December 11, 2013

ကျောင်းဆင်း (၃)နှစ်ပြည့် အမှတ်တရများ


အမိစစ်တက္ကသိုလ်ကြီးတွင် ကျွန်တော်တို့အပတ်စဉ် (၅၃)ကို    (၁၀.၁၂.၂၀၁၀) ဘွဲ့နှင်းသဘင်ခန်းမကြီး မှာ  ဗိုလ်ချုပ် ဇေယျာအောင်   သင်တန်း ဖွင့်လှစ်ပေးခဲ့ပြီး  စစ်သားဘဝကို စတင်ခဲ့ပါတယ်။ သင်တန်းစတ င်ခဲ့တဲ့ အချိန်ကစပြီး  အောက်တပ်ရင်းမှာ အစပြုပြီး  စစ်ရေးပြ   နှင့်အစပြုပြီး  စစ်သား ဘဝကို စတင်ဖြ တ်သ န်း  ခဲ့ကြပါတယ်။  တက်ရောက်ခဲ့တဲ့ သင်တန်း ကာလမှာလည်း အခက်အခဲပေါင်း များ  စွာ ဖြတ်ကျော်  ခဲ့ရသလို  စိတ်ဓါက်စစ်ဆင်ရေး  အခက်အခဲများစွာကို လည်း ဖြတ်ကျော်ခဲ့ရပါတယ် ။  ပထမ ဒုတိယ နှ  စ်သင်တန်းကာလ ကို  တပ်ရင်းတရင်းတွင် တပ်ခွဲ (၁၄) အဖြစ်ဖြတ်သန်း ခဲ့ကြပြီး နောက်ဆုံး တတိယ နှစ်အချိန်မှာတော့   တပ်ခွဲ (၁၀ )ဖြင့်သာ ဖြတ်ကျော် ခဲ့ရပါတယ်။

ပထမနှစ် အချိန်မှာ အပတ်စဉ် (၅၁ ) ( ၅၂) မှ နောင်တော်များရဲ့လမ်းပြမှု သင်ကြားမှှု နည်းပြများရဲ့ အုပ်ချုပ်မှုအောက်မှာ အရပ်သားဘဝမှ စစ်သားဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ကြ၇တယ်။
စစ်တက္ကသိုလ် ကျောင်းသား တိုင်းမှာတော့ ပထမနှစ်ဆိုတာ အခက်အခဲဆုံးကာလလို့ ဆိုနိုင်ပါတယ်။
ပထမ နှ စ်ဒုတိယ နှစ် နောက်ဆုံးနှစ်  (၃ )နှစ်တာ ကာလ အမှတ်တရများ  ပျော်ရွှင်စရာများ   နောင်ေ တာ်များ  နှု တ်ဆ က်သွားချိန်မှာ  ဝမ်းနည်းမှုများ     များစွာသော ခံစားချက်များ ခံစားပြီးတော့  အချိန် အပတ်စဉ် (၁ )မှ ယနေ့ တိုင် ထိ (၁၀.၁၂.၂၀၁၀) မှာ အထူးခြားဆုံးအပတ်စဉ်အဖြစ် ကျောင်းဆင်း ပွဲအားဘွဲ့နှင်းသဘင်ခန်းမ အတွင်းမှာ ကျောင်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။




ယနေ့  (၁၀.၁၂.၂၀၁၃)  အချိန်အခါတွင်   ကျောင်းဆင်း (၃) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ကျောင်းတော်ကြီး မှ  ခွဲခွာခဲ့သော အချိန်ကာလကြားတွင်  တဆင့်မြင့်ရားထူးတိုးခံရသော အရာရှိများရှိသ လို အခြေအ နေ အမျိုးမျိုး  တိုက်ပွဲများ ကြောင့် လက်တွဲဖြုတ်ခဲ့ရသော သူငယ်ချင်းများစွာလည်းရှိခဲ့ပါတယ်။
စတသ  (၅၃)ကျောင်း ဆင်းများ အနေဖြင့်   မိမိ တို့တက်နိုင်သ၍ ပရဟိတ များပြုလုပ်ခြင်း  ဒုက္ခရောက်နေသော     နေရာများတွင် အလျဉ်းသင့်သလို လှူဒါန်းခြင်းများပြုလုပ်ပြီး  ကောင်းမှု ကုသို လ်များပြုလု ပ်ခဲ့ကြပါတယ်။

ယနေ့  ကျောင်းဆင်း (၃ )နှစ်ပြည့်သော နေ့တွင်လည်း ရုရှားနိုင်ငံတွင် ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက်
ဘုန်းတော်ကြီးကျောင်းတည်ဆောက်ရေးအတွက်  $500  လှူဒါန်းခဲ့ကြပါတယ်။ရောက်ရာဒေသ၊ ကျရာနေရာ ကနေ တာဝန်ထမ်းဆောင်နေကြသော်လည်းမိမိရရှိသော လစာထဲကနေ အစဉ်မပြတ် လှူဒါန်းကြခဲ့ကြသလို  ကျွန်တော်တို့  နိူင်သလောက်အားဖြင့် ငိုနေသောမျက်ရည်များကို အစဉ်မပြတ်သုတ်ေ ပးနိုင်ခဲ့ သလို ယိုပေါက်နေသော အိမ်ခေါင်မိုး၊ကျောင်းခေါင်းမိုးများကို ဖာထေးပေးနိူင်ကြပြီး အင်အားကုန်းခမ်းနေသာသူများအတွက် အဟာရရှိသော နွားနို့တစ်ခွက် ဝယ်တိုက်နိူင်ခဲ့ကြပါတယ်။

ယနေ့ တွင်ကျရောက်သော ကျောင်းဆင်း (၃)နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာ တပ်မတော်၏ဂု ဏ်ကိုမြှင့် တင် ပြည်သူများ၏ အကျိုးကို ဆောင်ရွက်ပြီး အနာဂတ်မှာ အားကိုးအား ထားပြုရသော   နောင်တခေတ် ၏ အောင်စစ်သည်များ ဖြစ်ကြပါစေလို့  ဂုဏ်ပြုရေးသားလိုက်ပါသည်။



0 comments:

Post a Comment