From:ဖိုးသားလေး
စစ်သားတစ်ဦးရင်မှာ ***
ကင်းတို ကင်းရှည်၊ သည်တပ်မြေမှာ
ညှေင့်စူးခလုပ်၊ ကတုပ်ဆင့်ခံ
...
စီမံကွပ်ကဲ၊ မထိရဲအောင်
သူတည်းယောကျာၤး၊ မဟုတ်ညားမို့
ငါလည်းစစ်သား၊ ပြည်သူ့သားလို့
ဖျက်မှောင့်ရန်စွယ်၊ အသွယ်သွယ်ကို
တားဆီးရန်ကာ၊ ပြည့်တွက်လို့သာ
စိတ်ဝယ်ခိုင်ကြည်၊ ရည်မိသော်လည်း
နှလုံးဆီမှာ၊ လွမ်းလှပါသည်
အိမ်သူသက်ထား၊ သားမယားကို
ရင်မှာ သိမ်းထုပ်၊ စောင့်ချူပ်ထိန်းလည်း
လွမ်းစိတ်အတိ၊ ရင်မှာထိလို့
ဆွေးမိတယ်လေး......။
မိုးတဖွဲဖွဲ၊ ရွာသွန်းဆဲမှာ
ဗွက်အိုင်ရွံ့ညွှံ၊ မှတ်ခြင်ယင်နှင့်
ခြုံနွယ်စူးညှောင့်၊ ရန်သူပေါင်းထပ်
အရပ်ရပ်ကို၊ ရင်မြေကတုပ်
အဟုတ်မှတ်လို့၊ မိုးနှယ်အပြိုင်
ကျည်ဆံလှိုှု်င်၍၊ စိန်ပြောင်းဗုံးသံ
ဘဝဂ်ညံအောင်၊ ကွဲပျံမြောက်ချီ
မြည်ဟီးသော်လည်း၊ ဘယ်ဝယ်ကြောက်စိတ်
စိုးထိတ်မပေါ်၊ ရဲသော်မာန်လွင့်
ရဲသွေးဆင့်လို့၊ စွန်စားတိုက်မည်
ထိုထိုစစ်ပွဲ၊ တစ်ရာနွဲလည်း
အောင်ပွဲဆင့်ဆင့်၊ ယူကာဝံ့လို့
ရင်မှအရေး၊ ပြည့်အရေးကို
သာ၍ထမ်းမည်၊ ရည်မိသော်လည်း
အိမ်သူသက်ထား၊ သားမယားကို
သူတို့အရေး၊ တွေးပူမိတော့
လွမ်းစိတ်အတိ၊ ရင်မှာထိလို့
ဆွေးမိတယ်လေး......
အချိန်ရှည်လျား၊ ရှေးခါများက
ရဲမက်စစ်သား၊ ဇာနည်ဘွားလို
တရားသောစစ်၊ ငါတို့ခေတ်မှာ
မုချအောင်သည်၊ နိုင်ပွဲဆီသို့
တက်ချီလှမ်းလျှောက်၊ နိုင်ပွဲရောက်၍
မပျောက်ခန္ဓာ၊ မြဲသက်တာနှင့်
ပေးအပ်တာဝန်၊ ကျေပွန်လေမှ
သားနှင့်မယား၊ သူတို့များကို
ရင်ခွင်မှာထား၊ မေတ္တာတရားနှင့်
လွှမ်းခြုံရစ်ပတ်၊ တအားဖက်လို့
ဆွေးစိတ်လွမ်းစိတ်၊ ကြောင့်ကြစိတ်ရယ်
သောကဒဏ်ရာ၊ အဖြာဖြာကို
ချစ်မေတ္တာနှင့်
နှစ်သိမ့်ငြိမ်းစေပါမည့်လေး....။
စီမံကွပ်ကဲ၊ မထိရဲအောင်
သူတည်းယောကျာၤး၊ မဟုတ်ညားမို့
ငါလည်းစစ်သား၊ ပြည်သူ့သားလို့
ဖျက်မှောင့်ရန်စွယ်၊ အသွယ်သွယ်ကို
တားဆီးရန်ကာ၊ ပြည့်တွက်လို့သာ
စိတ်ဝယ်ခိုင်ကြည်၊ ရည်မိသော်လည်း
နှလုံးဆီမှာ၊ လွမ်းလှပါသည်
အိမ်သူသက်ထား၊ သားမယားကို
ရင်မှာ သိမ်းထုပ်၊ စောင့်ချူပ်ထိန်းလည်း
လွမ်းစိတ်အတိ၊ ရင်မှာထိလို့
ဆွေးမိတယ်လေး......။
မိုးတဖွဲဖွဲ၊ ရွာသွန်းဆဲမှာ
ဗွက်အိုင်ရွံ့ညွှံ၊ မှတ်ခြင်ယင်နှင့်
ခြုံနွယ်စူးညှောင့်၊ ရန်သူပေါင်းထပ်
အရပ်ရပ်ကို၊ ရင်မြေကတုပ်
အဟုတ်မှတ်လို့၊ မိုးနှယ်အပြိုင်
ကျည်ဆံလှိုှု်င်၍၊ စိန်ပြောင်းဗုံးသံ
ဘဝဂ်ညံအောင်၊ ကွဲပျံမြောက်ချီ
မြည်ဟီးသော်လည်း၊ ဘယ်ဝယ်ကြောက်စိတ်
စိုးထိတ်မပေါ်၊ ရဲသော်မာန်လွင့်
ရဲသွေးဆင့်လို့၊ စွန်စားတိုက်မည်
ထိုထိုစစ်ပွဲ၊ တစ်ရာနွဲလည်း
အောင်ပွဲဆင့်ဆင့်၊ ယူကာဝံ့လို့
ရင်မှအရေး၊ ပြည့်အရေးကို
သာ၍ထမ်းမည်၊ ရည်မိသော်လည်း
အိမ်သူသက်ထား၊ သားမယားကို
သူတို့အရေး၊ တွေးပူမိတော့
လွမ်းစိတ်အတိ၊ ရင်မှာထိလို့
ဆွေးမိတယ်လေး......
အချိန်ရှည်လျား၊ ရှေးခါများက
ရဲမက်စစ်သား၊ ဇာနည်ဘွားလို
တရားသောစစ်၊ ငါတို့ခေတ်မှာ
မုချအောင်သည်၊ နိုင်ပွဲဆီသို့
တက်ချီလှမ်းလျှောက်၊ နိုင်ပွဲရောက်၍
မပျောက်ခန္ဓာ၊ မြဲသက်တာနှင့်
ပေးအပ်တာဝန်၊ ကျေပွန်လေမှ
သားနှင့်မယား၊ သူတို့များကို
ရင်ခွင်မှာထား၊ မေတ္တာတရားနှင့်
လွှမ်းခြုံရစ်ပတ်၊ တအားဖက်လို့
ဆွေးစိတ်လွမ်းစိတ်၊ ကြောင့်ကြစိတ်ရယ်
သောကဒဏ်ရာ၊ အဖြာဖြာကို
ချစ်မေတ္တာနှင့်
နှစ်သိမ့်ငြိမ်းစေပါမည့်လေး
(
သားပစ်
မယားပစ် ရှေ့တန်းစစ်မြေမှာ အမိနိုင်ငံတော်ကို အသက်ပေးကွာကွယ်နေသော
တပ်မတော်သား အောင်ပွဲရလို့ မိသားစု နဲ့အပြန်ဆုံး ပြန်လည် ဆုံတွေ
နိုင်ကြပါစေ)
ပေးတဲ့ဆုနဲ့ပြည့်ပါစေ
ReplyDelete