စစ်တက္ကသိုလ် အမှတ်စဉ် ၅၅ ကျောင်းဆင်းပွဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
မှ မိန့်ခွန်းပြောကြားတဲ့ အထဲက စကားလုံးတစ်ချို့ဟာ ဆိုရင် စစ်ဗိုလ်လေး တွေ
အတွက်သာမက လက်ရှိမြန်မာနိုင်ငံရဲ့ နယ်ပယ် အသီးသီး မှဖြစ်နေတဲ့
အဖြစ်တစ်ချို့ အပြင် ဦးစီးဆောင်ရွှက်သူများအတွက်ပါ မှတ်သားစရာတွေ ပါလာလို့
တစ်ချို့အချက်တွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ် ။
(၂)တပ်မတော်ဟာ တပ်မတော် စည်းကမ်း ဥပဒေတွေ၊ စစ်မြေပြင် စည်းကမ်း တွေနဲ့
နယ်ဘက် ဆိုင်ရာ စည်းကမ်း ဥပဒေတွေကို စံနမူနာပြ လေးစား လိုက်နာကြရမှာ
ဖြစ်တယ်။
(၃) ဆန္ဒတွေကို ရှေ့တန်း တင် လွန်းရင် မမှားသင့် တာတွေ မှားတတ်တယ်
ဆိုတာကို အထူး သတိပြု ဖို့ လိုတယ်။ ဆန္ဒကို ဦးစား မပေးဘဲ လုပ်သင့်
မလုပ်သင့် မှန်ကန်စွာ ဝေဖန်ပိုင်းခြား ကြရမယ်။ လုပ်ကိုင် ဆောင်ရွက်ရာ မှာလည်း အခြေအနေ၊ အချိန်အခါ အရပ်ရပ်ကို သေချာစွာ
စဉ်းစား ချင့်ချိန်ပြီးမှ အကောင် အထည်ဖော် ဆောင်ရွက်ရမယ်။ ခေါင်းဆောင်
လုပ်သူရဲ့ မူဝါဒ၊ လိုလားချက်ကို အကောင် အထည်ဖော် ဆောင်ရွက်မဲ့ လက်အောက်က
သေချာ သိရှိအောင် ဆောင်ရွက်ပြီး သူတို့ရဲ့ လိုအပ်ချက်တွေ၊ ဖြည့်ဆည်း
ပေးရမှာ တွေကို ဖြည့်ဆည်းပေး ခြင်း၊ ဦးဆောင် လမ်းညွန်မှု ပေးခြင်းတို့ဖြင့်
ရည်မှန်းချက် တာဝန်တွေကို အောင်မြင်အောင် ဆောင်ရွက်ကြ ရမှာ ဖြစ်တယ်။
(၄) သတင်း နည်းပညာ တိုးတက်မှု မရှိသေး ချိန်မှာ တိုက်စွမ်းအားနဲ့
ပက်သက်ရင် စစ်ကစားမှု၊ ပစ်အား၊ အကာအကွယ်နဲ့ ခေါင်းဆောင်မှု ဆိုတဲ့ အချက် (၄)
ချက်နဲ့ တိုင်းတာ သတ်မှတ် ခဲ့ကြပေမယ့် ယနေ့ခေတ်မှာ သတင်း အချက်အလက်
ရရှိအသုံးပြု နိုင်မှု ဆိုတဲ့ အချက်ကိုပါ ထည့်သွင်း စဉ်းစား လာကြ ရတယ်။
(၅)ရည်မှန်းချက် အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ ဆိုရင် ခေါင်းဆောင်
လုပ်သူဟာ အသိတရား၊ သတိ တရား ရှိရှိနေထိုင် လုပ်ကိုင်တတ်ဖို့ လိုတယ်။
(၆)တို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ နယ်ချဲ့တွေကို တွန်းလှန်
ချေမှုန်းဖို့ သူ့ခေတ်အခါနှင့် အညီ ရင်ဘောင်တန်း နိုင်တဲ့ စွမ်းရည်ရှိတဲ့
တပ်မတော် တစ်ရပ် မရှိခဲ့လို့ လွတ်လပ်ရေး ဆုံးရှုံးခဲ့ရ ဖူးတယ်။ နိုင်ငံတော်
ကာကွယ်ရေး စွမ်းရည် မြင့်မားတိုးတက် လာစေဖို့ တပ်မတော်ကို ခေတ်မီတိုးတက်
ပြောင်းလဲအောင် ဆောင်ရွက်ရာမှာ Standard Army အဖြစ် ရောက်ရှိအောင်
မျှော်မှန်း ဆောင်ရွက်နေချိန် ဖြစ်လို့ ရဲဘော်တို့ အနေနဲ့ လည်း
တို့တပ်မတော်ရဲ့ တိုးတက်ပြောင်းလဲ ဆောင်ရွက်နေမှု တွေနဲ့အညီ အံဝင်ခွင်ကျ
ဖြစ်အောင် ကြိုးစား ဆောင်ရွက် နေကြဖို့ လိုတယ် ။
(၇)ခေါင်းဆောင် ငယ်တွေ အနေနဲ့ စစ်ရေးဆိုင်ရာ လေ့လာ အာရုံစိုက်မှု သာမက
ဆက်နွယ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် နိုင်ငံတကာ
ရေးရာတွေမှာပါ ကျွမ်းဝင်သိရှိ နေအောင် ယခုကတည်းက လေ့လာ သွားကြ ဖို့
လိုတယ်။ဒါမှသာ နိုင်ငံတော်နဲ့ တပ်မတော် အတွက် အလေးထားရတဲ့
ခေါင်းဆောင်ကောင်းတွေ အဖြစ် ပေါ်ထွန်း လာမှာ ဖြစ်တယ်။
0 comments:
Post a Comment