November 22, 2012

”စစ်နှင့် စစ်သား“


 

From:တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်

စစ်ပွဲဟူသည် နိုင်ငံရဲ့ဝါဒကို တစ်နည်းတစ်ဘာသာအားဖြင် ဆက်လက် အကောင်အထည်ဖော် ကျင့်သုံးခြင်းသာဖြစ်သည်။နိုင်ငံတစ်ခုသည် မိမိရဲ့ ဝါဒလမ်းစဥၤအရ အခြားတိုင်းပြည် တစ်ပြည်ကို လွှမ်းမိုးရန် ကြိုးပမ်းရာတွင် အခြားနည်းလမ်းဖြင့် မအောင်မြင်သောအခါ လက်နက်အင်အားဖြင့်ဖိ လာတက်သည်။ ... ထိုနည်းအတူ နိုင်ငံရေး အဖွဲ့အစည်းတစ်ခုသည် မိမိရဲ့ ဝါဒလမ်းစဥၤအရ တိုင်းပြည် အတွင်း လွှမ်းမိုးရန် ကြိုးပမ်းရာ အခြားနည်းလမ်းဖြင့် မအောင်မြင်သောအခါ ထိုတိုင်းပြည် အစိုးရအား လက်နက်အားကိုးဖြင့် ဖြုတ်ချရန် ကြိုးစားလာတက်သည်။ 

ထိုအခါ စစ်ပွဲဟူသည် ပေါ်ပေါက်လာရသည်။ မည်သို့ပင်ဖြစ်စေ စစ်ပွဲ စပြီဆိုသည်နှင့် ပထမဆုံးသော ကျည်ဆန်သည် ထိုတိုင်းပြည်၏ စစ်သားအား ချိန်ရွယ်ပီး ပစ်လွှတ်လိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အရေးအခင်းကို ဦးဆုံးပြေးပီး တွေ့ရသူသည် စစ်သားပင် ဖြစ်ရသည်။ ထိုစစ်သားအဖို့မှာတော့ မည်သူက မှားသည်၊ မည်သူက မှန်သည်ဟူသော အချက်သည် ပြသနာမဟုတ်ပါ။မဟုတ်နိုင်တော့ပါ။ ထိုစစ်သားသိဖို့၊ နားလည်ဖို့၊ ယုံကြည်ဖို့ တစ်ခုသာရှိသည်။ အဲဒါက မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ငါ်၏ တိုင်းပြည်နှင့် ငါ်၏ တပ်မတော်။

0 comments:

Post a Comment