November 22, 2012

၀မ်းသာ ဝမ်းနည်း


From:Sithu Aung

ဒီပုံလေးကြည့်ပီး ...
ကြည်နူး သလို ၊ ဝမ်းနည်း သလိုဖြစ်မိတယ် ...


ဘာ့ကြောင့် ကြည်နူး ရတာလဲ ..... ?

သေမင်း တမန် တံခါး ဝရောက်ရင် ၊ အချင်းချင်း အသက်ကို ကာကွယ်ပီး ကိုယ့် အသက်ကို စတေးရဲသူ .....
ညီအစ်ကို အချင်းချင်းကို ချစ်ခင် သလို ၊ တစ်သွေး ၊ တစ်သံ ၊ တစ်မိန့်နဲ့ပြည်သူ နှင့် နိုင်ငံတော်ကို ကာကွယ်သူ .....
ခြောက်တိုင်း မကြောက် ၊ မြှောက်တိုင်း မမြောက် ၊ သေမင်း ရှေ့ရောက်နေလည်း နိုင်ငံတော် တွက် အသက်ပေးရဲသူ .....
ရိက္ခာ ၊ လက်နက် ပျက်လက်နေလည်း ၊ သွေးသား ၊ အသက် ခန္ဓာ ကပ်လျှင် ရှေ့ဆက် တိုက်ခိုက်ရဲသူ .....

သွေးမတော် သားမစပ် ၊
မ ၁၀၀၀ သား ၊ ညီအစ်ကိုများ က .....
သွေးတော်သားစပ် မောင်နှမ များထက် ၊ ချစ်ခင် စည်းလုံး
အစား တစ်ဖက် ၊ တစ်ယောက် တစ်ဝက် ၊ အသက်ဆက် သူ .......
 


ဘာ့ကြောင့် ဝမ်းနည်း ရတာလဲ ..... ? 

တိုင်းတပါး အားကိုး ၊ ကျွန်ပြုမျိုးက ၊
ပေးဆပ်မူ့မသိ ၊ ရယူခြင်း အတိနဲ့၊
ခွေး နဲ့နှိုင်းပီး ရိုင်းချင်တိုင်းရိုင်း ၊
ခွေး ရဲ့ သစ္စာ ၊ ခွေး ထက်သာလျှင် ၊
အပြော မဟုတ် ၊ အလုပ်ပြလေ ....

ကိုယ်ကျိုးမဖက် ၊ တိုင်းပြည်အတွက် ၊
ပေးဆပ်ခြင်း ၊ အလျှင်း မသိ .....
ပြည်ပ ဒေါ်လာ ၊ ငါ အိတ်သာဝင် ၊
ငါခုံမင်၍ ....
တိုင်းပြည် မကောင်း ၊ စစ် ကောင်းမပြု ၊
ပြည်သူက ကျွေး ၊ ပြည်သူမွေးတဲ့ ၊
ပြည်သူ့သားများအား ၊ စော်ကား ပါလေ .....
 

3 comments:

  1. သနားဖို့ကောင်းလိုက်တာနော်

    ReplyDelete
  2. ၄၈ ကပုံလေးတွေကောမရှိဘူးလားကျွန်မ ချစ်သူပါလို့ပါ

    ReplyDelete
  3. ထပ်တူခံစားရပါတယ်

    ReplyDelete