November 22, 2012

အချစ် နှင့် စစ် (любовь и война)


From:ကိုပုသိမ်သားလေး

ချစ်သူ...

ကိုတို့ နှစ်ယောက် တွေ့လို့မှ မဝသေးခင်မှာ ဌာနေကို ပြန်ရတော့မယ်... ညှိုးငယ်နေတဲ့

မင်းမျက်နှာလေးကို ငါ ကြည့်မိလိုက်စဉ်မှာ ငါ့ရင်ထဲမှာ မီးတောင်တစ်လုံးပေါက်သွားတယ်...

...
ညနေခင်းအလှက ငါ့အတွက် မအေးမြနိုင်စေဘူးကွာ... မင်းမျက်ဝန်းက မျက်ရည်စတွေက

ငါ့အတွက် တန်ဖိုးကြီးလွန်းပါတယ် ချစ်သူရယ်...

ချစ်သူ...

ကိုတို့ နှစ်ယောက် အခုလက်ရှိမှာ ခဏဝေးနေတာဟာ တစ်ဘဝစာအတွက်ပါလို့ သိစေချင်တယ်...

ငါ့ရင်ထဲမှာမင်း မင်းရင်ထဲမှာငါ အစဉ်ထာဝရ တည်ရှိနေသရွေ့ ကိုတို့ နှစ်ဦးဟာ ဘယ်တော့မှ

မဝေးပါဘူး ချစ်သူ... မိုင်ထောင်သောင်း ဝေးကွာနေပါစေဦးတော့...

မင်းကိုငါ အရမ်းချစ်တယ် ချစ်သူ....

0 comments:

Post a Comment