November 22, 2012

စစ်သား တစ်ယောက် ၏ ပေးဆပ်မှု


From:အဘဥက္ကကိုကို

ထမင်းအိုးကြီးတွေ့တော့ တပ်မတော်သားတွေရဲ့
စိတ်ဓါတ် ခံယူချက်ကို လေးစားရေးသားမိတယ်..။


ထမင်းတစ်လုပ်တွက် ငါတို့လုပ်တာမဟုတ်ဖူး
စားခဲ့ရတဲ့ ဒီဆန်ကြမ်းလေး သဲနဲ့ရောနေပါစေ
ငါတိုင်းပြည်တိုးတတ်ဖို့ ငါအားရှိဖို့ရာအတွက်ငါတို့စား၏။

ဒီလမ်းကြမ်းက ဆူးခလုတ်တွေ ဘယ်လောက်ကြမ်းပါစေ
ရှိသမျှ အားလေး စုစည်းတည်ဆောက် လမ်းကိုဖောက်
ငါတိုင်းပြည် လမ်းကြောင်းကောင်းမွန်ဖို့ရာငါမျော်လင့်၏။

ဆက်သွယ်ရေးတွက် အလွန်ခက်ခဲ အမေ့ကိုလွမ်း
အချစ်နဲ့လှမ်းလည်း၂သိန်းတန်ဖုန်းနဲ့တစ်ပြည်လုံး
ဒီပြည်တစ်ခွင်ဆက်သွယ်နိုင်ရန်တိုင်ပေါင်းများစွာ
ငါတို့ထောင်၏။

အရှေ့နဲ့အနောက် တောင်နဲ့မြောက် သားသမီးကိုခွဲ
ငါတို့ရောက်လည်း ဇနီဗာတုံးတစ်တုံးဆီထမ်းကာ
ဒီပြည်ရထားလမ်း ကောင်းမွန်ရေးတွက် ငါတို့ချွေးတွေပေး၏။

တိုင်းပြည်တွက် စစ်ခွေးမင်းတို့ပြောစကား ငါတို့ကြားလည်း
အပြုံးမပျက် ချွေးတစ်စက်နဲ့ သွေးသားများစွာ
ဒီပြည်သာယာရေးအတွက် ငါတို့ပေး၏။

မီးမရှိ ရေဗူးတစ်ဗူးနှင့် စီကရက်မနေ အကြမ်းကိုခဲကာ
ငါတို့ပေးဆပ် ဘယ်သူမသိ နေပါစေ သည်မောင်ယောကျာၤး
ဒီတိုင်းပြည်တွက် ကျရာနေရာ မာန်ဟန်တင်းကာဆက်လုပ်၏။

ငါ၏မာန်မရှိ ဒီထမင်းတစ်လုပ်တွက် အားအင်မရှိကုန်ဆုံးချိန်ရောက်
အသက်ပျောက်က တိုင်းပြည်တွက် ဒီစကားသာ ငါဆိုချင်၏
ဒီတိုင်းပြည်ကြီးမီးမှန် ဖုန်းနဲ့ လူတိုင်းကိုင်နိုင်ပါစေ။

ဒီထမင်းတစ်လုပ် ငါတို့စားရျ် တိုင်းပြည်တွက်အလုပ်လုပ်
ဒီထမင်းတစ်လုပ် ငါတို့စားရျ် ပြည်သူတွက်လမ်းတွေဖောက်
ဒီထမင်းတစ်လုပ် ငါတို့စားရျ် လူမျိုးတွက် အသက်ကိုစွန့်၏။

ဒီပကာသန ငါမသိ ငါ၏အသိငါတို့စိတ်ဝယ် ငါပညာရပ်
ငါစွမ်းရည်များ ငါအားအင်များသည်ဒီထမင်းတစ်လုပ်ကို မရည်စူး တိုင်းပြည်ချစ်စိတ်နဲ့အမျိုးတွက်ကိုယ်အတ္တကိုစွန့်ထာဝစဉ် ငါတွေး၏။

တန်ပါသလော တန်ပါသလော တန်ပါသလော တန်ပါသလော
မင်းအရည်ချင်းမင်းပညာနဲ့ ချွေးတွေအသက်ပေးမိဘနဲ့ဝေး
အချစ်မသိ ရေမရှိဘဲ သဲမြေရင်ကတုတ်လုပ်တန်ပါသလော

ပြည်သူ့ စစ်ခွေးငါတို့တွက် ပြည်သူကောင်းစားအေးချမ်းမယ်ဆို
တန်ပါတယ်ဘယ်ကြောင့်ဆိုသော် ငါတို့ အမျိုးဘာသာ
သာသနာကိုချစ်စိတ်ကိုနှစ်သော်ကြောင့် ထာဝစဉ်တို့တွက် တန်ပါ၏။

*တပ်မတော်သည် တိုင်းပြည်တွက်
တိုင်းပြည်သည် တပ်မတော်တွက်မဟုတ်
*စည်းကမ်း မရှိတဲ့ စစ်တပ်ရှိနေမဲ့ အစား
အဲ့ဒီစစ်တပ်မရှိတာ တိုင်းပြည်တွက်ပိုကောင်းတယ်
ဗိုလ်ချုပ်စကား နှလုံးသွင်းကာ တိုင်းပြည်တွက် အသက်ကိုပေး
ချွေးပေါင်းများစွာ ပေးဆပ်နေတဲ့ စည်ကမ်းရှိသော် ရဲဘော်ရဲဘက်
များ မိဘနဲ့ချစ်သူ ဇနီ သာမယားနဲ့ သေကွဲ ရှင်ကွဲ ကင်းဝေးကြပါစေ။

0 comments:

Post a Comment