December 21, 2014

စစ်တက္ကသိုလ်ထမင်းဝိုင်းမှသည်.......

ဒီပုံလေး မြင်တော့ ဗိုလ်လောင်းဘ၀ က ထမင်းဝိုင်းလေးကိုသွားသတိရတယ် ။ ထမင်းဝိုင်းမှာ နောက်ဆုံး နှစ်စီနီယာ ၂ ယောက် က စားပွဲရဲ့ထိပ်စည်းမှာ ထိုင်ပါတယ် ။ နောက်ဆုံး နှစ် တွေ ဘေး ကတော့ ဒုတိယနှစ်တွေ ပါ ။ ပြီးကျမှ ပထမ နှစ် ဂျူ နီယာ ဗိုလ်လောင်းတွေ ထိုင်ရတယ် ။ ထမင်းစားတဲ့ ပုံစံခွက် မှာ ဟင်းတွေက စားရိပ်သာ က ဝိတ်တာတွေက ခပ်ပေးထားပါတယ် ။ ဒါပေမဲ့ အလယ်မှာ ထား တဲ့ ထမင်းအုပ် ခပ်တာ ၊ သောက်ရေ ခွက်ခပ်တာကို ဂျူ နီယာ ဗိုလ်လောင်းတွေက လုပ်ပေးရတယ် ။ စာသင်ခန်း က ပြန်တာနောက်ကျလို့...

December 18, 2014

ထို့ကြောင့် ကျနော်တို့ သိပ်ချစ်ကြလေသည်

သိမ်ငယ်နေတဲ့ မျက်ဝန်းတစ်ချို့ကို ကွယ်ဝှက်ရင်း....မရှက်တမ်း လှမ်းနေတဲ့ ခြေလှမ်းတွေကို စားရိပ်သာဆီသို့....... ဦးတည်လိုက်မိတယ်.....။ အမေ့ဆေးဖိုးနဲ့ အဖေ့လစာနဲ့ မလောက်တဲ့ အချိန် တစ်လရတဲ့ ဗိုလ်လောင်းလစာ ၂ သောင်းခွဲဆိုတော့ ....တကယ်တော့ မလုံလောက်ခဲ့ဘူးလေ။ ရာသီဥတုရဲ့ ကြမ်းတမ်းမှု...တွေ့ကြုံရတဲ့ မိုးတွင်းကာလတိုင်း တလက်လက် မထနိုင်တော့တဲ့ စစ်ဖိနပ်ရှည်က တဖက်စောင်းနေပြီ..... တစ်ရံကို ၁ သောင်းကျော် ရှိတဲ့ အချိန် .....အသစ်မဝယ်နိုင်တိုင်း အဟောင်း တစ်ဖက်ကို...

August 24, 2014

*မသန်းစွမ်းရွာ*ရှိ အင်္ဂါမသန်စွမ်းသူများနှင့် ခြေထောက်ဖြတ်ထားရသော ဝန်ထမ်း ၁၀၁ ယောက်အား လှူဒါန်း

အမှတ်စဉ်(၅၃)မှအရာရှိများသည် *မသန်းစွမ်းရွာ*ရှိ အင်္ဂါမသန်စွမ်းသူများနှင့် ခြေထောက်ဖြတ်ထားရသော ဝန်ထမ်း ၁၀၁ ယောက်အတွက် T-Shirt ၉၁ ထည်၊ သစ္စာပါရမီ ပရဟိတ ညီအစ်ကိုများအဖွဲ့မှT-Shirt ၁၀ ထည်၊ပုဆိုး ၁၀ထည်၊အထွေအထွေ လိုအပ်ချက်များသုံးစွဲရန်အတွက် ၅၀၀၀၀ ငါးသောင်းကျပ် နှင့်ညီမလေး ဖန်ဆင်းသူမှ ပုဆိုး ၉၁ထည်နှင့်၅၀၀၀၀ ငါးသောင်းကျပ်၊စုစုပေါင်း အဝတ်ထည်အတွက် ၄၅၄၈၀၀ လေးသိန်းငါးသောင်းလေးထောင့်ရှစ်ရာကျပ်ငွေပဒေသာပင် အတွက် ၁၀၀၀၀၀ တစ်သိန်းကျပ် လှူဒါန်းခဲ့ပါတယ်။မသန်းစွမ်းရွာရှိ...

July 27, 2014

ကျဆုံးသွားသော စစ်သည်မာျးအား ရည်စူး၍ လှူဒါန်း

အမှတ်စဉ်( ၅၃ ) အရာရှိများမှ ( 25.2.2013 ) ရက်နေ့တွင်ဒုတိယ အကြိမ်အဖြစ် ကျဆုံးသွားသော စစ်သည်များအတွက် ရည်စူး၍ပြည် တစ်ဘက်ကမ်း ပန်းတောင်းမြို့နယ်ကျီးပင်ကန်ရွာ မူလွန်ဘက စာသင်ကျောင်းအတွက်အလှူငွေ (၄၂၀၀၀၀)လေးသိန်းနှစ်သောင်း ကျပ်ကိုလှူဒါန်းခြင်း ။ကုသိုလ်ကောင်းမှုများအား အမျှပေးဝေပါတယ် ခင်ဗျာ ...

July 11, 2014

မသန်စွမ်းရွာရှိ အင်္ဂါမသန်စွမ်းသူများအား လှူဒါန်း

အမှတ်စဉ်(၅၃)မှ အရာရှိများသည် ဇွန်လကုန်တွင်ကောတ်ခံရရှိသောအလှူ ငွေအား *မသန်းစွမ်းရွာ*ရှိ အင်္ဂါမသန်စွမ်းသူများနှင့် ခြေထောက်ဖြတ်ထားရသော ဝန်ထမ်း ၁၀၁ ယောက်အား တစ်ဦးလျှင် ၂၅၀၀ကျပ်နူန်းဖြင့် အလှူ ငွေ ၂၅၂၅၀၀(နှစ်သိန်းငါးသောင်းနှစ်ထောင့်ငါးရာကျပ်)အားလှူ ဒါန်းခဲ့ပါတယ်ခင်ဗျာ။ ဒီရွာလေးဟာ မန္တလေး- ပြင်ဦးလွင်လမ်း ကျောက်ချောရွာအနီး ၇မိုင် ချောင်းသာသွားတဲ့  လမ်းပေါ်မှာတည်ရှိပြီး အလုပ်အကိုင်အခတ်ခဲရှိပီး၊စားဝတ်နေရေး အလွန်ခတ်ခဲလှပါတယ်ခင်ဗျာ။ ကျွန်တော်တို့အနေဖြင့်...

April 27, 2014

သူငယ်ချင်းတို့ရေ.... ပဲခူးတိုင်းအတွင်းရှိ ရွားလေးတရွာမှာ သိမ်ကျောင်းဆောင်သစ် လှူဒါန်းပါ့မယ်....

ကျွန်တော်တို့ စစ်တက္ကသိုလ်အမှတ်စဉ် (၅၃)မှညီအကိုများ စုပေါင်း၍ ပဲခူးတိုင်းအတွင်း မှ ရွာလေးတစ်ရွာတွင် သိမ်ကျောင်းဆောင်သစ် တစ်ခုအားဆောက်လုပ် လှူဒါန်းသွား ရန်တိုင်ပင်ထားပါသည်။ ကျဆုံးသွားသော သူငယ်ချင်းများနှင့်စစ်သည်များအား ရည်စူး၍ ကျောင်းဆင်း (၄)နှစ်ပြည့်အမှီ ဆောက်လုပ်လှူဒါန်းနိင်ရန်အတွက် သူငယ်ချင်းတွေဒီနေ့ ဒုတိယအကြိမ်အစည်းဝေးပြုလုပ်ခဲ့ပါသည်။  ================================================== အသေးစိတ်သိရှိလိုသည်များကိုမေးမြန်းနိုင်ပါသည်။လိုအပ်သည်များကိုအကြံဉာဏ်ပေးနိုင်ပါသည်။...

February 13, 2014

ရွှေဘိုမြို့နယ်၊ ဝါးရုံကန် ကျေးရွှာ ၊ စစ်ကိုင်းတိုင်း ဒေသကြီး တွင်သာသန ဝေပုလ္လ ကျောင်းတိုက် ဆောက်လုပ်ရန် အတွက် ဒေါ်လာ(၂၀၀) လှူဒါန်း

အမှတ်စဉ် ( ၅၃) အရာရှိများမှ ( ၂၀၁၄ ) ခုနှစ် ဖေဖော်ဝါရီ လတွင်ရွှေဘိုမြို့နယ်၊ ဝါးရုံကန် ကျေးရွှာ ၊ ၊ စစ်ကိုင်းတိုင်း ဒေသကြီး တွင်သာသန ဝေပုလ္လ ကျောင်းတိုက် ဆောက်လုပ်ရန် အတွက် အလှူငွေ ဒါ်လာ ( ၂၀၀ ) လှူဒါန်းခဲ့ ပါတယ်ခင်ဗျာ...... ဘယ်နေရာကိုလှူတယ်၊ ဘာအတွက်လှူတယ်ဆိုပြီးဖော်ပြရခြင်းမှာ ကြွားဝါလိုခြင်း မဟုတ်ပါ ။ မိမိတို့ ပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှုများကိုမိတ်ဆွေ သူငယ်ချင်းများ အားလုံး မုဒိတာ ပွားခြင်းအားဖြင့် ကုသိုလ်ရရှိစေရန် ဖြစ်ပါသည် ခင်ဗျာ.. From:Ko...