March 16, 2013

ကျွန်တော် တို့ကျောင်းးးးးးးးးးးးးးးး


ကျနော်ကျောင်းမှာ
အပြင်တက္ကသိုလ်တွေလို တော့
စိန်ပန်းပြာနဲ့အင်းယာလမ်းလိုတွေတော့မရှိပါဘူးကွယ်.....

အောင်စစ်သည်လမ်းမှာတော့ ချယ်ရီတွေပွင့်ဝေဖူးရဲ့ထင်.........။

ကျနော်ကျောင်းမှာ
အပြင်တက္ကသိုလ်တွေလိုတော့
အရောင်ကာလာစုံတဲ့ အလှပန်းတွေမရှိပါဘူးကွယ်........

၅၂၈ မလျော့တဲ့ညီအကိုသံယောဇဉ်တွေတော့ ချည်နှောင်ဖူးပါရဲ့ထင်.........။

ကျနော်ကျောင်းမှာ
အပြင်တက္ကသိုလ်တွေလိုတော့
မိဘတွေလာချင်တိုင်းလာခွင့်မရှိပါဘူးကွယ်.........

အိမ်ကပို့ပေးတဲ့စာကိုတော့ ခြင်ထောင်ကြားမှာကွယ်ဝှက်တိတ်တိတ်ကလေးဖတ်တက်ခဲ့ဖူးမယ်ထင်...။

ကျနော်ကျောင်းမှာ
အပြင်တက္ကသိုလ်အဆောင်တွေလို တော့
ဂီတာသံတွေ၊ROCK အသံတွေ ညံခွင့်မရှိပါဘူးကွယ်..........

၁၀ နာရီဆို လိုင်းဒေါင်းချ မီးအမှောင်ကျလို့ လက်အပြည့်လွဲပြီး ကင်းစောင့်ခဲ့ဖူးမယ်ထင်.....။

ကျနော်ကျောင်းမှာ
အပြင်တက္ကသိုလ်အဆောင်တွေလို နေခွင့်မရှိပါဘူးကွယ်

စောင်ခေါက်ပုံ ပုံမကျ အိပ်ယာချည်ခင်းအစထွက်တော့ OUT PASS တွေလည်းပိတ်ခဲ့ဖူးမယ်ထင်။

ကျနော်ကျောင်းမှာ
အပြင်တက္ကသိုလ်တွေလိုတော့.....
ကိုယ်ကြိုက်တာဝယ်စား အစားအသောက်လည်းရွေးချယ်ဂျီးများခွင့်မရှိပါဘူးကွယ်.....

အလှည့်ကျကျွေးတဲ့ဟင်း ဇွတ်အတင်းစားခဲ့ဖူးမယ်ထင်...........။

ကျနော်ကျောင်းမှာ
အပြင်တက္ကသိုလ်တွေလိုတော့
အနီးကပ် ကျူရှင်အပိုင်းတွေ မရှိပါဘူးကွယ်

စားမေးပွဲတွင်းဆိုဂါဒီယမ်ဝိုင်းတွေက ခေါက်ဆွဲပြုတ်တွေသယ်လာဂရုစိုက်ခဲ့ဖူးမယ်ထင်..........။

ကျနော်ကျောင်းမှာ
အပြင်တက္ကသိုလ်တွေလိုတော့
မနက်ဆိုအတန်းတက် ROLL CALL ခေါ်ပြီးတာနဲ့ကျောင်းပျက်ခွင့်မရှိပါဘူးကွယ်

အိပ်ငိုက်တာမိတဲ့ အခါ ဒိုက်ထိုး အခါ ၁၀၀ ကြုံခဲ့ဖူးမယ်ထင်...........။

ကျနော်ကျောင်းမှာ
အပြင်တက္ကသိုလ်တွေလိုတော့
မိုးရွာရင် ပုဆိုးအသာမ ထီးကလေးဟန်ပါပါပြရင်း ရှိုးလျှောက်ခွင့်မရှိပါဘူးကွယ်....

ဖယောင်းမပါတဲ့မိုးကာခြုံ မိုးရေတွေက မလုံတလုံနဲ့အပြေးတက်ခဲ့ဖူးမယ်ထင်.....။

ကျနော်ကျောင်းမှာ
သာယာနာပျော်ဖွယ်တေးသံတွေမရှိခဲ့ပါဘူးကွယ်

စစ်သီးချင်းတွေသံစုံပြိုင် အားကြိုးမာန်တက်ယှဉ်ပြိုင်ရတဲ့ပွဲတော်တွေကြုံခဲ့ဖူးမယ်ထင်...။

တကယ်တော့ ကျနော်ကျောင်းမှာ
ဘာဆိုဘာမှ မရှိခဲ့တာပါ.....
ဒါပေမဲ့
ကျောင်းကြီးမြင်တာနဲ့ အမေ လို့တော့တင်စားခေါ်ဝေါမိနေတုန်းပေါ့........

(ပုံရိပ်စစ်)
credit -ori photo

17 comments:

  1. AnonymousMay 16, 2013

    အပတ်စဉ် ၅၂ ကိုက ဓာတ်ပုံလေးတွေကြည့်ချင်ပါတယ်...

    ReplyDelete
  2. စစ်ဗိုလ်တယောက်ရဲ့မိန်းမဖြစ်ရတာ ဂုဏ်ယူပါတယ် တခါတလေလဲယောင်္ကျားကိုအရမ်းသနားတယ် ကိုယ့်ကိုကိုလဲသနားတယ် ဘာလို့လဲဆိုတော့အရပ်သားတွေလို့ကြည်၂နူး၂နဲ့မနေရတာကြာပြီ

    ReplyDelete
  3. ဗိုလ်လောင်းသူငယ်ချင်း ကြိုးစားနော်

    ReplyDelete
  4. ညီမလေးAugust 02, 2013

    ဗိုလ်ကြီးလှိုင်မျိုးကျော်အတွက်အမြဲတမ်းဂုဏ်ယူမိပါတယ်

    ReplyDelete
  5. စစ်တက္ကသိုလ်ကိုအရမ်းတက်ချင်ခဲ့ပေမယ့်ဆေးမအောင်

    လို့ အမြဲတမ်းဝမ်းနည်းနေရတယ်တိုက်ဆိုင်မှုရှိတိုင်းအမြဲ

    တမ်းမျက်ရည်ကျခဲ့ရတယ်အခုတော့အပြင်တက္ကသိုလ်

    တက်နေရလည်းမပျော်ပါဘူးIntake57ကသူငယ်ချင်း

    တွေကိုလည်းသတိရတယ်အရမ်းပဲရှုးသွပ်ခဲ့တယ်အခု

    အချိန်အခွင့်အရေးရမယ်ဆိုရင်ပြန်တက်ချင်သေးတယ်


    ReplyDelete
    Replies
    1. AnonymousMay 02, 2014

      အကိုဘာမှအားမငယ်ပါနဲ့ညီကဗိုလ်ရွေးမှာမထိုးနိုင်လို့ကျခဲ့တယ်

      Delete
  6. ကျွန်တော်တို့ စစ်တက္ကသိုလ်ကိုရောက်တဲ့အချိန်က

    ဗိုလ်မှုးချုပ်အောင်လင်းဒွေးအုပ်ချုပ်နေတဲ့အချိန်ပေါ့

    အနော်ရထာတပ်ရင်းမှာဆိုဒုဗိုလ်မှုးကြီးစိုးမင်းဦးပေါ့ 

    ReplyDelete
  7. တပ်မတော်သားတွေကိုလေးစားပါတယ်

    ReplyDelete
  8. တပ်မ တော်သားတွေကိုအမြဲလေးစားလျက်ပါ

    ReplyDelete
  9. DSA ကျောင်းကြီးကိုသတိရတယ် အရမ်းလွမ်းဆွတ်မိပါတယ် အ မေ ရုရှားရောက်နေတဲ့သူငယ်ချင်းတွေရဲ့ကုသိုလ်အတွက်လည်းအရမ်းဂုဏ်ယူပါတယ် ၅၃ ကသူငယ်ချင်းတွေကိုအရမ်းသတိရတယ် မုန့်အတူတူခိုးစားခဲ့ရတာလေးတွေကို တမ်းတလွမ်းဆွတ်မိတယ်
    တပ်မ တော်သားကိုအစဉ်လေးစားလျှက်

    ReplyDelete
    Replies
    1. အောင်ကျော်May 02, 2014

      အကိုညီကို့ကူညီပေးနိုင်မလားညီကအပတ်စဉ်၅၉ ဗိုလ်ရွေးမှာငွေမလိုက်နိုင်လို့ကျခဲ့တယ်ညီ ဒီနှစ်ပြန်ဖြေမှာပါကိုနဲ့ဗိုလ်ရွေးမှာသိတဲ့သူရှိရင် ပေါ့အကိုရင်းတယောက်လိုကူညီတောင်းပါတယ်

      Delete
    2. အောင်ကျော်May 02, 2014

      ကို ညီ့ကိုကူညီပေးပါကိုညီအပတ်စဉ်၅၉ ဖြေခဲ့တယ်ကိုဗိုလ်ရွေးမှာမလိုက်နိုင်လို့ညီကျခဲ့တယ်ကို့မှာဗိုလ်ရွေးမှာသိတဲ့သူရှိရင်ကူညီပါအကိုရင်းတယောက်လိုကူညီတောင်းပါတယ်

      Delete
    3. ၅၉ မှဗလ တစ်ယောက်ပါ။အစ်ကိုစစ်မြေပြင်မှာ အောင်ပွဲတွေဆင်နွဲနိုင်ပါစေ။
      စစ်တပ်ကို ပြည်သူတွေ ဘယိလိုမြင်မြင် တပ်မတော်သားတွေက ပြည်သူအတွက်ပါ။

      Delete
    4. အစ်ကိုတို့အောင်ပွဲဆင်နိုင်ပါစေ။

      Delete
  10. ခုထိလည်းကျွန်တော်တို့ ခိုးစားနေရတုံးပဲဗျာ စားခဲ့တဲ့နေရာဆိုအကိုတို့လဲသိမှာပေါ့ မီးပိတ်ချိန်ဆို LC တွေကရှာတယ် ဓာတ်ကျတယ်ဗျာ

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. များနေပြီနော်
    ဒီလောက်ကြိတ်နေတာတောင် အော်တာက မရှိဘူး
    နောက်တာပါ အဲ့ အသုံးအနှုံးလေးတွေကို တက်ဖူးသူတိုင်းသိမှာပါ

    ReplyDelete