November 24, 2012

ပြည်သူ+တပ်မတော်+တိုင်းရင်းသားပါတီများ+NLD+ပြည်ခိုင်ဖြိုး+တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ=ဒီမိုကရေစီ


From:ဖိုးသားလေး

ငါတို့တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အမိအိမ်၊ ဆွေမျိုးသားချင်းတွေနဲ့ခွဲခွာခဲ့ရတယ်။ ကိုယ်နဲ့ရွယ်တူတွေ လူငယ်ဘဝကို ပျော်ပျော်ပါးပါးနေနေရတဲ့အချိန်မှာ မိမိအသက်တွေကို နိုင်ငံအတွက် စွန့်လွှတ်ဖို့ သစ္စာဆိုပြီး တပ်မတော်ထဲကို ဝင်လာခဲ့ကြတယ်။ ငါတို့တွေ တပ်မတော်ထဲရောက်လာလို့ တပ်မတော်သားလို့ခေါ်ကြပေမယ့် ငါတို့တွေ အတွက်ကတော့ ပြည်သူက မွေးပြီး ပြည်သူထဲက ပေါက်ဖွားလားတဲ့ ပြည်သူ့သားလို့ ခံယူထားကြတယ်။

 အခုချိန်မှာ ငါတို့တွေအကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်းကြိုးစားနေကြတယ် ။ မကောင်းတဲ့သူတချို့ကြောင့် ငါတို့ကိုပါ ဝါးလုံးရှည်နဲ့ သိမ်းကြုံးရမ်းခံနေရတယ်။ အဲလိုရမ်းခံရတာထက် တပ်မတော်သားနဲ့ ပြည်သူကို ခွဲခြားခံထားရတာဟာ ငါတို့အတွက် စိတ်မကောင်းအဖြစ်ဆုံး ခံစားရအခက်ဆုံး အဆိပ်တခွက်ပါ။ ဖြစ်နိုင်ရင် တပ်မတော်ဆိုတဲ့နေရာမှာတောင် ပြည်သူတွေထဲကပြည်သူ့တပ်မတော် လို့သာပြောင်းပေးလိုက်စေချင်တယ် ။ အားလုံးဟာပြည်သူပဲမို့ ငါတို့တွေဟာ ငါတို့နိုင်ငံကိုချစ်ကြတယ်၊ နိုင်ငံကိုဖွံ့ဖြိုးတိုးတက်၊ ထာဝစဉ် ငြိမ်းချမ်း သာယာတာ မြင်ချင်ကြတယ် ။

ရည်မှန်းချက်ချင်းတွေတူကြတာမို့ ပြည်သူတွေထဲက အဖွဲ့အစည်းတွေမှာ မကောင်းတဲ့သူတွေ့ရင်တောင် သွေးခွဲ ပစ်ပယ်သလို ဖြစ်မယ့်စကားတွေကို ရှောင်ရှားပြီး အေးဆေးစွာနဲ့ ဖြေရှင်းရမယ့် ကောင်းသော ထောက်ပြမှုများနဲ့ ဝိုင်းဝန်းပြုပြင်သွားကြရမယ်။ ယခုမျက်မှောက်ကနေစပြီး ငါတို့တွေ အချင်းချင်း ညီရင်းအကိုပမာ သွေးစည်းညီညွတ်စွာ နားလည်မှုအပြည့်နဲ့ ချစ်ချစ်ခင်ခင် ဆက်ဆံသွားနိုင်အောင် ငါတို့ ဝိုင်းဝန်းကြိုးစားကြမယ်။ နောက်ဘယ်အဖွဲ့အစည်း ၊ ပုဂ္ဂိုလ်ကမှ ကိုယ့်ပြည်သူအချင်းချင်းပေါ်မှာ အနိုင်ကျင့်၊ တစ်ဖက်သတ်ဆက်ဆံတာမျိုးတွေမရှိအောင် ကိုယ့် နီးစပ်ရာအဖွဲ့အစည်းကနေပြီး တယောက်နဲ့တယောက် ဝိုင်းဝန်းထိန်းသိမ်းကာ အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားကြမယ်။

 နောက်တပ်မတော်သားဆိုပေမယ့် အခြားကျန်တဲ့ပြည်သူတွေလို ခံစားချက်ရှိတဲ့ သာမန်လူသားတွေဖြစ်သလို ပြည်သူထဲကပေါက်ဖွားမွေးထွက်လာတဲ့ ပြည်သူကမွေးတဲ့ပြည်သူ့သားတွေမို့ ပြည်သူပါပဲ။ပြည်သူတွေ တပ်မတော်အပေါ် မကျေမနပ်တာတွေရှိခဲ့ရင်လဲ အခုချိန်မှာ ကျေလည်ပေးပါ။ မကောင်းတဲ့သူရှိနေရင်တောင် အဖွဲ့အစည်းတခုလုံးကို ထိခိုက်တာထက် ကိုယ့်ပြည်သူ၊ပြည်သားကို ပစ်ပယ်သလိုဖြစ်နေတာ၊ သီးခြားဖြစ်နေပြီး စိတ်သဘောထားကွဲလွဲနေကြတာတွေကို မဖြစ်အောင်ကြိုးစားမယ်။ လူ့ဘောင်အဖွဲ့အစည်းတိုင်းမှာ လက်အတိုအရှည်မညီသလို လူတွေရဲ့ စိတ်ဓတ်တွေဟာလဲ အမျိုးမျိုးပဲမို့ အမြင်ချင်းကွဲပြီး သဘောထားမတိုက်ဆိုင်တာလေးတွေ ရှိနေတက်သလို ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူ ရောနေတက်ပါတယ်။

 အဲလိုမကောင်းတဲ့သူရှိနေရင်တောင် ငါတို့တွေက သူတို့တွေကို တက်နိုင်သလောက် နားလည်မှုပေးပြီး စိတ်ထားမေတ္တာအမှန်နဲ့ ထောက်ပြပေးရင် လက်တွဲခေါ်သွားနိုင်မယ်။ တပ်မတော်ကြီးမှာလဲ မတစ်ထောင်သားတွေနဲ့ ဖွဲ့စည်းထားတော့ လူမျိုးပေါင်းစုံ၊ စိတ်ဓတ်မျိုးစုံနဲ့ ရင်ဆိုင်ဖြတ်သန်းခဲ့ရတာတွေ မတူကြတာကြောင့် လိုအပ်ချက်လေးတွေ အမြဲလိုလို ရှိနေတက်ပါတယ်။ ယခုလက်ရှိမှာ ငါတို့တွေသေချာပြောနိုင်တာကတော့ ငါတို့တွေအားလုံးဟာ အဲဒီလိုအပ်ချက်လေးတွေကို အကောင်းဆုံးပြည့်စုံကောင်းမွန်နေအောင် ကြိုးစားနေကြတယ်။ တပ်မတော်သားလဲ ပြည်သူပဲဖြစ်တာမို့ ပြည်သူရဲ့ ခံစားချက်ကို ကောင်းကောင်းနားလည်ပါတယ်။ ပြည်သူ့ဘက်ကနေအကောင်းဆုံးရပ်တည်ပေးသွားနိုင်အောင် ကျွန်တော်တို့မျိုးဆက်သစ်တွေမှာ ကြိုးစားသွားချင်တာကြောင့် တပ်မတော်သားပြည်သူနဲ့ နိုင်ငံတွင်းကကျန်တဲ့ပြည်သူတွေနဲ့ ခွဲခြားတာမျိုးတော့မဖြစ်စေချင်ပါ။

 အခုချိန်ထိ ကောင်းအောင်လုပ်ချင်ကြိုးစားနေချင်တဲ့သူတွေပါ ရောရောင်မိုးမွှန်အောင် ဆဲခံရတာထက် အရင်နှစ်၂၀ကျော် ကျွန်တော်တို့ ကလေးဘဝကလိုအပ်ချက်တွေ ဖြစ်ပျက်ပြီးခဲ့တဲ့ ထိုးနှက်ချက်တွေနဲ့ ကိုယ့်လူမျိုးချင်းခွဲခြားခံနေရတာ ကြိုးစားချင်စိတ်ရှိတဲ့သူတွေမှာတောင် အားအင်မရှိအောင် ခံစား ရင်နာမိရတယ်။ နောက်ယခုလူငယ်တွေဟာ နောင်တခောတ်ရဲ့ အနာဂတ်မြန်မာနိုင်ငံတော်ကို ပုခုံးပြောင်းတာဝန်လွှဲပြောင်းယူရမယ့် သူတွေဖြစ်တာကြောင့် ခုချိန်မှာတော့ အချင်းချင်းအမြင်မကြင်လင်တာလေးတွေ ကင်းရှင်းသင့်ပြီ။ အရေးအခင်းတွေဖြစ်တုန်းက တပ်မတော်ပေါ်မကျေနပ်ခဲ့တာတွေရှိမယ်။

 ကျွန်တော်တို့နားလည်ပါတယ် အားလုံးရဲ့ခံစားချက်တွေကို။ နောက်အဲဒီအချိန်မှာလဲ တပ်မတော်သားတွေရဲ့အမျိုးတွေအသက်မပါဘူးလို့ ဘယ်သူပြောနိုင်မလဲ???။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်လာရင် အတက်နိုင်ဆုံး ကောင်းမွန်စွာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးဆေးဖြေရှင်းရမယ့်နည်းကိုသုံးနိုင်ရင်အကောင်းဆုံးပါ။ ဖြစ်ခဲ့တာတွေကတော့ အစိုးရကော၊ အတိုက်အခံဘက်ကကော ၂ဘက်လုံးက လိုအပ်ချက်တွေရှိခဲ့လို့ပဲ။

 နောက်မြန်မာလူမျိုးတချို့ရဲ့ အမြင့်ရောက်ရင် နထင်သွေးရောက် ဘဝင်မြင့်လေဟပ်ချင်ကြတယ်။ စင်ပေါ်ရောက်ရင် ဟောက်ချင်တယ်၊ဟိန်းချင်တယ်၊ ပါဝါပြချင်တယ်.. အဲဒီမကောင်းတဲ့စိတ်ဓတ်တွေကို ပြင်ရမယ် (ကျွန်တော့်ကိုတောင် ပါဝါပြဟောက်တာကိုယ်တွေ့ခံခဲ့ရဖူးတယ် ဖြစ်ပုံကတော့ ကျွန်တော်ဦးလေးတယောက်ကားနဲ့တုန်းက လမ်းချပေးမရတဲ့ လမ်းကျဉ်းကျဉ်းလေးမှာ ဆိုင်ကယ်နဲ့ အဖွဲ့အစည်းတခုက မလောက်လေး မလောက်စား၂ယောက်က ဟောက်စားလုပ် ပါဝါပြသွားတယ်)။

 တပ်မတော်သားထဲမှာလဲ ရှိကောင်းရှိနေနိုင်ပါတယ်။ ရှိနေရင်လဲ ဝိုင်းဝန်းထိန်းသိမ်းကြရမှာ ကျွန်တော်တို့တာဝန်ဖြစ်သလို အားလုံးရဲ့ညီညွတ်မှုနဲ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမယ်။ အဲလိုစိတ်ဓတ်တွေဟာ တပ်မတော်အဖွဲ့အစည်းတခုထဲမှာမှ ရှိတက်တာမဟုတ်ပါဘူး၊ အခြားအဖွဲ့အစည်းတွေ၊ ကျန်တဲ့ပြည်သူတွေမှာလဲ အပုံကြီးပါ။ နောက်တပ်မတော်ဆိုတာက ပြည်သူဆိုတဲ့ စက်ရုံထဲက ထွက်လာတဲ့ ပြည်သူတွေပါ။ ခြေမမကောင်းခြေမပေါ့။ နိုင်ငံမှာတပ်ကိုခွဲထုတ်ပစ်ပါယ်ထားလို့လဲ မရနိုင်သလို ပြည်သူကို တပ်မတော်ကလဲ ပစ်ထားလို့မရပါ။

 ပြည်သူချစ်တဲ့ အားကိုး အားထားရတဲ့ တပ်မတော်ဖြစ်အောင်လဲ ကျွန်တော်တို့ ယခုအချိန်မှာ အတက်နိုင်ဆုံး ပြည်သူယုံကြည်မှုရှိအောင် အထက်အောက်စည်းလုံးညီညာစွာနဲ့ ဝိုင်းဝန်းကြိုးစားသွားချင်ပါတယ်။ အမြဲတမ်း တပ်မတော်က ပြည်သူ့ဘက်ကရပ်တည်ကာကွယ်ပေးကာ ပြည်သူကို မိဘပမာ ဦးထားဂိုဏ်းထားကာ ဆက်ဆံသွားချင်သလို ပြည်သူ့ဘက်ကလဲ တပ်မတော်သားများအပေါ် နားလည်မှုအပြည့်အဝနဲ့ လိုအပ်ချက်ရှိနေတဲ့ တပ်မတော်သားတချို့ ရှိရင်တောင် ညီရင်းအကိုပမာ တယောက်နဲ့တယောက် ဝိုင်းဝန်းထိန်းသိမ်းပေးပြီး အချင်းချင်းလေးစားမှုလေးတော့ရှိပေးပါ။ လူတိုင်းမှာ အမှားကိုယ်စီမကင်းကြပါဘူး ကိုယ်ကိုယ်တိုင်တောင်အမှားကင်းအောင်နေဖူးလားဆိုတောင် ကိုယ်တိုင်ပြန်မေးကြည့်ပါ??? အဲ့တော့ ခံစားချက်ကို နောက်မှာထားပါ ခု လက်တွဲဖို့လိုတဲ့ချိန်မှာ လက်တွေကို တစ်ယောက်နဲ့တစ်ယောက်ယုံကြည်စွာကမ်းလိုက်ကြပါဗျာ။

ကိုယ်စီကိုယ်စီ ကိုယ်တိုင် ပြုပြင်သွားရင်းနဲ့မှ ကိုယ်လိုချင်တာကို ရမှာပါ ။သူ့ကြောင့် ငါ့ကြောင့် လက်ညှိုးလိုက်ထိုးလိုက် လူတကာကို အပြစ်လိုက်ရှာလိုက် အပြစ်ပုံချလိုက်နဲ့ကတော့ လိုချင်တဲ့ယုံကြည်မှုတွေတည်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အရေးကြီးဆုံးကတော့ မိမိကိုယ်သာ မိမိ လိုအပ်တာတွေကို ပြုပြင်ကြဖို့ပါ ။ နောက်ခုချိန်မှာ ကျွန်တော်တို့တပ်မတော်သားတွေအားလုံးဟာလဲ နားလည်မှုတည်ဆောင်နိုင်အောင် အတက်နိုင်ဆုံးကြိုးစားနေကြပါတယ်။ဘယ်သူတွေတက်တက် နိုင်ငံအတွက် ဘာတွေများလုပ်ပေးနိုင်မလဲဆိုတာကိုပဲ စောင့်ကြည့်နေတာပါ ။တပ်မတော်သားတွေအတွက်ကတော့ ဘယ်သူအုပ်ချူပ်နေပါစေ ကျရာတာဝန်ကို ထမ်းဆောင်ရမှာပါ။ အဲဒီတာဝန်ကလဲ ယခုချိန်ကစ၍ ပြည်သူကိုကာကွယ် အရေးပေး ပြည်သူ့ဆန္ဒကို အရင်ဆုံးကြည့်တဲ့ တပ်မတော်ဖြစ်သွားအောင် ကျွန်တော်တို့တွေ ကြိုးစားသွားချင်တယ်။

 ပြည်သူတွေအနေနဲ့ တပ်မတော်သားထဲက မဟုတ်မမှန်တာလုပ်တဲ့သူရှိတယ်ဆိုရင်တောင် အချက်အလက်ပြည့်ပြည့်စုံစုံ တိတိကျကျနဲ့ အဖွဲ့အစည်းတခုလုံးကို အပြစ်ပြောတာမျိုးမဟုတ်ပဲ တိကျစွာ ထောက်ပြပါ အချို့သောသူတချို့ရဲ့ အဲဒီလိုအပ်ချက်တွေကြောင့် ပြည်သူနဲ့ တပ်မတော် သွေးခွဲခံရမှာ မို့ပါ။ အဲလိုသူတွေရှိနေရင်လဲ အားလုံးဝိုင်းပြီး အရေးယူသွားနိုင်အောင် ကျွန်တော်တို့ကပါ ဝိုင်းဝန်းကူညီဆောင်ရွက် တိုက်ဖျက်သွားပါ့မယ်။

နောက်အရင်က လိုအပ်ချက်မျိုးတွေရှိခဲ့ရင်တောင် အဲဒါမျိုးတွေ ယခုမျက်မှောက်မှာ ကျွန်တော်တို့ မဖြစ်အောင် ကြိုးစားသွားမယ်။ အချို့သူတွေက စစ်တပ်ကို ကြည့်မရဘူးတွေ ဘာတွေ ပြောနေရအောင် ပြီးတော့ သူများနိုင်ငံတွေကိုတိုးတက်တယ်ပြောရအောင် ၊ ကိုယ့်နိုင်ငံမှာ အဲလိုသူမျိုးတွေဘယ်သူကရော လိုလိုလားလားနဲ့ စစ်မှုထမ်းဖို့ ပြင်ဆင်ထားကြလို့လဲ စစ်မှုတစ်ရက်တောင် မထမ်းဖူးတော့ တပ်မတော်သားတွေရဲ့ နေရာမှာ ဝင်မခံစားဘူးတော့ အရင်နာကျည်းချက်တွေနဲ့ ယခုတိုင်တဖက်အစွန်းရောက်ကြည့်နေတာဟာ ကောင်းအောင်ကြိုးစားနေချင်တဲ့သူတွေကိုပါ ထိုးနှက်မှုတခုဖြစ်ပေါ်စေနိုင်ပါတယ်။

 အဲဒါကြောင် မိမိသာ အဓိက ဖြစ်သည် မိမိတစ်ဦးတစ်ယောက်ချင်းကောင်းမှ တိုင်းပြည်တိုးတက်မည်။ ပြည်သူအားလုံးကလဲ စစ်တပ်ကို မမုန်းဘူးဆိုတာ ယုံပါတယ်။စစ်တပ်ဆိုတာ နိုင်ငံရဲ့အသက်ပါ.. အဲဒီအသက်က တလွဲဖြစ်နေခဲ့တာတွေရှိခဲ့ရင်တောင် အကောင်းဆုံး တပ်မတော်နဲ့ ပြည်သူလက်တွဲပြီး ပူးပေါင်းပြင်ဆင်သွားကြမယ်။နောက်မြန်မာလူမျိုးအချို့ရဲ့ ကိုယ်တိုင်ကဘာမှမလုပ်ပဲ အပြစ်တင်သာပြောတက်ပြီး ဖြေရှင်းဖို့ကို စိတ်မဝင်စားကြတာလေးတွေကိုပြင်ရမယ်။(ဥပမာ အခြားလူတယောက်အလုပ်လုပ်တာကြာရင် အရမ်းနှေးကွေးတယ်တဲ့၊ ကိုယ့်အလှည့်ကျတော့ စေ့စပ်သေချာတာတဲ့။ ကိစ္စတခုကို အခြားသူမလုပ်ချင်ရင် ပျင်းတာတဲ့၊ ကိုယ်မလုပ်တော့ အလုပ်များလို့တဲ့။ အခြားသူတယောက်ရဲ့အယူအဆကို အကြောက်အကန်ပြောနေရင် တဇောက်ကန်းတယူသန်တဲ့၊ ကိုပြောရင်ကျတော့ သဘောထားပြတ်သားခိုင်မာတာတဲ့။

 အခြားလူတယောက် အစဉ်အလာကျင့်ဝတ်ကိုဖောက်ဖျက်ရင် ယဉ်ကျေးမှုမရှိတာတဲ့၊ ကိုယ့်အလှည့်ကျတော့ ကိုယ့်ပုံစံနဲ့ကိုတဲ့။ အဲလိုစိတ်ဓတ်တွေပြင်ရမယ်။ ကိုယ်ကိုတိုင်က လူများကိုပြောချင်ရင် ပြောချင်တဲ့ဟာမှာ အကောင်းဆုံးဖြစ်အောင်အရင်ကြိုးစားပါ။ပုဂ္ဂိုလ်ဆွဲ မထားကြပါနဲ့။ အယူ အဆ မတူတဲ့ အချိန်မျိုးတွေမှာ တင်းမာမှုဆိုတာရှိလာနိုင်တယ်.။ အဲလိုချိန်မှ တဖက်ဆီက ခံစားချက်ကိုယ်စီကို နားလည်ပေးပြီး ယုံကြည်မှု ထာဝစဉ်တည်မြဲနေအောင်တည်ဆောက်ရမယ်။ တပ်မတော်ဆိုတာ ပြည်သူထဲက ပါပဲ .။ တစ်နိုင်ငံလုံးက ဝန်ထမ်းတွေက ပြည်သူတွေပေးတဲ့ လစာ နဲ့ ပြည်သူ့ ဝန်ထမ်းဆိုတဲ့ နာမည်ကို ခံယူထားသမျှတော့ ပြည်သူ့ အသံ ပြည်သူ့ လိုအပ်ချက်ကို ထည့်စဉ်းစားပေးနေရပါ့မယ်။

 ဒါမှလဲ ပြည်သူ့ရဲ့ မေတ္တ္တာအပြည့်အ၀ ယုံကြည်မှုရမှာ သေချာပါတယ်။ နောက်ပြည်သူ့အတွက်တပ်မတော်ဖြစ်အောင်ဝိုင်းဝန်းကြိုးစားချင်နေကြတဲ့ ယခုလိုမျက်မှောက်မှာတော့ သိမ်းကြုံးပြီးပြောတာမျိုးကို ဘယ်သူမှလက်ခံမှာမဟုတ်ပါဘူး.။ ဘယ်လောက်ပဲ မကောင်းမြင်ခံရခံရ ကြိတ်မှိတ်ပြီးလုပ်နေတဲ့ ပြည်သူ့ဝန်ထမ်းကောင်းတွေအများကြီးရှိတယ်.။ သူတို့တွေက ဘယ်လောက် လုပ်လုပ် ခြုံပြောလိုက်တာက သူတို့ကို အလုပ်လုပ်ချင်စိတ်လျော့သွားအောင် ၊စေတနာလျော့သွားအောင်လုပ်လိုက်တာနဲ့အတူတူပဲ.။

 စစ်သားထဲမှာလည်း ရှေးကရော အခုရော မျိုးချစ် စစ်သားတွေ ရိုက်သတ်မကုန်ဘူး.။ ဒါပေမယ့် တို့တွေက စကားပြောတာ ပြတ်တယ်.။ ဒဲ့ဒိုးပဲပြောတတ်တယ်.။ ငါတို့ဘယ်လောက်ပဲလုပ်ခဲ့လုပ်ခဲ့ အကောင်းမမြင်ကြပါဘူးကွာ လို့ထင်သွားတဲ့တစ်နေ့ တိုင်းပြည် နွံနစ်တဲ့နေ့ဖြစ်သွားမှာ အသေချာပဲမို့ အဖွဲ့အစည်းတခုလုံးကို ထိခိုက်စေတာမျိုးမဟုတ်ပဲ မကောင်းတဲ့သူတွေကို သာတိတိကျကျနဲ့ ဖော်ထုတ်အရေးယူနိုင်အောင်ကြိုးစားတာအကောင်းဆုံးပါ။ တပ်မတော်ထဲမှာလဲ တကယ့်ကို အရည်အချင်းပြည့်ဝပြီး လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်ဝတဲ့အရာရှိတွေအများကြီးရိုက်သတ်မကုန်အောင်ရှိနေပါတယ်.။

ပြောချင်တာကတချို့သူတွေရဲ့ ကျဉ်းမြောင်းတဲ့အဖွဲ့အစည်းရေးစိတ်ဓါတ်တွေနဲ့ တပ်မတော်ကိုတော့ အားလုံးက မကောင်းဘူးဆိုတော့ပုံစံမျိုးနဲ့တော့ မပုတ်ခတ်ပါနဲ့။ ဒါ့ပြင်တပ်မတော် မပါဝင်ပဲ ဘယ် နိုင်ငံမှ မရပ်တည်နိုင်ပါဘူး.။ နိုင်ငံတိုင်းကိုလည်း ပြည်သူတွေမွေးထုတ်ပေးခဲ့တဲ့ တပ်မတော်ကပဲ တည်ထောင်လာကြတာပါ.။တပ်မတော် အင်အားနည်းပါးရင် ချိနဲ့နေရင် ဒေသတွင်းမှာတောင် လူမလေးခွေးမခန့် လုပ်ခံရတတ်ပါတယ်.။ဒါပေမယ့်တပ်မတော်အနေနဲ့လဲ ပြည်သူ့အပေါ်ကို မိဘအရင်းပမာ ဆက်ဆံသွားရမယ်ဆိုတာ အမှန်ပဲ။ စစ်တပ်နဲ့ပြည်သူ တစ်သားထဲဖြစ်ဖို့ ငယ်စဉ်ထဲက လက်လှမ်းမှီတဲ့ သူနဲ့ ဆွေးနွေး ခွင့်တွေ ယခုလိုရအောင်လုပ်ပေးသင့်ခဲ့တာပါ။

 ဒါမှ တစ်ချိန် နိုင်ငံတော်အုပ်ချုပ်တဲ့ အခါ အောက်သက်ကြေတဲ့ နိုင်ငံခေါင်းဆောင်ကောင်းတွေ၊ ပြည်သူ ချစ်တဲ့ ပြည်သူ့ တပ်မတော်သားတွေဖြစ်လာမယ်။ အရေးကြီးဆုံးကတော့ သမိုင်းကိုပြန်လှန်ပြီး လက်တွဲရမှာကိုကြောက်ရွံနေမယ်ဆိုရင် ဘယ်တော့မှ စည်းလုံးညီညွတ်မှု ငြိမ်းချမ်းမှု ကိုမရောက်နိုင်ပါ။ ငါသည်တပ်မတော်သား၊ အေး…နောက် မင်းလဲ ပြည်သူ ငါလဲပြည်သူပဲကွ၊ ငါတို့စစ်သားတွေ အကောင်းဆုံးဖြစ်အောင်ကြိုးစားနေကြတယ် အခုမျက်မှောက်မှာ။ပြည်သူအနေနဲ့လဲ အခုချိန်မှာ စစ်သားဆိုပြီး အရင်ကကြောက်နေခဲ့ရင်တောင် အခုချိန်မှာ မကြောက်တော့ပဲ ညီအကိုရင်း သွေးရင်းသားပမာ ဆက်ဆံစေချင်တယ် ။

ငါတို့တွေ အဲလိုသဘောပဲထားတယ်။ တကယ်တော့ဗျာ နိုင်ငံကောင်းဖို့အတွက် အားလုံးလက်တွဲသင့်နေပါပြီ....မယုံကြည်မှုတွေရှိခဲ့တာတွေကို မေ့ပျောက်ပြီး ခုချိန်မှာ ယုံကြည်မှုတွေနဲ့ လက်တွဲသွားရအောင်။ အခုဆိုအားလုံးရဲ့သဘောထားတွေပွင့်ပွင့်လင်းလင်း သိလာပြီ ။ဟို အရင်ထဲက နှစ်ဖက်တိုက်ခိုက်လာကြတာ ဒီဇတ်လမ်းတွေဘဲ အချင်းချင်းနောက်ကြောင်းပြန်ဆွေနွေးမှုတွေကြီး ဘဲဖြစ်နေခဲ့တယ် အဲ့တော့ ကား ခုချိန်မှာ ကိုယ့်ဘက်သူ ဘက်နားလည်မှုအပြည့်နဲ့ နိုင်ငံကောင်းအောင် အကောင်းဆုံးကြိုးစားကြရအောင်။့နောင်တော် ညီအကို အဖွဲ့တွေကို ယုံတယ်ဒီချိန်မှာ လိုအပ်နေတာ ငြိမ်ချမ်းရေးပါ။ဟိုးးးခေတ်ကဟာတွေပြောနေရအောင်လဲခုမျက်မှောက်မှာလူငယ်တွေကြီးပဲဘယ်သူမှမသိလိုက်တဲ့အချိန်ကဟာတွေကိုလဲထည့်ပြောနေမထူးခြားလာပါဘူး ။

 သမိုင်းကိုသာသိထားသင့်ပြီး အတိတ်ကလိုအပ်ချက်မျိုးတွေ အနာဂတ်မှာဖြစ်မလာဖို့ အရေးကြီးဆုံးပါ။ခုချိန်မှာလူငယ်တွေက အမြင်အတွေးခေါ်အရမ်းကောင်းကြတယ် တစ်ယောက်နဲ့တစ်ယောက်ကြံညဏ်ပေးပြီး သင့်သင့်မြတ်မြတ်ဖြစ်အောင်ကြိုးစားတာကောင်းပါတယ်။အဲဒီလို ငြိမ်းချမ်းဖို့အတွက် မကျေလည်တဲ့သူများရှိနေရင်လဲ ကွန်တော်တို့ကနားလည်ပေးပြီး လက်ကမ်းကြိုဆိုလျက်ပါ။ ငြိမ်းချမ်းရေးကို လိုတယ်ဆို ပြည်သူနဲ့ တပ်မတော် ပြည်သူနဲ့ အာဏာရ သမ္မတ လက်တွဲ ဖို့လိုတယ် ။ ပြည်သူ့ လိုအပ်ချက်ကို သမ္မတ က ဖြည့်ဆည်းဆောင်ရပေးရသလို ပြည်သူ့ အေးချမ်းတည်ငြိမ်ရေးနဲ့ နိုင်ငံတော်အတွက် တပ်မတော်က ဆောင်ရွက်ဖို့ လက်ကမ်းပေးဖို့ လိုတယ်။

 တစ်ယောက်စိတ်ကိုတစ်ယောက်ဖတ်ပြီး သူအပြော ကိုယ်အပြောကိုနားလည်ရင် ဖြစ်ချင်တာလေးတွေကို ဖြည့်ဆည်းပေးလိုက်ကြရင် အဆင်ပြေလာမယ်။ တပ်မတော်သားတွေဘက်ကလဲ ပုံတွေတင်ပီး ဟိုလိုဒီလိုတွေအစား ဟိုဆိုက်ဒ်ဒီဆိုက်ဒ်ကို မျှဝေနေမယ့်အစား အသိညဏ်မြင့်မားမဲ့စကားလေးတွေ ပြောစေချင်သလို အတိုက်အခံတချို့ဘက်ကလဲ အဲလိုနားလည်မှုမျိုးနဲ့ ကောင်းသောလူပီသသော စကားတွေနဲ့ အဆင်ပြေအောင်ညှိနှိုင်း နေသွားရင် ကွန်တော်တို့လိုချင်တဲ့ စည်းလုံးညီညွတ်မှုတွေရလာမယ်။

 တကယ်တော့ ဗိုလ်ချုပ်သာရှိရင် အားလုံးစည်းစည်းလုံးလုံးနဲ့ စိတ်ဝမ်းမကွဲ သွေးစည်းညီညွတ် တန်းတူအခွင့်အရေးမျိုးကို မြင်စေချင်မှာကို မမေ့ကြပါနဲ့ဗျာ။ပြည်သူ+တပ်မတော်+တိုင်းရင်းသားပါတီများ+ ပြည်ခိုင်ဖြိုး+NLD+တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ= ဒီမိုကရေစီသာဆိုအမှန်တိုးတတ်ပါပီဗျာ ကျွန်တော်တို့လိုအပ်နေတာ တကယ်တော့ နားလည်မှုလေး တည်ဆောက်ခြင်းပါဘဲ။ အဲလိုမှမဟုတ်ရင် ကဲဒီနိုင်ငံမတိုးတတ်နိုင်ပါ့မလား။

အားလုံးစည်းလုံးညီညွတ်မှုနဲ့ ဒီမိုကရေစီလမ်းကြောင်းနဲ့အတူ ဗိုလ်ချုပ်ပြောတဲ့ တလွဲဆံပင်ကောင်းတွေသာ ပြင်ပြီးမြန်မာဆိုတာ ကမ္ဘာမှာ လင်းလက်ဆုံး ကြယ်လေးတပွင့်အဖြစ်ထင်ရှားကျော်ကြားလာအောင် လုပ်ကြဖို့ ကျွန်တော်တို့မှာ တာဝန်ရှိလာပြီ၊ အချိန်ကြပြီ ဖြစ်တာမို့ လက်တွဲစည်းလုံးကြဖို့ ကျွန်တော်တို့ လက်ကမ်းကြိုဆိုလျက်ပါ ညီနောင်သားချင်းများ။ ဗိုလ်ချုပ်ပြောတဲ့ စကားကိုအမြဲသုံးသံုံးနေတဲ့ လူတွေဖာနိုင်ငံဆိုတာကြီးကို ငါတို့ရှောင်ကွင်းနိုင်ပြီး တိုင်းပြည်တိုးတတ်မှုတွက်ကျေနပ်အပြုံးလေးတစ်ခ တမလွန်ကဗိုလ်ချုပ်နဲ့ ငါတို့ တိုင်းပြည်ကောင်းကျိုးအတွက် ဝိုင်းဝန်း ကြိုးစားလိုက်ကြစို့။

0 comments:

Post a Comment