From:အချစ်ကြီးသူ
သစ်ရွက်လေးတွေမြေပေါ်ကြွေကျနေသလို
စစ်မြေပြင်မှာလည်း စစ်သည်တွေ မြေခခဲ့ပေါင်း
များခဲ့ပါပြီ.....
ရှေ့တန်းအပြန်စောင့်မျှော်နေမယ့် သင်တို့မိသားစုရဲ့
မျှော်လင့်တကြီး မျက်လုံးတွေကို ဘယ်လို စကားလုံး
နဲ့ ငါဖြေသိမ့် မှုတွေပေး၇မလဲ...
ကောင်းကင် က ကြယ်လေးတွေကြွေကျ နေသလို
အိမ်ဦးနတ် တွေ ကြွေ လွင့်သွားတဲ့သင်တို့ မိသားစုတွေရဲ့
အလင်းရောင်ကလည်းပျောက်ဆုံးသွားကြပြီလေ...
တောထဲတောင်ထဲမှာ ကျန်ခဲ့တဲ့ သင်တို့ရဲ့ မြေပုံတွေဟာ
အထီးကျန်ပေမယ့် အကျည်း မတန်ဘူး အိုစစ်သည်...
ဘဝပေးမကောင်းခဲ့ပေမယ့် စိတ်ထားကောင်းခဲ့ကြတယ်လေ..
သေဆုံးခြင်းဟာမခမ်းနားပေမယ့် သင်တို့ရဲ့ ပေးဆပ်သွားတဲ့
ဘ၀ အစိတ်အပိုင်းတွေကတော့ မြင့်မြတ်ခဲ့ တယ်လေ...
သမိုင်း မှာ ကဗျည်း မတင် ရင်တောင် သင်တို့ မိသားစု မှာတော့
သူရဲကောင်းတွေ ဖြစ်ကြမှာပါ...
လူ့လောက မှာ ကိုယ့် သမိုင်းကို ရေးကြတဲ့အခါ သင်တို့ရဲ့လက်တွေ
ကြမ်းတမ်းလို့ ဖောင်တိန်ကို အသုံးမပြုဘဲ သေနတ်နဲ့ အစားထိုး
ရေးခဲ့ကြပေမယ့် သင်တို့ရဲ့ စာလုံး။ သတ်ပုံတွေ ဟာလှပကောင်းမွန်
ခဲ့ကြ ပါတယ်...
ကျဆုံးသွားတဲ့စစ်သည် မိသားစုတွေရဲ့ နေရာမှာ ဝင်ရောက်ခံစား
ပေးပါလို့ မတောင်းဆိုချင်ပေမယ့် နားလည် မှုတော့ ရှိကြမှာပါလို့
စိတ်ထဲမှာ ရေ ရွတ်ရင်း.....
0 comments:
Post a Comment