ယနေ့ 10.12.2013 ရက်နေ့ဟာ အမှတ်စဉ်(၅၃)မှ အရာရှိများ၏ ကျောင်းဆင်း(၃)နှစ်ပြည့်သော နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်ပါတယ်။
ယနေ့ကျရောက်သော နေ့ထူးနေ့မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင်
နိူင်ငံအကျိုး၊ပြည်သူ့အကျိုး များစွာကို စွမ်းစွမ်းတမံ ထမ်းဆောင်နိူင်သော နိူင်ငံသားကောင်းများဖြစ်ကြပါစေ။
ရောက်ရာဒေသ၊ ကျရာနေရာကနေ တာဝန်ထမ်းဆောင်နေကြသော်လည်း
မိမိရရှိသော လစာထဲကနေ အစဉ်မပြတ် လှူဒါန်းကြသော ညီတော်များ၏ မွန်မြတ်သော ပရဟိတ စိတ်ဓတ်ကို
ချီးကျူးလေးစားမိသလို...ပီတိလည်းဖြစ်မိပါ၏။
ယခုလိုပဲ နိူင်သလောက်အားဖြင့် ငိုနေသောမျက်ရည်များကို အစဉ်မပြတ်သုတ်ပေးနိူင်ကြပါစေ။
ယိုပေါက်နေသော အိမ်ခေါင်မိုး၊ကျောင်းခေါင်းမိုးများကို ဖာထေးပေးနိူင်ကြပါစေ။
အင်အားကုန်းခမ်းနေသာသူများအတွက် အဟာရရှိသော နွားနို့တစ်ခွက် ဝယ်တိုက်နိူင်ကြပါစေ။
ညီငယ်များအတွက် စကားလက်ဆောင်ကတော့
(ရိုးသားပါ။
ကြိုးစားပါ။
ရိုးသားပြီး၊ကြိုးစားတဲ့သူအတွက် နေရာပျောက်တယ်ဆိုတာမရှိသလို၊
နေရာလုရတယ်ဆိုတာလည်းမရှိနိူင်ပါဘူး။
အခွင့်အလမ်း အောင်မြင်မှုဆိုတာ
အခတ်ခဲတွေရဲ့ကြားမှာပဲရှိတယ်။
ကြုံတွေ့လာမည့် အခတ်အခဲ၊ပြသာနာတွေကို
နည်းမှန်၊လမ်းမှန်ဖြင့် ဖြေရှင်းမှသာ အောင်မြင်မှုပန်းတိုင်ကိုရောက်ရှိမှာဖြစ်တယ်။
နောက်ဆုံးမှာချင်တာက....
မိမိလုပ်နေရသည့်အလုပ်ကို
ဝါသနာပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ
ဘာအကြောင်းကြောင့်ပဲလုပ်ရလုပ်ရ၊အကောင်းဆုံးဖြစ်အောင်လုပ်ပါ။
မလွဲမသွေ မဖြစ်မနေ လုပ်ရတော့မယ့် အလုပ်တစ်ခုကိုလုပ်ချင်ချင်၊မလုပ်ချင်ချင် စေတနာထားပြီး
အရည်အသွေးအမြင့်မားဆုံးဖြစ်အောင်လုပ်ကြပီး အခတ်ခဲများကိုဖြတ်ကျော်နိူင်သော အရာရှိကောင်းများဖြစ်ကြပါစေ)
(မွန်းကိုကို)
From: Moon Ko Ko
0 comments:
Post a Comment