November 21, 2012

ကျွန်တော်သိသော စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ဆိုလျှင်



အနည်းဆုံးတော့ တက္ကသိုလ်ဝင်တန်းကို အရည်အချင်းပြည့်မှီစွာဖြင့် အောင်ရပါမယ်။ တက္ကသိုလ် ဝင်တန်း အောင်ပြီးတဲ့နောက်မှာတော့ အရှက်ကင်းမဲ့ဇုန် အင်လျားကန်ဘောင်မှာ အပျော်ကြူးနိုင်တဲ့ အခွင့် အရေး၊ တစ်နှစ်မှာ တစ်လ စာသင်ယုံနဲ့ ဘွဲ့တစ်ခု ရနိုင်တဲ့ အခွင့်အရေး ၊ လူငယ်တစ်ဦးပီသစွာဖြင့် ပါလေရာ လုပ်နိုင်တဲ့ အခွင့်အရေးများကို စွန့်လွှတ်ဖို့ ဆုံးဖြတ်နိုင်ရပါမယ်။ ပင်ပန်းမယ်၊ ဆင်းရဲမယ်၊ ကိုယ်လက်အင်္ဂါတွေ ပေးဆပ်ရမယ်၊ အသက်တောင် ပေးဆပ်ရမယ်ဆိုတဲ့ စွန့်လွှတ်တတ်တဲ့ စိတ်ထားကို ပိုင်ဆိုင်ဖို့ ကြိုးစားရပါမယ်။ အဲဒီအချက်တွေ ပြည့်စုံပြီဆိုရင်တော့ အရည်အချင်း စစ်ဆေးတဲ့ ဝင်ခွင့်စာမေးပွဲကို သက်ဆိုင်ရာ တိုင်းအလိုက်မှာ ဖြေဆိုဖို့ လျှောက်လွှာတင် ရပါတော့မယ်။

 အရည်အချင်း ရှိလို့ ရေးဖြေအောင်ခဲ့ပြီဆိုရင်တော့ ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှု၊ ပူးပေါင်းေ ဆာင်ရွက် တတ်မှု၊ အထွေထွေဗဟုသုတ ရှိမှုတွေကို စစ်ဆေးပြီး အောင်မြင်ခဲ့ရင်တော့ စစ်တက္ကသိုလ်ကို တက်ရောက်နိုင်တဲ့ မြန်မာတစ်နိုင်ငံလုံးမှာ ဆယ်တန်းေ အာင် တဲ့ လူငယ်ယောကျ်ားေ လး ဝ.၁ ရာခိုင်နှုန်း မှာ ပါဝင်ပြီ ဖြစ်ပါတယ်။ စစ်ဆေးခြင်း မပြီးဆုံးသေးပါဘူး။ ခန္ဓာကိုယ်တွင်းမှာ အေ၊ဘီ၊စီ ရောဂါပိုးတွေ ရှိ၊မရှိ ၊ သတ်မှတ် အရပ်၊ ခန္ဓာကိုယ် အလေးချိန် ရှိ/မရှိလည်း စစ်ဆေးရပါအုံးမယ်။ ပိန်လွန်း၊သေးလွန်း၊ဝလွန်း ရင်တော့ ပြင်ဦးလွင် ကို လည်ပတ်ပြီး ပြန်ရမှာ ဖြစ်ပါတယ်။ ဆေးစစ်ဆေးချက် အဖြေ မထွက်ခင်မှာတော့ အိမ်မှာ အိပ်ပြီး စောင့်နေ လို့ မရပါဘူး။ သတ်မှတ်ချိန်မှာ အိပ်ရမယ်၊ အိပ်ရာ ထရမယ်၊ ကျန်းမာရေး အားကစား လုပ် ရမယ်၊ အခြေခံ လေ့ကျင့်ခန်းတွေ သင်ရပါအုံးမယ်။ ထိုအတောအတွင်းမှာ မှ ရောဂါလည်းကင်း၊ စိတ်ဓာတ်ကလည်း ခိုင်မာပြီ ဆိုရင်တော့ တိုင်းပြည်ကို ခေါင်းဆောင် ကာကွယ်နိုင် မယ့် စစ်တက္ကသိုလ် ကျောင်းသား တစ်ဦးဖြစ်ပါပြီ။ 

 သာမန် ကျောင်းသားလိုတော့ မထင်ပါနဲ့။ ရဲဘော်သစ် ကျောင်းသားပါ။ စစ်တပ်ထဲမှာ မိုးကျရွှေကိုယ် စစ်ဗိုလ် ဆိုတာ မရှိပါဘူး။ အောက်ခြေကသာ တက်လှမ်းရမှာ ဖြစ်ပါတယ်။ သစ္စာ လေးချက်ကို လက်ခံ ယုံကြည်ပြီး နိုင်ငံတော်အလံကို ထိကိုင် ကျိန်ဆိုပြီးတဲ့နောက်မှာတော့ ကိုယ်ပိုင်နံပါတ် တစ်ခု ရရှိပြီး စစ်သည် ရဲဘော် တစ်ယောက် ဖြစ်လာမှာ ဖြစ်ပါတယ်။ သူငယ်ချင်းတွေ မိဘအိမ်မှာ စားလိုက်၊ အချို့ကေ တာ့ သင်တန်းတွေ ရွေးတက်လိုက် လုပ်ချိန်မှာ ဒီစစ်သည်များဟာ အခြေခံစစ်ပညာကို စတင် သင်ယူနေ ရပါပြီ။ ဘယ်၊ညာ ခြေလှမ်း လှမ်းတတ်အောင်၊ သေနတ်ဘယ်လို ကိုင်ရအောင်၊ အထက်အောက် ဘယ် လို လေးစား တတ်အောင် နေ့ပိုင်းမှာ သင်ပြီး ညပိုင်းမှာတော့ သင်ခန်းစာတွေ ပြန်လေ့လာရင်း စီနီယာများရဲ့ ဆုံးမကွပ်ကဲမှုနဲ့ နေ့စွဲတွေကို ဖြတ်သန်းရပါတယ်။ 

 စစ်အခြေခံကာလအတွင်း ထွက်ပြေးတဲ့သူတွေ၊ ပင်ပန်းလို့ နောက်ကျန်ခဲ့သူတွေလည်း မနည်းပါဘူး။ အားလုံး ကို ကျော်ဖြတ်နိုင်ပြီဆိုရင်တော့ စစ်တက္ကသိုလ်ရဲ့ ဗိုလ်လောင်းနံပါတ်တစ်ခုကို ပိုင်ဆိုင်ရ တဲ့ နောင်တစ်ခောတ်ရဲ့ အောင်စစ်သည် ပထမနှစ် ဗိုလ်လောင်း ဖြစ်လာပါပြီ။ မနက် မှာ ကြံ့ခိုင်ရေး၊ ကြံ့ခိုင်ရေးပြီးရင် ဝတ်စားဆင်ယင်မှု စစ်ဆေးခြင်း၊ စစ်သီချင်းနဲ့ ကျောင်းကိုသွား၊ အပြင် တက္ကသိုလ် များနဲ့ တန်းတူ ကိုယ်ရွေးချယ်ရာ ဘာသာရပ်များကို သင်ကြား၊ ပြန်လာရင်တော့ ကြံ့ခိုင်ရေး(၃ မိုင်၊ ၅ မိုင် အပြေးေ လ့ကျင့်)၊ ညစာကြည့်ချိန်မှာ စာကြည့်ပြီး မီးပိတ်ချိန်မှာ အိပ်ရာဝင်လို့ နေ့တစ်နေ့ ကို ဒီလို ဖြတ်သန်း ရပါတယ်။ စစ်ပညာတစ်ဖက်၊ ကျောင်းစာတစ်ဖက် လူတိုင်းမလုပ်နိုင်လို့ နှစ်အလိုက် ကျန်ခဲ့တဲ့သူတွေ မနည်းပါ ဘူး။ စာပေပညာ၊ စစ်ပညာနဲ့ ခေါင်းဆောင်မှု ပညာတွေကို တတ်ကျွမ်းနားလည်အောင် သင်ရတာမို့ အားလပ် ချိန် ဆိုတာ ခပ်ရှားရှားပါပဲ။

 စစ်ပွဲတစ်ပွဲကို ဦးဆောင်တတ်အောင်၊ လူ တစ်စု ကို ကွပ်ကဲတတ် အောင်၊ ရုံးစာတွေကို နားလည်အောင်၊ ပညာရပ်တွေကို နားလည်တတ်ကျွမ်းအောင် သင်ပြီးကာမှ ပုခုံးပေါ်မှာ ကြယ်တစ်ပွင့်ဆီကို တင်ပေးပြီး ပြန်တမ်းဝင်အရာရှိ အဖြစ် ခန့်အပ်ခံရပါတော့တယ်။ ကြယ်လေး တစ်ပွင့်စီ ကို ကြည့်ပြီး မိဘတွေ၊ ညီအစ်ကိုတွေက ကျေနပ်နေချိန်မှာ ကြယ်လေးအောက်မှာရှိတဲ့ စစ်စိမ်းရောင် ယူနီဖောင်းက ကျင့်ဝတ်( ၆၀) နဲ့တွဲပြီး ချုပ်ထားတယ်ဆိုတာ စစ်သားတွေပဲ သိပါတယ်။ နိုင်ငံတော်၊ အကြီးအကဲ၊ ရဲဘော်ရဲဘက်၊ ရန်သူ၊ တစ်ဦးချင်း စောင့်သိရမယ့် ကျင့်ဝတ်တွေဟာ ကမ္ဘာကိုတောင် အုပ်စိုးလို့ ရပါတယ်။ အားလုံးဆူကြ၊ ဆန္ဒပြကြ ၊ ငါလည်းအဖမ်းခံမယ်၊ မင်းတို့လည်း အဖမ်းခံဆိုပြီး ဆုတံဆိပ်ပေါင်း များစွ ာပို င်သော တိုင်းပြည်ခေါင်းဆောင်ချင်သူေ တွထက် မင်းလည်းသတိထား၊ ငါလည်း သတိထား ၊ ခြေတစ် လှမ်း၊ စကား တစ်ခွန်း၊ ဆုံးဖြတ်ချက်တစ်ခုမှာ အသက်ပေါင်းများစွာအတွက်ကို စဉ်းစားပြီးမှ အလုပ်လုပ် တဲ့သူတွေက ပိုပြီး စဉ်းစားတတ်ပါတယ်။ လူစုပြီး လမ်းပေါ်ထွက်လျှောက်တာကို ခေါင်းဆောင်ယုံနဲ့ တပ်စု၊ တပ်ခွဲ၊ တပ်ရင်းထဲက ရဲဘော်၊ ရဲမေ မိသားစုတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ သာရေး၊ နာရေး မျိုးစုံ စဉ်းစားဆောင်ရွက်ခဲ့ သူဟာ ကွာကို ကွာပါတယ်။ စစ်သား စကားနည်းပြီး အလုပ်နဲ့ သက်သေပြရပါတယ်။

 ဒါလေးတွေကို စဉ်းစားရင်း ကိုမင်းကိုနိုင်ပြောခဲ့တဲ့စကားကို သတိရမိတယ်။ ပြင်ဦးလွင်စစ်တက္ကသိုလ်က ရတဲ့ ဘွဲ့ကပဲ လူလုပ်လို့ ရတာလား.... တိုင်းပြည်ကြီးကို သူတို့ပဲ ထာဝရ ထိန်းကျောင်း ကိုင်တွယ်နိုင်သတဲ့လား... အရပ်သားတက္ကသိုလ်တွေက ထွက်တဲ့ ဘွဲရတွေက ဘယ်တော့မှ တိုင်းပြည် ကို အုပ်ချုပ်ခွင့်မရတော့ဘူး လား... အရည်အချင်းမရှိဘူးလား....... အရပ်ဘက်လူ့ အဖွဲ့အစည် းတွေ အား ကောင်းစေ ချင်တယ်ဆိုတာ အဲဒီအချက်တွေကြောင့်ပါ........... အရပ်သား တွေ တကယ် အားကောင်းပြီဆိုရင် ယူနီဖောင်းဝတ် လက်နက်ကိုင်တွေကို မျက်နှာချင်းဆိုင် မျက်လုံးချင်းဆိုင်ပြီးတော့ ပြန်ကြည့်လို့ရတဲ့ ခေတ်မျိုးကို ကျွန်တော် လိုချင်ပါတယ်..

DSA 53 Intake 

7 comments:

  1. မှန် လိုက် လေ ဗျာ

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. အားကျပါတယ်တို့တွေကတော့နောက်ဘဝမှာကြိုးစားတော့မယ်

    ReplyDelete
  4. အားကျပါတယ်တို့တွေကတော့နောက်ဘဝမှာကြိုးစားတော့မယ်

    ReplyDelete
  5. အားကျပါတယ်တို့တွေကတော့နောက်ဘဝမှာကြိုးစားတော့မယ်

    ReplyDelete
  6. မှန်လိုက်တာ

    ReplyDelete
  7. PT က ဖရန်စစ်ကြီးကို သတိရပါတယ် (ဘုရင့်နောင် ၉)

    ReplyDelete