့ α€žူတို့α€™ိခင်တွေ၊ တစ်α€›ွာα€œုံးα€™ှာ တစ်α€šောα€€်၊ တစ်α€™ြို့α€œုံးα€™ှာα€™ှ α€†α€š်ဂဏန်းα€œောα€€် ထရေထတွα€€်α€™ို့ α€žူတို့α€€ို ထားα€œုံးα€€ ထားα€€ျα€œို့ပါပဲ… တစ်α€€α€š်တော့ ထမေα€›α€š် ထဲα€’ါတွေ ထာα€œုံးα€Ÿာ α€žား တိုင်းပြα€Š်α€€ို ချα€…်α€œို့ α€žူα€„α€š်ချင်းတွေပျော်α€”ေတဲ့ထချိα€”်α€™ှာ α€€ျွα€”်တော်ကတော့ တိုင်းပြα€Š်α€€ို α€€ာα€€ွα€š်α€™ဲ့α€•α€Šာတွေα€€ို ပင်ပန်းဆင်α€›ဲခံပြီးတော့ α€žα€„်α€€ြားα€”ေပါα€α€š် ရပါα€α€š်ထမေ............ α€’ါပေα€™ဲ့..... α€žားပျော်ပါα€α€š် ထမေ တိုင်းပြα€Š်ထတွα€€် ထုတ်တစ်ချပ်α€–ြα€…်ခွင့် မရခဲ့ ရင်တောင်α€™ှာ α€žဲတစ်ပွင့်α€–ြα€…်ခွင့်ရတဲ့ထတွα€€် α€žားα€€ျေနပ်ပါα€α€š်ထမေ...............................
DSA 53 Intake