November 21, 2012

"အုတ်တစ်ချပ် မဖြစ်ပေမဲ့ သဲတစ်ပွင့်ပါ"


From:ကိုရင် သြ

ကျွန်တော်ဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအပြီးမှာပါ..ရဲရင့်မှုတွေ၊ တက် ကြွ မှုေ တွနဲ့၊ လန်းဆန်းနုပျိုတဲ့ လူငယ်လေးအနေနဲ့သက်ဆိုင်ရာ တိုင်း ပြည် နယ် အသီးသီးမှာ ဝင်ခွင့်စာမေးပွဲတွေဖြေဆိုရင်း နောင်တစ်ခေတ်ရဲ့ အောင်စစ်သည် ဖြစ်ဖို့ အတွက်အိပ်မက်ေ တွ အပြ ည့် နဲ့ ပျော်ရွှင်နေတဲ့ လူငယ်လေးအဖြစ် ကျွန်တော့်မျက်နှာမှာ လန်းဆန်းလို့ပါ.… ရွယ်တူ အပေါင်းအသင်း သူငယ်ချင်းတွေက ဘာလုပ်ဖို့ ဝင်မှာလဲကွာ …နေ့သေမှန်း ညသေမှန်းလဲ သိတာ မဟုတ်ဘူး.. ဘယ်တော့ ကိုယ်အင်္ဂါတွေ ပြတ်တောက်မလဲ ဆိုပြီး စိတ်ပူနေရသေးတယ်… စသည်ဖြင့် တားမြစ်မှုတွေကြားမှာ စိုးရိမ်ပူပန်မှု တွေဝေမှုမရှိဘဲ ရဲရဲကြီး ဆုံးဖြတ်ခဲ့ပါတယ်.. စိတ်အားထက်သန်စွာနဲ့ အားပေးခဲ့တဲ့ မိဘတွေရှိသလို၊သားတွေရဲ့ဆန္ဒကို မတားရက်လို့ လိုက်လျောပေးခဲ့တဲ့ မိဘတွေ လည်းရှိပါသေးတယ်..

ငါ့သားလေး မကောင်းတာ လုပ်တာမှ မဟုတ်ပဲ. .အမေဂုဏ် ယူပါတယ်ဆိုပြီး မျက်ရည်တွေနဲ့ ခွင့်ပြုခဲ့တဲ့ မိဘတွေလဲ ရှိခဲ့တာပါပဲ ဝင်ခွင့် စာမေး ပွဲတွေ အောင်မြင်သွားလို့ ပျော်ရွှင်နေတဲ့ သူတို့ ၊ အကြောင်းကြောင်းကြောင့် ဗိုလ်ရွေးစာမေးပွဲကို ဆက်လက်ေ ဖြဆိုခွင့်မရတဲ့ သူငယ်ချင်းတွေကို အားပေးရင်း အိပ်မက်တွေကို ဖန်ဆင်းခဲ့ကြတယ်…. စစ်တက္ကသိုလ် ဆိုတာ ဘယ်လိုနေရာပါလိမ့်ဆိုပြီး စဉ်းစားရင်း ကျွန်တော်တို့ အိပ်ရာဝင်ခဲ့ကြတယ်… အိပ်မက်တွေရဲ့အဆုံးမှာဆိုက္ကာနင်းတဲ့ ဖခင်က ကိုယ့်သားသေတ္တာကို ဆိုက္ကားပေါ်တင်လို့ ဗိုလ်ရွေး စာမေးပွဲ သွားဖြေမယ့် သားကို အားပေးနေသလို လယ်လုပ်တဲ့ဖခင် ကလဲ ထော်လာဂျီပေါ် သေတ္တာတင်လို့ ကားဂိတ် အရောက်လိုက်ပို့၊ ကြွယ်ဝတဲ့ မိသားစုတွေကလဲ ကိုယ်ပိုင် ကားတွေနဲ့ လိုက်ပို့၊ ရွာဦးကျောင်းဆရာတော်ကို ကန်တော့ပြီး မိဘမောင်နှမတွေ လိုက်ပို့တဲ့ ကြပါတယ် ၊ဒါပေမယ့် ကျွန်တော်တို့မိဘတွေအားလုံးရဲ့ ရည်ရွယ်ချက်က ငါတို့သားေ လး နောင်တစ်ခောတ် ရဲ့ အောင်စစ်သည် တစ်ယောက်ဖြစ်စေဖို့.. ငါ့သားကြိုးစားကွာ.. အဖေအပင်ပန်းခံပြီး သင်ပေးခဲ့ရတဲ့ ပညာတွေအတွက် ငါ့သား နိုင်ငံအတွက် အကျိုးရှိအောင်၊ အဖေတို့လဲ ဂုဏ်ယူနိုင်အောင် ကြိုးစားကွာ လို့ပြောနေတဲ့ အဖေကို လူကြားထဲမှာ ကျွန်တော်ထိုင်ကန်တော့ပြီး နှုတ်ဆက်ခဲ့ပါတယ်.... ဗိုလ်ရွေးထဲကိုစရောက်တာနဲ့ တစ်သက်လုံးနှစ် လက်မအောက် မရောက်ဖူးတဲ့ဆံပင်ကို စစ်သားပုံ စသွင်း ချိန် မှာ မအီမလည်နဲ့ တစ်ယောက်ပုံ တစ်ယောက်ကြည့်ပြီး စနောက်ပျော်ရွှင်ခဲ့ရပါသေးတယ် စစ်ဆေးမှုတွေ အမျိုးမျိုး အပြီးမှာတော့ စစ်တက္ကသိုလ်ဗိုလ်လောင်း ဆိုတဲ့ နေရာတစ်ခုအတွက် အိပ်မက်သစ် တစ်ခု စတင်ပြန်ရော.

.Defence Services Academy (DSA) ဆိုတာ ဘာကြီးပါလိမ့်ပေါ့.. ဘယ်လိုနေရာ မျိုးလဲပေါ့.. ပြင်ဦးလွင်ဆိုတာ ကိုရောက်ရင် ဘာလုပ်မယ်ဆိုပြီး စိတ်ကူတွေ ကိုယ်စီနဲ့သူတို့၊ အစ်မတို့ သားလေး စစ်ဗိုလ်ဖြစ်တော့မှာဆို ဘယ်တော့ပြင်ဦးလွင် သွားရမှာလဲ၊ အစ်မသားလေးက စစ်ဗိုလ်ရုပ်လေး၊ အစ်မသား ကတော့ တာဝန်ကျေပြီ၊ အိမ်ကကောင်ကတော့ စာမေးပွဲတောင် မအောင်သေးဘူး…စတဲ့ ပတ်ဝန်းကျင်က စကားတွေကြားမှာ ဂုဏ်ယူကျေနပ်နေတဲ့ သူတို့မိခင်တွေ၊ တစ်ရွာလုံးမှာ တစ်ယောက်၊ တစ်မြို့လုံးမှာမှ ဆယ်ဂဏန်းလောက် အရေအတွက်မို့ သူတို့ကို အားလုံးက အားကျလို့ပါပဲ… တစ်ကယ်တော့ အမေရယ် အဲဒါတွေ အာလုံးဟာ သား တိုင်းပြည်ကို ချစ်လို့ သူငယ်ချင်းတွေပျော်နေတဲ့အချိန်မှာ ကျွန်တော်ကတော့ တိုင်းပြည်ကို ကာကွယ်မဲ့ပညာတွေကို ပင်ပန်းဆင်ရဲခံပြီးတော့ သင်ကြားနေပါတယ် ရပါတယ်အမေ............ ဒါပေမဲ့..... သားပျော်ပါတယ် အမေ တိုင်းပြည်အတွက် အုတ်တစ်ချပ်ဖြစ်ခွင့် မရခဲ့ ရင်တောင်မှာ သဲတစ်ပွင့်ဖြစ်ခွင့်ရတဲ့အတွက် သားကျေနပ်ပါတယ်အမေ...............................
DSA 53 Intake

5 comments:

  1. အကိုက (52)ကပါ... ပို့စ်လေးက ကောင်းပါတယ်.. ဓာတ်ပုံကြီးကဖျက်နေတယ်.. ဆွမ်းဆန်ထဲ ကြွက်ချေးရောသလိုပဲ..

    ReplyDelete
  2. ဟုတ်တယ်....ဓာတ်ပုံကဖျက်နေတာ....ပို့စ်နဲ့ဘယ်လိုမှ မလိုက်ဖက်ဘူး ထင်တာပဲ

    ReplyDelete